Friday, August 19, 2011

အမြဲတတ်နေတဲ့ ပြဿနာ


၁။ အမေရိကန် အစိုးရက ခင်ဗျားလိပ်စာကို သိသလား။ မစ္စတာ တယောက်ကို ခင်ဗျားလိပ်စာကို ပြောပြခဲ့ရင် ကောင်းပါတယ်။ ဒါပေမဲ့ သူက ခင်ဗျားရဲ့ ဖိုင်တွဲထဲမှာ ရေးထားလိုက်ပြီ။ အဲဒါဆို နောက် မစ္စတာ တယောက်လဲ သိနိုင်တာပေါ့။

အစိုးရက ခင်ဗျား လိပ်စာသိအောင် လုပ်ဖို့ အရေးကြီးတယ်။

=

ခင်ဗျား ပြဿနာနဲ့ ပတ်သက်ပြီး ရဲ ကို အကြောင်းကြားခဲ့သလား။ မက်စီကို နိုင်ငံက မစ္စတာ ရာ ကို နိုင်ငံရေး ခိုလှုံခွင့် ငြင်းပယ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ရဲ ကို သွားမတိုင်လို့ပါပဲ။

မတူတဲ့ အခြေအနေ၂ခုမှာ စစ်သားတွေရဲ့နှိပ်စက်ခြင်းကို ခံရပြီး အဲဒီစစ်သားတွေရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ရဲမှာ သွားတိုင်ဖူးသလားဆိုတဲ့အခါ သွားတိုင်ချင်တိုင်ခဲ့မယ်။ မတိုင်ချင်မတိုင်ခဲ့ဖူးပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် အဖြေတခုကတော့ " ရဲကို သွားမတိုင်းခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်သာကုန်ပြီး ဘာမှ အကျိုးရှိမှာ မဟုတ်လို့ပါပဲ။ ရဲတွေက စစ်သားတွေကို ကြောက်ရပါတယ်။ ရဲတွေဟာ စစ်သားတွေ ကျူးလွန်တဲ့ အမှုကိုတော့ ဘယ်တော့မှာ စုံစမ်းစစ်ဆေးတာ မဟုတ်ပါဘူး။”

အီသီယိုးပီးယားက နိုင်ငံရေး လှုပ်ရှားသူ

အစိုးရ ရှေ့နေက အခုလို မေးခွန်းတွေကို မေးပါတယ်။

ဘယ်လိုမျိုး ကိုယ်ခန္ဓာမှာ နှိပ်စက်ခံရ တာလဲ။ အသေးစိတ်ပြောပြပါ။ ဖြေးဖြေးပြော။ ဘယ်တုန်းက ပထမဆုံးအကြိမ်းအဖမ်းခံရတာလဲ။ ဘယ်လောက်ကြာကြာ ဖမ်းထားတာလဲ။ လွှတ်လိုက်တဲ့နေ့က စာရွက်တရွက်မှာ လက်မှတ်ထိုးခဲ့သလား။ အဲဒီ စာရွက်ကို ပေးလိုက်သလား။ ထောင်က ထွက်လာပြီးကတော့ ဘယ်ကိုသွားလဲ။ ကားထဲဝင်။ အိမ်ပြန်ရောလား။ ဘက်စ်ကားစီးပြီး ဆေးရုံးသွားတာလား။

စက်တင်ဘာ ၂၀မှာ ခင်ဗျားတိုင်းပြည်က ထွက်လာခဲ့တာလား။ အဲဒီနေ့ မတိုင်ခင် ရက် ၉ ၀မှာ ခင်ဗျား ဘယ်တွေမှာနေထိုင်ခဲ့သလဲ။ အဲဒီ ရက်ပေါင်း ၉ ၀မှာ နေခဲ့တဲ့ လိပ်စာတွေ မှန်သမျှပြောပြ။ (I-589 လျှောက်လွှာ စာမျက်နှာ ၄မှာ ဘာတွေပြောထားတုန်း)

ခင်ဗျားတိုင်းပြည်ကထွက်လာတုန်းက ဘယ်လို ခရီးသွားလက်မှတ်နဲ့လဲ။ ဘယ်လို ရယူထားရတာလဲ။ အခု အဲဒီ ခရီးသွားလက်မှတ်က ဘယ်မယ်တုန်း။ ပွဲစားလက်ထဲမှာလား။ မွန်ဘာစာနဲ့ ကင်ညာနိုင်ငံတွေထဲ ရောက်ပြီး ဘယ်လောက်ကြာကြာနေခဲ့တာလဲ။ အမေရိကန်ကို ရောက်ဖို့ ခင်ဗျားတိုင်းပြည်ကနေ ဘယ်လောက်ကြာကြာ ခရီးထွက်လာခဲ့ရသလဲ။ အဲဒီရက် တရက်ချင်းစီမှာ ခင်ဗျား ဘယ်မှာနေခဲ့သလဲဆိုတာကို ပြောပြ။ ဘယ်လေယာဉ်နဲ့ လာတာလဲ။ အပြည်ပြည်ဆိုင်ရာ နယ်စပ်တွေ ရောက်တိုင်း ဘာတွေဖြစ်သလဲ။ အခု ခရီးစဉ်အတွက် ခင်ဗျား ပွဲစားကို ပိုက်ဆံ ဘယ်လောက်ပေးလိုက်ရသလဲ။ ကျပ်၂၀၀လား။ ဘယ်သူပေးပေးတာလဲ။ ခင်ဗျားအကိုကလား။ သူက အဲဒီ ပိုက်ဆံကို ဘယ်ကရတာလဲ။

Friday, June 24, 2011

တိုင်းပြည်ဟောင်းက နိုင်ငံရေး လှုပ်ရှားမှုများ


ခင်ဗျား နိုင်ငံရေးပါတီမှာ အဖွဲ့ဝင်ခဲ့လား။

- နိုင်ငံရေးပါတီကို ငွေကြေးလှူခဲ့သလား

- တခြားလူတွေကို အဖွဲ့ဝင်ဖို့ စည်းရုံးခဲ့သလား

- တခြားလူတွေကို ငွေလှူဖို့ တိုက်တွန်းခဲ့သလား

ခင်ဗျား အစည်းအဝေး တတ်တာတွေ ရှိသလား။
အစည်းအဝေးမှာ စကားတွေ ပြောဆိုတာ ရှိသလား။
သူများတွေကို အစည်းအဝေးတတ်ဖို့ တိုက်တွန်းခဲ့သလား။

အစည်းအဝေးတွေမှာ အစိုးရဘက်က သတင်းပေး၊ ထောက်လှမ်းရေးတို့၊ စပိုင်ရှိလား။

လမ်းလျှောက်ဆန္ဒပြပွဲတွေကိုရော ပါဝင်ခဲ့သလား။
ဆန္ဒပြပွဲတွေမှာ စကားပြောဆိုခဲ့သလား။
တခြားသူတွေကို ပါဝင်ကို ဖိတ်ခေါ်ခဲ့သလား။


လမ်းမပေါ်မှာ ချီတတ်၊ ဆိုင်းဘုတ်ကြီးကြီး ကိုင်ပြီး ကြွေးကြော်သံတွေ အော်ခဲ့သလား။
သူများတွေကို ချီတတ်ဖို့ ဆိုင်းဘုတ်ကိုင်ဖို့ ကြွေးကြော်ဖို့ တိုက်တွန်းခဲ့သလား။
သူများတွေကို ပို့စကတ်တို့၊ တီရှပ်တို့ ၀ယ်ခိုင်းပြီး ငွေကောက်ခံပေးခဲ့သလား။

နိုင်ငံရေး ဆောင်းပေါင်းတွေ ရေးဖူးသလား။
- စာစောင် ထုတ်ဝေဖူးသလား။

သတင်းစာထဲမှာ ကိုယ်ရေးတဲ့ ဆောင်းပါးတွေ ပါခဲ့ဖူးလား။ ဘလောက် ရှိလား။ ၀ဘ်ဆိုဒ် ရှလား။ သူများဆီ စားရေးပေးပို့တာတွေ ရှိသလား။
သူများတွေရေးထားတဲ့ သငတ်းစာတို့၊ လက်ကမ်းစာဆောင်တို့ကို ဖြန့်ဝေခဲ့ဖူးသလား။
ရေဒီယိုတို့ တီဗွီတို့မှာ စကားပြောဖူးသလား။

C.A.R က လှုပ်ရှားသူ (အပိုင်း၃)

နိုင်ငံရေး ခိုလှုံခွင့် အရာရှိက မေးပါတယ်။

ခင်ဗျားဟာ ထောင်ထဲမှာလို့ ပြောတယ်။ ဘယ်သူရှိသေးလဲ။ ခင်ဗျား သူငယ်ချင်း မယ်ရီ လား။ မယ်ရီက ခင်ဗျားအတွက် ထောက်ခံစာရေးပေးသလား။ သူကို စာရေးပေးဖို့ ပြောရော ပြောခဲ့ရဲ့လား။ ခင်ဗျား အမေက ခင်ဗျား ထောင်ထဲမှာဆိုတာကို ဘယ်လိုသိသလဲ။ သူက ထောင်ရဲ့ ရှေ့တံခါးအထိ ခင်ဗျားကို စကားပြောဖို့ ရောက်ခဲ့တယ်ဆိုတာကို ခင်ဗျားက ဘယ်လိုလုပ် သိသလဲ။
ခင်ဗျားတိုင်းပြည်က ထွက်မလာခင် ၂လအတွင်းမှာ နေရာပေါင်းစုံမှာ နေခဲ့တယ်ဟုတ်လား။ အဲဒါဆို ဘာကြောင့် လျှောက်လွှာရဲ့ စာမျက်နှာ ၄ မှာ ဘာကြောင့် မရေးခဲ့တာလဲ။ ခင်ဗျား လေဆိပ်က ထွက်လာတော့ ပြဿနာတတ်ခဲ့သေးသလား။ ဘာလို့ မတတ်တာလဲ။ ခင်ဗျားတိုင်းပြည်က မထွက်လာခင် ၆လအတွင်း ခင်ဗျား အလုပ်လုပ်ခဲ့သလား။ ခင်ဗျား တိုင်းပြည်ကထွက်တော့မယ်ဆိုတော့ ခင်ဗျားရဲ့အလုပ်ရှင်ကို ဘယ်လို ပြောခဲ့သလဲ။
ခင်ဗျားပြန်သွားရင် ဘာဖြစ်နိုင်မှာလဲ။ ခင်ဗျားရဲ့ အစိုးရက ခင်ဗျားကို အရေးစိုက်သေးတယ်လို့ ဘာကြောင့် ခင်ဗျားက ထင်နေရတာလဲ။ သူတို့တွေက ခင်ဗျားလောက်ကိုတော့ မေ့ရောပေါ့။ မမေ့သေးဘူးလား။ ခင်ဗျား ဘာကြောင့် အမေရိကန်မှာ ဆန္ဒပြရတာလဲ။ တယောက်ယောက်က ခင်ဗျား ဆန္ဒပြတာကို သတိထားမိသလား။ ဘာဖြစ်လို့ နိုင်ငံကူးလက်မှတ်ကို ရယူဖို့ ဆုံးဖြတ်လိုက်တာလဲ။ အမေရိကန် အစိုးရက ခင်ဗျားရဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာအပြင် တခြား ဘာတွေကို သိသေးသလဲ။ တခြား ဘာပြောစရာ ရှိသေးသလဲ။ တကယ်လား။ ဘာလဲ။ ဟုတ်ပါပြီ အခုရော ဘာပြောစရာ ရှိသေးသလဲ။

C.A.R နိုင်ငံက နိုင်ငံရေး လှုပ်ရှားသူ (အပိုင်း၂)

နိုင်ငံရေးခိုလှုံခွင့် အရာရှိက မေးခွန်းတွေ မေးခဲ့ပါတယ်။

ခင်ဗျားရဲ့ စကားပြန်က အပြာရောင် စာရွက်ကို ခင်ဗျားကို ခင်ဗျားရဲ့စကားနဲ့ ဖတ်ပြခဲ့သလား။ ခင်ဗျားရဲ့ ခိုလှုံခွင့် လျှောက်လွှာကို ခင်ဗျားဘာသာနဲ့ ဘယ်သူက ဖတ်ပြခဲ့သလဲ။ လျှောက်လွှာကို ဘယ်သူ ဖြည့်ပေးသလဲ။ ခင်ဗျားမှာ ကလေး ၂ယောက်ရှိတယ်ဟုတ်လား။ သူတို့တွေ တယောက်စီက ဘယ်မှာနေတာလဲ။ သူတို့တွေက ဘာလုပ်တာလဲ။ ခင်ဗျားအဖေအကြောင်း ပြောပါဦး။ သူက ဘာလုပ်တာလဲ။ စာမျက်နှာ ၄မှာ ဘာကြောင့် အမှားတွေရှိနေရတာလဲ။ စာမျက်နှာ ၄မှာ ခင်ဗျားက အမှားတွေလုပ်ထားတယ် ဟုတ်လား။ ဘာကြောင့်လဲ။

ဘယ်တုန်းက အတိုက်အခံ ပါတီထဲ ၀င်ခဲ့တာလဲ။ ဘာလို့ဝင်ခဲ့တာလဲ။ သူတို့ရဲ့လမ်းစဉ်ကဘာလဲ။ သူတို့ရဲ့ ပန်းတိုင်က ဘာလဲ။ သူတို့ရဲ့ အစီအစဉ်က ဘာတွေလဲ။
ခင်ဗျားရဲ့ ပါတီက အစီအစဉ် ခိုင်ခိုင်မာမာ ရှိခဲ့တာလား။ ဒါမှမဟုတ် ဟိုသွားဒီသွားနဲ့စကားတွေပဲ ပြောနေတာလား။ ခင်ဗျားရဲ့ သူငယ်ချင်းက ခင်ဗျားကို အသင်းဝင်ဖို့ ပြောခဲ့တာလား။ ခင်ဗျား အသင်းဝင်ဖို့က ဘယ်အရာက လှုံ့ဆော်ခဲ့တာလဲ။ ခင်ဗျားပါတီအကြောင့်ကို ဘယ်လိုလုပ်ကြားခဲ့တာလဲ။ ခင်ဗျားရဲ့လှုပ်ရှားမှုတွေက ဘာတုန်း။ ခင်ဗျားဟာ အစည်းအဝေးတွေ တက်ခဲ့တယ်လို့ ခင်ဗျားပြောတယ်။ ဒါဟာ ခင်ဗျားဟာ ထိုင်ခုံတခုမှာ ထိုင်တယ်၊ တိတ်တိတ်နေပြီး သူများစကားပြောတာကို နားထောင်တယ်ပြောတာလား။ ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘယ်လို လှုပ်ရှားမှုတွေ လုပ်ဖို့ စီစဉ်ခဲ့တာလဲ။ ဘယ်သူက အစည်းအဝေးတွေကို ဦးဆောင်တာလဲ။ အဲဒီလူက ခင်ဗျားကို ထောက်ခံစာရေးပေးထားသလား။ အစည်းအဝေးကို ဘယ်မှာ ကျင်းပခဲ့တာလဲ။ ဘယ်နှစ်ယောက် တက်ခဲ့တာလဲ။ ခင်ဗျားရဲ့ အစိုးရပါတီနဲ့ အတိုက်အခံပါတီကြား ဘာတွေ မတူတာလဲ။ ခင်ဗျားအဖမ်းခံရတဲ့ နေ့က ဘယ်နေ့လဲ။ ဂျွန်လဆန်းမှာ ဆန္ဒပြမယ်လို့ ဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ။ အဲဒီ ရက် မတိုင်ခင် တရက်လောက်ကလား၊ တပတ်လောက်ကလား။ အဲဒီ ဆန္ဒပြပွဲကို ခင်ဗျား ဘယ်လို သွားသလဲ။ လမ်းလျှောက်သွားတာလား။ ဘက်စ်ကား စီးသွားတာလား။ ခင်ဗျား တယောက်တည်း သွားတာလား။ တယောက်ယောက်ပါသေးလား။ ခင်ဗျားကတော့ ဆန္ဒပြတယ်လို့ ပြောတယ်။ တကယ်လို့ ဗွီဒီယို ကင်မရာ တခုက ခင်ဗျားကို ရိုက်ခဲ့မယ်ဆိုရင် ခင်ဗျား ဘာတွေ လုပ်နေခဲ့တာကို မှတ်တမ်းတင်ထားမိမှာလဲ။ လမ်းပေါ်မှာ လမ်းလျှောက်နေတာကို ကူးမိထားမှာလား။ ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်နေတာလား၊ ဒါမှမဟုတ် ဆိုင်းဘုတ်ကိုင်ထားတဲ့ လူတယောက်နားမှာ လမ်းအတူတူလျှောက်နေမှာလား။ ကြွေးကြော်ခဲ့သလား၊ သီချင်းဆိုခဲ့သလား။ ခင်ဗျား အကျယ်ကြီး အော်ခဲ့တာတွေ လုပ်သလား။ ခင်ဗျား ဘာတွေ ကြွေးကြော်ခဲ့သလဲ။ အဲဒီဆန္ဒပြပွဲက ဘယ်နှစ်နာရီ စခဲ့သလဲ။ ရဲတွေက ဘယ်အချိန်မှာ ရောက်ခဲ့တာလဲ။ ခင်ဗျားအဖမ်းခံလိုက်ရပြီဆိုတာကို ခင်ဗျားအ ဖေက ဘယ်လိုလုပ်သိသွားတာလဲ။
အစောင့် ၂ယောက်က ခင်ဗျားကို စပြီး ရိုက်တယ်ဟုတ်လား။ ဘာဖြစ်လို့လဲ။
သူတို့ကို အဲဒီနေ့မတိုင်ခင်က မြင်ဖူးသလား။ သူတို့က ဘာဝတ်ထားတာလဲ။ သူတို့က ခင်ဗျားကို ဘာပြောသလဲ။ သူတို့အချင်းချင်းရော ဘာတွေ ပြောနေသလဲ။

Thursday, May 12, 2011

Central African Republic နိုင်ငံက နိုင်ငံရေး လှုပ်ရှားသူ (အပိုင်း၁)

နိုင်ငံရေးခိုလှုံခွင့် အရာရှိက မေးခွန်းတွေ မေးပါတယ်။

ခင်ဗျား နိုင်ငံကူးလက်မှတ် စာအုပ်မှာရှိတဲ့ စာမျက်နှာတိုင်းကို ကူးထားတဲ့ မိတ္တူအပြည့်အစုံက ဘယ်မှာလဲ။ (စာမျက်နှာလွှတ်တွေက အစ) ခင်ဗျားကို တခြား နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖူးတာမျိုးရှိသလား။ အဲဒီ စာအုပ်တအုပ်ချင်းစီက ဘယ်မှာလဲ။ ဘယ်သူကိုင်ထားသလဲ။
ခင်ဗျား သွားခဲ့ဖူးတဲ့ နိုင်ငံတကာ ခရီးစဉ်အကြောင်းကို ပြောပါဦး။ ဘယ်ကိုသွားခဲ့တာလဲဆိုတာပါ ထည့်ပြောပါ။ ခင်ဗျားဘယ်လောက်ကြာနေခဲ့တာလဲ။ အဲဒီတိုင်းပြည်တွေမှာ ခင်ဗျား ဘယ်လိုနေထိုင်ခွင့်နဲ့ နေခဲ့တာလဲ။
အမေရိကန် သံရုံး တခုချင်းကို သွားခဲ့တဲ့ အကြောင်းကို ပြောပြပါ။ ခင်ဗျား ဘာကို လျှောက်ထားခဲ့တာလဲ။ ခင်ဗျား ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာ အပယ်ခံရသလား။
ကျုပ် (နိုင်ငံရေးခိုလှုံခွင့်အရာရှိ) လက်ထဲမှာ အခု ကိုင်ထားတာက ပြီးခဲ့တဲ့ ၅နှစ်လောက်က ခင်ဗျားလျှောက်ထားတဲ့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာ မိတ္တူပဲ။ ခင်ဗျား ပြည်ဝင်ခွင့် ဗီဇာ ရဖို့ ညာပြောခဲ့ရသေးသလား။ ဘာကြောင့်လဲ။
ခင်ဗျားက နိုင်ငံရေး ပါတီတခုရဲ့ အဖွဲ့ဝင်လား။ ဘယ်မှာလဲ အသင်းဝင် ကဒ်ပြားက။ ခင်ဗျားရဲ့ ကဒ်ပြားမှာ ဘာတွေ ရေးထားသလဲ။ ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။ ဘယ်တုန်းက သက်တမ်းကုန်သွားတာလဲ။ ခင်ဗျားရဲ့ အသင်းဝင်ကဒ်မှာ ဘာကြောင့် ကွက်လပ်တွေနဲ့ တချို့ မပြည့်စုံတဲ့ အချက်အလက်တွေ ရှိနေရတာလဲ၊
အဲဒီ ကဒ်ပြားမှာရှိတဲ့ ရက်စွဲတွေက တိတိကျကျရှိရဲ့လား။

ကွန်ဂိုနိုင်ငံ ကင်ချာစာ မြို့က လှုပ်ရှားသူ ကို မေးတဲ့ မေးခွန်းများ။


နိုင်ငံရေး ခိုလှုံခွင့် အရာရှိက မေးတဲ့ မေးခွန်းတွေကတော့…

ခင်ဗျားနာမယ်က ဘာလဲ။ နိုင်ငံကူးလက်မှတ်ထဲက နာမယ်က ဘာလဲ။ ပြည်ဝင်ခွင့် ဗီဇာမှာရော၊ ခင်ဗျားရဲ့ မှတ်ပုံတင်ထဲမှာက ဘာနာမယ်လဲ။ ခင်ဗျား နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာ စာမျက်နှာ ၁က အချက်အလက်တွေကို မကြည့်ဘဲနဲ့ အလွှတ်ပြန်ပြောနိုင်မလား။ အဆင်သင့်ဖြစ်တဲ့အခါ ပြောပါ။

ခင်ဗျားရဲ့ မိသားစုဝင် တဦးချင်းက အခု ဘယ်နေရာတွေမှာ နေသလဲ။ သူတို့တွေက ဘာတွေ လုပ်နေတာလဲ။ ခင်ဗျားအဖေရဲ့ အလုပ်အကိုင်က ဘာလဲ။ ခင်ဗျားတိုင်းပြည်ထဲမှာ ခင်ဗျားရဲ့ အလုပ်က ဘာလဲ။ ခင်ဗျား လျှောက်လွှာက စာမျက်နှာလေးမှာ ရေးထားတဲ့ အချက်တွေကို အလွှတ်ပြောပြနိုင်မလား။ စာမျက်နှာ ၄မှာ ခင်ဗျားရဲ့ အလုပ်အကိုင်ရာဇ၀င်ကို အကြောင်းကို မေးမထားဘူးလား။ အလွှတ်ပြောပြနိုင်မလား။

ဒီနေ့မှာ ဘာကြောင့် နိုင်ငံရေး ခိုလှုံခွင့် လာတောင်းရသလဲ။
ဘာကြောင့် ခင်ဗျားတိုင်းပြည်ကို ပြန်လို့မရတာလဲ။ ဘာကြောင့် ခင်ဗျားအစိုးရက ခင်ဗျားကို နာကျင်စေချင်ရတာလဲ။ ခင်ဗျားတိုင်းပြည်ထဲမှာ ခင်ဗျားအတွက် ပြဿနာတွေ ရှိနေခဲ့တာလား။

၂၀၀၉ခုနှစ် ဇူလိုင်လမှာတုန်းက ခင်ဗျားအိမ်မှာ ခင်ဗျားဟာ အဖမ်းခံခဲ့ရတယ်လို့ ဆိုတယ်။ အဲဒီတုန်းက စစ်သားတွေက ခင်ဗျားကို ဘာပြောခဲ့သလဲ။ သူတို့တွေက ဘာစကားနဲ့ ပြောတာလဲ။ အဲဒီအချိန်တုန်းက အိမ်ထဲမှာ ဘယ်သူတွေ ရှိနေတာလဲ။ ၂၀၀၉ ဇူလိုင်မှာ ခင်ဗျားဟာ ဘာကြောင့် အဖမ်းခံခဲ့ရတာလဲ။ အရင်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ အစိုးရက ခင်ဗျားကို စိတ်ဆိုးသွားရအောင်။

မစ္စတာ တယောက်က အစိုးရက ခင်ဗျားကို လိုက်ရှာနေတာနဲ့ ပတ်သက်လို့ ပြောခဲ့တာလား။ ပြီးခဲ့တဲ့ ၂လအတွင်း ခင်ဗျားတိုင်းပြည်ထဲမှာ ရှိနေတုန်းက ခင်ဗျား ဘယ်တွေမှာ အိပ်ခဲ့သလဲ။ ခင်ဗျားရဲ့ နိုင်ငံရေး လျှောက်လွှာ I-589 စာမျက်နှာ ၄မှာ ဘယ်လို ပြောထားသလဲ။
၂၀၁၁ ဇန်န၀ါရီလထဲမှာ အစောင့်က ဘာပြောခဲ့တာလဲ။ သူက ဘယ်စကားနဲ့ ပြောခဲ့တာလဲ။

နိုင်ငံကူး လက်မှတ်

ခင်ဗျားရဲ့ နိုင်ငံကူး လက်မှတ် အကြောင်း ပြောစို့။ ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။ ဘယ်လို ရယူခဲ့တာလဲ။ အစိုးရ ရုံးထဲကို လမ်းလျှောက်ဝင်ပြီး လူတယောက်က ခင်ဗျား လက်ထဲကို ထည့်ပေးလိုက်တာလား။ ဒါမှမဟုတ် တခြား တယောက်ယောက်က သွားပြီး ခင်ဗျားအတွက် ယူပေးခဲ့တာလား။ ဒါမှမဟုတ် အစိုးရက ခင်ဗျားစီကို စာတိုက်က ပို့ပေးလိုက်တာလား။

ခင်ဗျားတိုင်းပြည်က ထွက်လာခဲ့တုန်းက လေဆိပ်မှာ ပြဿနာ တတ်ခဲ့သေးသလား။ လေယာဉ်လက်မှတ်ဖိုး ဘယ်သူပေးခဲ့သလဲ။ ဒီနေ့ ခင်ဗျားတိုင်းပြည်ကို ပြန်သွားခဲ့ရင် ဘာတွေ ဖြစ်မှာလဲ။ ဒီနေ့ ခင်ဗျားအစိုးရက ခင်ဗျားကို ဘာကြောင့် နာကျင်စေချင်ရတာလဲ။ သူတို့ ခင်ဗျားကို မေ့သွားပါပြီ။ မဟုတ်ဘူးလား။ ခင်ဗျားမိသားစုဝင် တယောက်ယောက်နဲ့ နောက်ဆုံး ဘယ်တုန်းက စကားပြောခဲ့သလဲ။ သူက ဘာပြောသလဲ။

ဘာပြောချင်တာရှိသေးသလဲ။ ဘာလဲ။ ဟုတ်ပါပြီး။ တခြားရော ဘာပြောချင်သေးသလဲ။

ဘယ်အချက်တွေက ထွက်ဆိုချက်တွေကို စိတ်ဝင်တစားဖြစ်ပြီး ယုံကြည့်ဖို့ ဖြစ်စေသလဲ။


ပထမ သက်သေထွက်ဆိုသူ ပြောတာက " ရဲ့က ကျုပ်ကို ဖမ်းခဲ့တယ်။ ပြီးတော့ ထောင်ကို ခေါ်သွားတယ်၊ အဲဒီမှာ ကျုပ်ကို ရိုက်တယ်။"

ဒုတိယ သက်သေက "ကျုပ်က အိမ်မှာ ကျုပ်အမေနဲ့ ကလေး နဲ့ အတူရှိနေတာ။ ကား ဘရိတ်အုတ်သံ အပြင်က ကြားလိုက်တယ်။ ပြီးတော့ ခြေသံကြားလိုက်တယ်။ ပြီးတော့ ယောင်္ကျားတချို့ အိမ်ရှေ့ကို ရောက်လာတယ်။ သူတို့တွေဟာ လူဆိုးတွေလို့ ပထမထင်လိုက်တာ။ သူတို့တွေ ကျုပ်ကလေးတွေကို နာအောင် လုပ်တော့မှာပဲလို့ ထင်လိုက်တာ။ ဒါပေမဲ့ သူတို့က ရဲတွေ၊ အိမ်ထဲကို အတင်းဝင်လာပြီး၊ အော်ဟစ်တယ်။ ကျုပ်အမေတော့ နှလုံးရပ်သွားတော့မှာပဲလို့ ထင်လိုက်တယ်။ အဲဒီအချိန်မှာ သူတို့က ကျုပ်ကို ဆွဲမပြီးတော့ အပြာရောင် နံစောနေတဲ့ ကားထဲကို ထည့်ပြီး ထောင်ထဲကို ခေါ်သွားတယ်။ အစောင့်တရောက်က ဗိုက်ရွှဲတယ်။ ကျုပ် အထက်တန်းကျောင်းတုန်းက ဒုတ်ကြီးကြီး ကိုင်ကိုင်နေတဲ့ ဆရာတယောက်နဲ့ တူတယ်။ သူစီက အာပုတ်ဆော်နံတယ်။ ပြီးတော့ တခါတည်း ရိုက်တော့တာပဲ၊ ကျုပ်က သူ့ကို မကြည့်နေတဲ့ အချိန်မှာ။ ကျုပ်ရဲ့ ခေါင်း၊ လက်နဲ့ ခြေနှစ်ဖက်ကို ရိုက်တယ်။ ကျုပ်လက်မှာရော၊ အကျီ င်္မှာရော၊ ကြမ်းပြင်မှာရော သွေးတွေ တွေ့တယ်။ "
=
ဒုတိယ သက်သေထွက်ဆိုသူက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား။ သူပြောတာတွေ သူ့အသံတွေ သူ စိတ်ခံစားမှုတွေ ထင်မြင်ချက်တွေ အနံအာရုံခံစားရတာတွေ ထည့်ပြောထားတယ်။

ကင်ညာနိုင်ငံက အိမ်တွင်း အကြမ်းဖက်မှု ဒုက္ခသည်


ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ကို ပြ
အမေရိကန်မှာ ခင်ဗျား ဘယ်သူနဲ့ နေတုန်း။
ခင်ဗျားအဖေက နေထိုင်ရေးအတွက် ဘာအလုပ်အကိုင်လုပ်သတုန်း။
ခင်ဗျား အမေရိကန်ကို ဘာလာလုပ်သတုန်း။ အမေရိကန်ကို လာဖို့ ပြည်ဝင်ခွင့် ဗီဇာလျှောက်တုန်းက ခင်ဗျား ဘာတွေ ပြောခဲ့တုန်း။

ခင်ဗျား ဆင်ခြေပေးခဲ့တာ အခု ပြောတာနဲ့ တူတာလား၊ မတူဘူးလား။
နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ ဘယ်တုန်းက ဆုံး ဖြတ်လိုက်တာလဲ။
ဘာဖြစ်လို့ စိတ်ရောဂါကု ဆရာဝန်ဆီ သွားတာလဲ။
ခင်ဗျား အမျိုးသားနဲ့ ဘယ်မှာ တွေ့ခဲ့တာလဲ။
ဘာကြောင့် သူ့ကို လက်ထပ်ဖို့ ဆုံး ဖြတ်လိုက်ရတာလဲ။
ခင်ဗျားရဲ့ ကျောင်းစာရိတ်ကို ဘယ်လို ပေးခဲ့သလဲ။ ငွေတွေက ဘယ်က ရတာလဲ။ ခင်ဗျား အမျိုးသားစီကလား။
ခင်ဗျားဟာ နှိပ်စက်ခံခဲ့ရသလား။ ဘယ်သူနှိပ်စက်တာလဲ။ ဘာကြောင့်လဲ။
ခင်ဗျားကို ဘယ်သူက ရိုက်သလဲ။ ဘာလက်နက်ကို သုံးသလဲ။
သူက ရိုက်တုန်းက ခင်ဗျားကို ဘာပြောသလဲ။ ဆေးရုံးကို ခင်ဗျား ဘယ်လို သွားခဲ့သလဲ။ ဆရာဝန်က ခင်ဗျားကို ဘာဖြစ်ခဲ့တာလဲလို့ မမေးဘူးလား။ ခင်ဗျားရဲ့ ဆေးမှတ်တမ်းက သူက ဘာတွေ ရေးခဲ့သလဲ။ ဘာကြောင့် ဆေးရုံမှတ်တမ်းက မမှန်မကန်တွေ ဖြစ်နေရတာလဲ။ ဘယ်သူ အပြစ်လဲ အဲဒီ မှတ်တမ်းထဲမှာ အမှားတွေ ပါနေတာ။
ဈေးရုံထဲမှာ ခင်ဗျားကို သူက ဘယ်လို နာအောင် လုပ်တာလဲ။
သူက ဘာတွေ ပြောသလဲ။ အဲဒီတုန်းက ခင်ဗျားရဲ့ ကလေးတွေက ဘယ်မှာတုန်း။ ခင်ဗျားရဲ့ အသိုင်းအ၀ိုင်းက ပြဿာနာရှိတဲ့ လင်မယားတွေနဲ့ ပတ်သက်ပြီး ဘယ်လို ပြောဆိုကြလဲ။ ခင်ဗျားရဲ့ အမျိုးသားက အိမ်ထဲမှာ နေတုန်း ခင်ဗျားက အဲဒီ အိမ်ထဲကို လိုက်လိုက်လျောလျော ၀င်သွားရောလား။ ဘာကြောင့်လဲ။ ကွာရှင်းဖို့ ကြိုးစားခဲ့သလား။ ဘာကြောင့်လဲ။ သူက ခင်ဗျားကို ဘာကြောင့် သတ်ချင်ရတာလဲ။ သူက သူ့ရဲ့ ကလေးတွေကို ဘာကြောင့် သတ်ချင်ရတာလဲ။ ခင်ဗျား ဘာပြောချင်တာ ရှိသေးသလဲ။ ရှိသေးတယ်ဟုတ်လား။ ဘာလဲ။ ပြီးတော့ရော ဘာပြောချင်သေးသလဲ။
ခင်ဗျား ရဲစခန်းကို သွားဖူးသလား။ သူတို့က ဘာပြောသလဲ။
ခင်ဗျားတိုင်းပြည်ကို ဘယ်တော့မှ မပြန်တော့ဘူးဆိုတာကို ဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ။ ခင်ဗျားရဲ့ အမေနဲ့ နောက်ဆုံး ဘယ်တုန်းက စကားပြောခဲ့တာလဲ။ ခင်ဗျားအမျိုးသားက ခင်ဗျား အမေရိကန်ရောက်ပြီးကတည်းက ဘယ်နှစ်ကြိမ် ဖုန်းခေါ်ခဲ့သလဲ။ ဘာပြောချင်သေးသလဲ။ ဟုတ်ပါပြီး ဘာပြောချင်သေးသလဲ။

Tuesday, April 19, 2011

မြန်မာပြည်က ခရစ်ယာန် တယောက်

အစိုးရရှေ့နေက မြန်မာပြည်က ခရစ်ယာန်တယောက်ကို မေးတဲ့ မေးခွန်းတွေကတော့

-မြန်မာပြည်မှာ နေတုန်းက ခင်ဗျား ဘုရားကျောင်းသွားတာကို တားတဲ့သူ ရှိခဲ့သလား။

-၂၀၀၉ခုနှစ်တုန်းက ဘုရားကျောင်းတွေ ပိတ်ခံရတာမျိုး ရှိသလား။
-၂၀၁၀မှာရော။
-အစိုးရက ခင်ဗျားကို ဘုရားကျောင်း မဆောက်ရဘူးလို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားမှာ ဆောက်လုပ်ခွင့် ပါမစ် မရှိလို့ မဟုတ်လား။
အမေရိကန်မှာ အဆောက်အဦးဆောက်ဖို့ ပါမစ်မလိုဘူးလား။ လိုတာပေါ့။

၂၀၀၇ကနေ ၂၀၀၉ခုနှစ် မှာနေတုန်းက ဘာပြဿနာ တခုမှ မရှိခဲ့ဘူး ဟုတ်လား။ ပြဿနာ တခုတောင် မရှိဘူးလား။

ခင်ဗျား ဒီဓာတ်ပုံကို ဘယ်လိုလုပ်ရသတုန်း။ တယောက်ယောက် ခင်ဗျားကို လက်ထဲ ပေးခဲ့တာလား။ အဲဒါဆို ဘယ်မှာလဲ စာအိပ်က။
ဒီစာရဲ့ မူရင်းက ဘယ်မှာလဲ။ ခင်ဗျား ဘယ်လိုလုပ် ရသလဲ။ စာတိုက်ကနေ ပို့လာတာလား။
၂၀၀၉ခုနှစ်နှစ်တုန်းက ရွာမှာ ဖြစ်ပျက်ခဲ့တာကို ခင်ဗျားဘယ်လိုလုပ်သိခဲ့တုန်း။ ခင်ဗျားပြောတော့ တယ်လီဖုန်း ရှိတဲ့အိမ်မရှိဘူးဆို။
ခင်ဗျားပြောတော့ ခင်ဗျား သူငယ်ချင်းက ခင်ဗျားကို တီဗွီပေါ်မှာ တွေ့လိုက်တယ်ဆို။ အဲဒါဆို သူက စာတစောင်တော့ ရေးပြီး ထောက်ခံပေးနိုင်တာပေါ့။
သူ့ကို ရေးရော ရေးခိုင်းခဲ့လို့လား။
ခင်ဗျားရဲ့ နိုင်ငံရေး ခိုလှုံခွင့် ကိစ္စကို အရေးမစိုက်နိုင်ဘဲ ဘာတွေနဲ့ အလုပ်ရှုတ်နေခဲ့တာလဲ။
ဗွီအိုအေ ဘယ်တုန်းက တီဗွီ စလွှင့်ခဲ့တာလဲ။

ခင်ဗျားကို အစိုးရက ၂၀၀၉ခုနှစ်မှာ ထောင်ထဲ ၁၀ရက် ထည့်ထားခဲ့တယ်ဆို။ အဲဒီ ပြဿနာ တခုထဲ ခင်ဗျားမှာ ရှိတာလာ။း ခင်ဗျား ဆန္ဒပြထားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ထဲမှာ ထည့်ထားတာလား။ Facebook ရှိလား။ အဲဒီမှာရော တင်ထားတာလား။ ဘာဖြစ်လို့ ဘလောက်ထောင်ပြီး စာတွေ ရေးနေတာလဲ။ ဘာဖြစ်လို့ ခင်ဗျား ပုံကို Youtue မှာ ထည့်ထားတာလဲ။ အမေရိကန်ကို ရောက်တာနဲ့ ဘာလုပ်မယ်လို့ ရည်ရွယ်ခဲ့တာလဲ။ ခင်ဗျားကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ ဘယ်သူက တိုက်တွန်းခဲ့တာလဲ။
နိုင်ငံရေးခိုလှုံခွင့် အကြောင်း ဘယ်လို သိတာလဲ။ ဘယ်သူ ပြောပြတာလဲ။

ဘိုလီးဗီးယား က လှုပ်ရှားသူ

နိုင်ငံရေး ခုံလှုံခွင့် အရာရှိ မေးတဲ့ မေးခွန်းတွေကတော့
ခင်ဗျားရဲ့ လျှောက်လွှာကို ဘယ်သူ ပြင်ဆင်ပေးတာလဲ။
ခင်ဗျား ဘယ်တုန်းက နောက်ဆုံး ခင်ဗျားတိုင်းပြည်က ထွက်လာတာလဲ။
ဘယ်တော့ နိုင်ငံကူး လက်မှတ်က သက်တမ်းကုန်မှာလဲ။
အမေရိကန်နိုင်ငံမှာ ခင်ဗျားရဲ့ ဆွေမျိုးတွေ ရှိလား။
ဘာကြောင့် တနှစ်အတွင်း နိုင်ငံရေးခိုလှုံခွင့်ကို မလျှောက်တာလဲ။
ဘယ်တုန်းက လျှောက်ဖို့ ဆုံးဖြတ်လိုက်တာလဲ။ ခင်ဗျားပြောတော့ မစ္စတာ တယောက်က အကျင့်ပျက်တယ်လို့ ဆိုတယ်။ ခင်ဗျား ဘယ်လိုလုပ်သိတုန်း
ခင်ဗျား တယောက်ထဲ ခေါင်းထဲမှာ စဉ်းစားနေတာလား။
ခင်ဗျား နိုင်ငံကို ပြန်သွားရင် ဘာတွေ ဖြစ်မှာလဲ။ ဘာကြောင့် အဲဒါတွေ ဖြစ်မှာလဲ။
ဘယ်တုန်းက ခင်ဗျားတိုင်းပြည်က ထွက်လာခဲ့တာလဲ။
လူဆိုးတွေက ဘာလိုချင်တာလဲ။ သူတို့ ဘာပြောခဲ့သလဲ။
သူတို့က ခင်ဗျားကို ဘာကြောင့် တိုင်းပြည်ထဲက ထွက်သွားစေချင်တာလဲ။

တယ်လီဖုန်း စကားပြောပြီးတော့ ခင်ဗျား စိတ်ထဲ ဘာဖြစ်သွားသလဲ။
ခင်ဗျားကို ၂၀၀၈ခုနှစ် မစ္စတာ တယောက်က နစ်နာစေချင်တယ်လို့ ဆိုတယ်။ အခုရော။ အခုတော့ ၂၀၁၁ ခုနှစ်တောင် ရောက်နေပြီ၊ ၃နှစ်လောက်ကြာပြီဆိုတော့ သူက ခင်ဗျားကို မေ့လောက်ရောပေါ့။

ခင်ဗျားက ဒီမြို့မှာနေပြီး ပြဿနာ ရှိတယ်ဆိုရင် ဘာလို့ တခြားမြို့တွေမှာ သွားမနေသလဲ၊

ဘာပြောချင်သေးလဲ။ ရှိသေးတယ် ဟုတ်လား။ ဘာလဲ။ ခင်ဗျား အကြိုက်ဆုံး အထောက်အထား စာရွက်က ဘာလဲ။

ကိုယ်ပြောတာ ရှေ့နောက်ညီညွှတ်ရမှာပေါ့

လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက မစ္စတာ ရမ်းကို နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်လိုက်ပါတယ်။ အကြောင်းကတော့

- သူရေးထားတဲ့ စာထဲမှာ သူ့ရဲ့ အမျိုးသမီးဟာ တနှစ်မှာ ၂ခါ ကိုယ်ဝန် တားမြစ်းဆေး နှစ်ခါ သွင်းရတယ်လို့ ဆိုပါတယ်။ တရားရုံးပေါ်မှာတော့ သူက တနှစ်ကို ၃ခါ ပါလို့ ပါးစပ်က ထွက်ဆိုပါတယ်။
- နောက်ပြီး သူ့အမျိုးသမီး ဟာ နေရာဟာ အမျိုးသားရဲ့ အဒေါ်အိမ်မှာ ပုန်းအောင်းခဲ့တယ်လို့ စာထဲမှာ ရေးထားပါတယ်။ တရားရုံးမှာ ထွက်ဆိုတဲ့အခါမှာ သူ့အမျိုးသမီးရဲ့ အဒေါ်အိမ်မှာ ပုန်းနေခဲ့တာလို့ ဆိုပါတယ်။
- သူရေးထားတဲ့ ထွက်ဆိုချက်ထဲမှာ ၃လ ထောင်ဒဏ် ဖြစ်နိုင်တယ်လို့ ရေးထားပေမဲ့ တရားရုံးမှာ နှုတ်နဲ့ ထွက်ဆိုတော့ ၃လထပ်ပို ထောင်ဒဏ်ချနိုင်ပါတယ်လို့ ပြောပြန်ပါတယ်။
- ရေးထားတဲ့ စာထဲမှာ ၂၀၀၄ခုနှစ် နိုဝင်ဘာမှာ တရုတ်ပြည်က ထွက်လာတယ်လို့ ဆိုပါတယ်။ တကယ်တမ်း တရားရုံးပေါ်မှာတော့ နိုဝင်ဘာ ၂၀၀၅ခုနှစ်လို့ နှုတ်နဲ့ ထွက်ဆိုခဲ့ပါတယ်။

Sunday, January 23, 2011

ခင်ဗျားရဲ့ အမေရိကန်က လူဝင်မှုကြီးကြပ်ရေး ရာဇ၀င်က ဘာလဲ။

တိုဂိုနိုင်ငံက မစ္စတာ တီဟာ သူ့တိုင်းပြည်မှာ ခန္ဒာကိုယ် ငြင်းပန်း နှိပ်စက်မှုဒဏ် တကယ်ခံခဲ့ရတဲ့သူပါ။ ထောင်ချခံရတယ်။ အရိုက်ခံရတယ်။ သေလောက်အောင်လည်း ချိန်းခြောက်ခံရတယ်။ အလုပ်ကလည်း အထုတ်ခံရတယ်။ ဒါပေမဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးတရားရုံးက အစိုးရရှေ့နေက မေးတဲ့မေးခွန်းတွေကတော့

အမေရိကန်ကို အရင်က ဘယ်နှစ်ကြိမ်ရောက်ဖူးလဲ။

ခင်ဗျားက ဘယ်လို ပုံနဲ့ဝင်လာတာလဲ။ ဗီဇာက ဘာဗီဇာလဲ။ အလည်ဗီဇာလား။ ခင်ဗျားရဲ့ လျှောက်လွှာမှာက ခင်ဗျားဟာ F-1 ကျောင်းဗီဇာနဲ့ လာတာဆို။ မဟုတ်ဘူးလား။ မဟုတ်ဘူးလို့ ပြောနေတာလား။

ကျုပ်လက်ထဲမှာ ခင်ဗျားရဲ့ လျှောက်လွှာရှိတယ်။

ခင်ဗျားရဲ့လျှောက်လွှာအကြောင်းကို ကျုပ်က ခင်ဗျားထက် ပိုသိနေတာလား။

ခင်ဗျား အမျိုးသားရဲ့အလုပ်အကိုင်က ဘာလဲ။ သူက ဒီပလိုမတ်လား။

ခင်ဗျားရဲ့လျှော်လွှာအရဆိုရင် ခင်ဗျားအမျိုးသားရဲ့ အလုပ်က ဘာလဲ။ ကျောင်းဆရာ ဆိုပါလား။

ခင်ဗျားရဲ့ခရီးသွားလက်မှတ်မှာက ခင်ဗျား အမျိုးသားက ဘာလဲ။

အခုအတိုင်းဆိုရင် ခင်ဗျားရဲ့ I-589 နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာထဲက အချက်တွေကို ခင်ဗျား ပြန်မပြောပြနိုင်ဘူးဆိုတဲ့သဘောလား။

ခင်ဗျားရဲ့ ခရီးသွားလက်မှတ်ထဲက အချက်အလက်တွေကိုလည်း ခင်ဗျားက ပြန်မပြောနိုင်ဘူး။

ခင်ဗျားက ဒါဟာတော့ဖြင့် မှန်ပါတယ်လို့ စကားနဲ့ ဆိုပေမဲ့၊ ဒါတွေ မဟုတ်တဲ့အကြောင်း ပြောထားတဲ့ စာရွက်စာတမ်းတွေကို တင်ပြထားတယ်။ တရားရုံးကို မလာခင်မှာ ခင်ဗျားရဲ့လျှောက်လွှာကို ဖတ်မလာခဲ့ဘူးလား။ တရားရုံး မလာခင်မှာ ခင်ဗျားရဲ့ ခရီးသွားလက်မှတ်ကို သေချာ ဖတ်မလာခဲ့ဘူးလား။

ခင်ဗျားနဲ့ ခင်ဗျား အမျိုးသမီးရဲ့ နိုင်ငံရေးအယူအဆက အတူတူလား မတူဘူးလား

အီရက်နိုင်ငံက မစ္စတာ တယောက်ရဲ့ ကိုယ်ပိုင် နိုင်ငံရေး အယူအဆကို မေးတဲ့ အခါ။ အဲဒါဘာလဲ။ ခင်ဗျား ဘယ်လိုနည်းနဲ့ ထုတ်ပြောသလဲ။ တယောက်တယောက်က သတိထားမိတာ ရှိသလား။

ခင်ဗျား အမျိုးသမီးမှာရော နိုင်ငံရေး အယူအဆရှိတာလား။ သူကရော ဘယ်လို ထုတ်ပြသလဲ။ ဘယ်မှာလဲ။ ဘယ်တုန်းကလဲ။ သူများတွေသတိထားမိရဲ့လား။

ခင်ဗျား အမျိုးသမီးကို ဒီနေ့ တရားခွင်မှာ သက်သေ ထွက်ပေးဖို့ ခွင့်ရော တောင်းဖူးရဲ့လား။ သူက ဒီနေရာနဲ့ တနာရီပဲ ဝေးတဲ့နေရာမှာ နေတာပဲ။ ဘာလို့ သူက ဒီမှာ ရှိမနေတာလဲ။ ဘယ်သူ့အပြစ်လဲ။ ခင်ဗျား ရဲ့ အပြစ်လား သူ့အပြစ်လား။

ပြီးခဲ့တဲ့ ၆လအတွင်း ခင်ဗျားဟာ အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှု (oppostional political activities OPA) တွေ လုပ်ထားတာ ရှိသလား။ ဘာကြောင့် မရှိရတာလဲ။

ခင်ဗျားပြောတော့ ခင်ဗျားက Juno အဖွဲ့ ၀င်ဆို။ ခင်ဗျားရဲ့ အစိုးရက ခင်ဗျားဟာ အဖွဲ့ဝင် တယောက်ဖြစ်တယ်ဆိုတာ သိလို့ လား။ သူတို့ဘယ်လိုလုပ်သိတုန်း။

ခင်ဗျားအစိုးရမှာ သတင်းပေးသူတွေ၊ ထောက်လှန်းရေးတွေ၊ စပိုင်တွေ ရှိတယ်လို့ ခင်ဗျားက ပြောချင်တာလား။ ခင်ဗျား ဘယ်လိုလုပ်သိတုန်း။