Friday, November 6, 2009

ကန်မရွန်းနိုင်ငံမှ ဆန္ဒပြသမား

နိုင်ငံရေး ခိုလှုံခွင့်အရာရှိက ကန်မရွန်းနိုင်ငံက ဘာမှ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာ မရထားခဲ့တဲ့ ဆန္ဒပြသမားကို မေးခွန်းတွေ မေးပါတယ်။
၁။ ခင်ဗျားရဲ့ ဒွာလာမြို့က လိပ်စာက ဘာလဲ။ လမ်းနာမည်၊ အိမ်နံပါတ် မရှိဘဲနဲ့ ရဲက ခင်ဗျားကို ဘယ်လိုလုပ် လိုက်ရှာတုန်း။ ရက်ကွက်ထဲက လူတွေကို ခင်ဗျားဘယ်မှာနေတာလဲလို့ လိုက်မေးတာလား။
၂။ ခင်ဗျားမှာ နိုင်ငံရေး အယူဝါဒ ရှိတာလား။ ဘာတုန်း။
၃။ ခင်ဗျားပြောတော့ ခင်ဗျားဟာ SDF ကို ထောက်ခံတယ်လို့ ဆိုတယ်။ ထောက်ခံသူနဲ့ အသင်းဝင်ဆိုတာ ဘာကွဲတာလား။
၎။ ခင်ဗျားက ဘာဖြစ်လို့ အသင်းဝင် မဟုတ်တာလဲ။
၅။ အစိုးရနဲ့ ခင်ဗျားကြား ဘာအခက်အခဲတွေ ရှိခဲ့တာလဲ။
၆။ ဘယ်လို ဆန္ဒပြတာလဲ။ ဘာလုပ်ခဲ့တာလဲ ထူးထူးခြားခြား။ ခင်ဗျား လမ်းမှာ ခင်ဗျားရဲ့ ထရပ်ကားကို ရပ်လိုက်မယ်။ ပြီးတော့ ရပ်ပြီး ကြွေးကြော်သံတွေ ဆိုမယ် အဲဒါလား။
၇။ တခြား ဆန္ဒပြသမားတွေက ဘာလုပ်သလဲ။
၈။ သူတို့တွေရဲ့ နာမည်တွေကို သိတာလား။
၉။ အဲဒီထဲက တယောက်က ခင်ဗျားကို ထောက်ခံစာရေးပေးသလား။ ဘယ်သူမှ မရေးပေးဘူးလား။ ဘာဖြစ်လို့လဲ။ ခင်ဗျားကို ရေးပေးဖို့ရော မေးဖူးရဲ့လား။
၁၀။ ၂၀၀၉ မတ်လမှာ ခင်ဗျားရဲ့ မိန်းမ က ဘာပြောတာလဲ။ သူပြောပြနေတုန်းက ခင်ဗျားရဲ့ စိတ်ထဲ ဘာတွေ ဖြစ်သွားသလဲ။
၁၁။ အစိုးရက ခင်ဗျားကို ဘာဖြစ်လို့ လိုက်ရှာနေတာလဲ။ အရေးကြီးလို့လား။
၁၂။ အစိုးရက အခုချိန်ထိ ခင်ဗျားကို စိတ်ဝင်စားနေတုန်းလား။ ၂နှစ်တောင်ကြာတဲ့အထိတောင် စိတ်ဝင်စားနေတုန်းလား။

ခင်ဗျားရဲ့ ပြည်ဝင်ခွင့် ဗီဇာ

ခင်ဗျား ခရီးသွားဗီဇာကို ဘယ်လို ရအောင် ယူခဲ့သလဲ။ ခင်ဗျား ၂မျက်နှာရှိတဲ့ လျှောက်လွှာကို ဖြည့်ခဲ့သလား။ အဲဒီလျှောက်လွှာနံပါတ်က DS 156 လား။
- အဖြေတွေကို ရေးဖြည့်ခဲ့တယ် မဟုတ်လား။ ဒီလျှောက်လွှာက ခင်ဗျား ၂နှစ်လောက်က ဖြည့်ခဲ့တဲ့ လျှောက်လွှာမဟုတ်လား။

-[နိုင်ငံရေး ခိုလှုံခွင့် အရာရှိက အဲဒီလူ ဖြည့်ခဲ့တဲ့ ၂မျက်နှာရှိတဲ့ လျှောက်လွှာကို ဘယ်လို ရပါသလဲ။ ]
အမေရိကန် သံရုံးကို ကိုယ်တိုင်သွားခဲ့တာလား။ ဘယ်နှစ်ကြိမ် သွားခဲ့တာလဲ။ ဘာတွေ ပြောခဲ့သလဲ။ သံရုံးက လူက ဘာမေးသလဲ။ ခင်ဗျားက ဘာတွေ ဖြေခဲ့သလဲ။ ခင်ဗျား ညာပြောခဲ့သလား။

ခင်ဗျား မနက်ဖြန်ပဲ ပြန်ရင် ဘာဖြစ်မလဲ။ ခင်ဗျားကို သူတို့က ဖမ်းမယ်လို့ ဘာလို့ ထင်ရတာလဲ။
ခင်ဗျား တိုင်းပြည်က ထွက်လာပြီးနောက်ပိုင်း ခင်ဗျားရဲ့ အမျိုးသမီးက ဘာတွေ ခံစားရသလဲ။ ဘာဖြစ်လို့လဲ။
ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်ကို အသေးစိတ်ကြည့်စို့။ ဒီမှာ ရှိတဲ့ နေ့စွဲ တခုချင်းက ဘာကို ဆိုလိုတာလဲ။ အကြိမ်တိုင်းမှာ ခင်ဗျားက ဘယ်မြို့မှာ ရှိနေတာလဲ။
ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်က ခင်ဗျားအကြောင်းကို ပိုသိတာလား။ ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်က ခင်ဗျားထက် ပိုသိနေတာလား။ ဘာပြောစရာ ရှိသေးလဲ။

ဟုတ်ပါပြီး၊ ဘာတွေ ပြောစရာ ရှိသေးသလဲ။

အီရက်မှ အနောက်တိုင်း အားပေးသူ

နိုင်ငံရေး ခိုလှုံခွင့် အရာရှိက အီရက် နိုင်ငံက ရှီအာ ဘာသာဝင် အမေရိကန် အစိုးရနဲ့ အနောက်တိုင်း အယူ ထောက်ခံသူ မစ္စတာ အေကို မေးခွန်းတွေ မေးပါတယ်။

- အမေရိကန်ကို ဘယ်တုန်းက ရောက်သလဲ။ ခင်ဗျားတိုင်းပြည်မှာ နောက်ဆုံးနေခဲ့တဲ့ လိပ်စာက ဘာလဲ။ နောက်ဆုံး နေခဲ့တဲ့ ခင်ဗျားတိုင်းပြည်က လိပ်စာ လေးခု ကိုပြောပြပါ။
-ဘာဖြစ်လို့ ဒီနေ့ နိုင်ငံရေး ခိုလှုံခွင့်လာတောင်းတာလဲ။
-ဘယ်တုန်းက ပထမဆုံးအကြိမ် နိုင်ငံကူး လက်မှတ်ကို ရထားတာလဲ။ ဘယ်လို ရအောင်လုပ်သလဲ။ ဒုတိယ နိုင်ငံကူးလက်မှတ်ကို ဘယ်တုန်းကရတာလဲ။ အခု ဘယ်မှာလဲ။ အထဲမှာ ရှိတဲ့ တံဆိပ်တုန်းတွေက ခင်ဗျား ပြောနိုင်တာထက် ပိုပြောနိုင်တာလား၊

- ခင်ဗျားရဲ့ မိသားစုက “Green Zone”ဆိုတဲ့ နေရာမှာ နေခဲ့တာလား။ ဘာဖြစ်လို့ မနေခဲ့တာလဲ။ နေရာမရှိတာလား၊ ရှိတာလား။
-၂၀၀၆ ဇွန် ဘယ်နေ့မှာ ခင်ဗျားက ပြန်ပေးဆွဲခံရတာလဲ။ ခင်ဗျားကို ဘယ်လောက်ကြာအောင် ချုပ်ထားတာလဲ။ ဘယ်နှစ်နာရီကြာခဲ့တာလဲ။
-ခင်ဗျားကို ဘယ်တော့မှ လွှတ်လိုက်တာလဲ။ ဘာဖြစ်လို့ လဲ။ ဘာဖြစ်လို့ ခင်ဗျားကို မသတ်လိုက်တာလဲ။
- အငှားယာဉ် မောင်းတဲ့သူက ခင်ဗျားကို လူဆိုးတွေဆီ ပို့လိုက်တယ်လို့ ခင်ဗျားက ပြောတယ်။ သူတို့က ခင်ဗျားဟာ ရှီအာဆိုတာ သိလို့လား။

-သူတို့က ခင်ဗျား ရှီအာဆိုတာ ဘယ်လိုလုပ်သိတာတုန်း။
-ခင်ဗျားကို ဂိတ်တွေကို မောင်းပို့တယ် ဟုတ်လား။ ဂိတ်ဆိုတာ ဘာလဲ။ ခင်ဗျားက အဲဒီမှာ ရပ်ရတာလား။ မရပ်ရတာလား။
-ရှီအာရဲ့ စကားပြောသံက စွန်နီတွေရဲ့ စကားပြောသံနဲ့ တူတာလား။ မတူတာလား။ ဟုတ်တာလား၊ မဟုတ်တာလား။ ဘာမတူတာလဲ။
-ခင်ဗျားကို လူဆိုးတွေက ဘာဖြစ်လို့ လွှတ်ပေးလိုက်တာလဲ။ ဘာဖြစ်လို့ ခင်ဗျားကို မသတ်လိုက်တာလဲ။ တချို့သူတွေမှာ တောင်ပိုင်းလေသံ ရှိတာလား။ တချို့မှာတော့ ဘက်ကဒက်မြို့သား လေသံရှိတာလား။

ရှီအာတွေရော၊ စွန်နီတွေရော ဘက်ကဒက်မှာ နေတာမဟုတ်လား။ သူတို့တွေရဲ့ လေသံတွေက တူတာလား၊ မတူတာလား။
- ခင်ဗျားရဲ့ နောက်ဆုံး နာမည်က ရှီအာလား။ လူတယောက်က ခင်ဗျားရဲ့ မှတ်ပုံတင်ကို ကြည့်မယ်၊ သူက ခင်ဗျားရဲ့ နောက်ဆုံးနာမယ်ကို တွေ့မယ်၊ အဲဒီအခါမှာ သူက ခင်ဗျားဟာ ရှီအာမှန်း သိနိုင်တာလား။ အငှားယာဉ်မောင်းသူက ခင်ဗျားရဲ့ မှတ်ပုံတင်ကဒ်ပြားကို ကြည့်လိုက်လို့လား၊ အဲဒါဆိုရင် သူက ခင်ဗျားရဲ့ နောက်ဆုံးနာမည်ကို ဘယ်သိမှာလဲ။ မသိဘူးမဟုတ်လား။
-အမေရိကန်မှာ စကားပြောတဲ့ လေသံက ဘယ်ဘာသာ ကိုးကွယ်သလဲဆိုတာကို မသိစေနိုင်ဘူး။
တကယ်လို့ လူတယောက်မှာ နယူးယောက်လေသံ ရှိတယ်ဆိုပါဆို့။ သူ့ဟာ ဘာ ဘာသာဝင်လဲဆိုတာ ခင်ဗျားသိနိုင်သလား။
-ရှီအာတွေက စွန်နီတွေ မပြောတဲ့ စကားလုံးတွေ သုံးတယ်ဟုတ်လား။ ဥပမာ ဘာလိုမျိုးစကားလုံးတွေလဲ။
=
ခင်ဗျားကို လွှတ်လိုက်တုန်းက ခင်ဗျားရဲ့ ဒဏ်ရာတွေက ဘာတွေတုန်း။ ချုပ်ရာနဲ့ ကွဲပြဲနေတဲ့ အနာကြီးတွေလား။ ဒါပေမဲ့ ဆရာဝန်ကတော့ ချုပ်ရာနဲ့ အနာတွေအကြောင်း မပြောပါလား။
- ခင်ဗျားပေးထားတဲ့ ဆရာဝန်ဆေးစာကို ခင်ဗျား တကယ်တမ်း မဖတ်သေးရဘူးလား။ ကျုပ်က ခင်ဗျားရဲ့ စာတွေကို ခင်ဗျားထက် ပိုဖတ်ရတယ်ဆိုတဲ့ သဘောလား။ ကျူပ်ကတော့ ဖတ်ပြီးတော့ ခင်ဗျားက မဖတ်ရသေးဘူးလား။
ခင်ဗျား ကျောင်းပြန်တက်တာလား။ ဒါမှမဟုတ် ခင်ဗျား အရမ်းကို ကြောက်သွားတာလား။ ခင်ဗျားရဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာ စာမျက်နှာ ၄က ဘာတွေ ပြောထားသလဲ။ ခင်ဗျားပြောတာနဲ့ မတူတာတွေ ပြောထားပါလား။ ခင်ဗျားရဲ့ လျှောက်လွှာအကြောင်းကို ခင်ဗျားထက် ကျူပ်က သိနေတာလား။
-ခင်ဗျား ဦးလေးရဲ့ စာထဲမှာ ခင်ဗျားက ကျောင်းပြန်တက်ခဲ့တယ်ဆိုတယ်။ ဟုတ်တာလား၊ မဟုတ်တာလား။ ခင်ဗျားမသိဘူးလား၊ ခင်ဗျားကပဲ သူ့ရဲ့စာကို ကျူပ်ကို ပေးထားတာမဟုတ်လား။ ခင်ဗျား မဖတ်ရသေးဘူးလား။
-ခင်ဗျားက ခင်ဗျားဟာ ပြန်ပေးဆွဲခံရတယ်လို့ ဆိုတယ်။ တခြားသူတွေကို ခင်ဗျားပြန်ပေးဆွဲခံရတဲ့ အကြောင်း ပြောပြသလား။ ပြန်ပေးဆွဲခံရပြီး ချက်ချင်းပြောပြတာလား၊ ဒါမှမဟုတ် အကြာကြီး စောင့်ပြီးမှ ပြောတာလား။
- ခင်ဗျားအိမ်ရဲ့ နံရံမှာ လူတယောက်က ဘယ်တုန်းက လာပြီး ဆေးသုတ်သွားတာလဲ။ ဘယ်နှစ်မှာ ဖြစ်တာလဲ။ လိပ်စာက ဘာလဲ။
-ခင်ဗျားတိုင်းပြည်ကို ပြန်ရင် ဘာဖြစ်မှာလဲ။
-ခင်ဗျား အမေရိကားကို ရောက်တာ ၂၀၀၈ အစောပိုငးတုန်းက ရောက်တယ်။ ဒါပေမဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို ၂၀၀၉ နှစ်လည်မှာ လာလျှောက်တယ်။ ဘာကို စောင့်နေတာလဲ။ နိုင်ငံရေး ခိုလှုံခွင့် ကိစ္စတွေကို သိဖို့အခက်အခဲ ဖြစ်ခဲ့တာလား။ ဒါမှမဟုတ် ရှေ့နေရှာဖို့ ခက်ခဲတာလား။
-အမေရိကန်မှာ ခင်ဗျားရဲတွေနဲ့ အဆက်အဆံရှိသလား။
-ခင်ဗျား လက်နက် သင်တန်း တက်ဖူးသလား။ ခင်ဗျား သေနတ်ကိုင်ဖူးသလား။ သေနတ်ပစ်ဖူးသလား။
တခြား ဘာပြောစရာ ရှိသေးသလား။ ရှိတယ်လား။ ဘာလဲ။
ဟုတ်ပြီး တခြား ဘာပြောစရာ ရှိသေးတာလဲ။

Tuesday, October 27, 2009

ညာနေတယ်ဆိုတာကို တရားသူကြီး ဘယ်လိုသိသလဲ။

Mitondo v. Mukasey ရဲ့ တရားရုံးအမှုမှာတော့ လူလိမ်တယောက်ဟာ အသေးစိတ်အချက်တွေ အများကြီးကို မပြောဖို့ အလားအလာ ရှိပါတယ်တဲ့။ အချက်အလက်အပိုတွေ အများကြီး ပေးလေလေ နောက်ပိုင်းမှာ အဲဒီအချက်အလက်တွေ တချို့ဟာ မဟုတ်ဘူးဆိုတာကို ဖြစ်စေဖို့ အခွင့်အလမ်းများပါတယ်။ အဲဒါကြောင့် လူလိမ်ဟာ နည်းနည်းပဲ ပြောမယ်၊ အသေးစိတ်အချက်အလက်ကို နည်းနည်းပဲ ပြောမယ်။

လူလိမ်တွေဟာ သူတို့ လိမ်ထားတာတွေနဲ့ တက်နိုင်သမျှ စိတ်ထဲမှာ ခွဲခြားထားလေ့ရှိပါတယ်။ အဲဒါကြောင့် သူတို့အကြောင်းတွေရယ်၊ သူတို့ ခံစားချက်တွေကို အဲဒီ လိမ်ညာထားတာတွေထဲမှာ ထည့်ပြောလေ့ မရှိပါဘူး။

လူလိမ်တယောက်က “ရဲက ငါ့ကို ရိုက်နှက်တယ်”လို့ ပြောမယ်။ အမှန်တကယ် လူဆိုရင်တော့ “ဒီရဲက ငါ့ အထက်တန်းကြောင်းက သင်္ချာဆရာနဲ့တူတယ်။ သူ့ရဲ့ နပတ်ဒုတ်ကို ဆွဲထုတ်လိုက်တော့ ငါ့ကိုတော့ ရိုက်ပြီဆိုတာကို သိလိုက်တယ်။ ဒါဆိုရင် င့ါမျက်မှန်တော့ ကွဲပြီ။ သူရိုက်လိုက်တော့ ငါ့လည်ပင်းတွေမှာ သွေးတွေစီးလာတာကို ခံစားရတယ်။ ခေါင်းတွေ မူးလာတယ်။ ငါ့မျက်စိကို မရိုက်မိပါစေနဲ့လို့ပဲ ဆုတောင်းမိတယ်။”

ခင်များစိတ်ထဲမှာ ဘာတွေ ဖြစ်သွားသလဲ (ရဲက ခင်ဗျားအခန်းထဲကို ၀င်လာတော့) ဆိုတဲ့မေးခွန်းဟာ အမှန်တကယ်ဖြစ်ခဲ့သူတွေအတွက် ဖြေဖို့ရာ လွယ်ကူပါတယ်။

အမှန်တကယ်ပြောသူတွေမှာလည်း မမှတ်မိတတ်တာတွေ ရှိပါတယ်။ သူတို့လည်း တချို့ အသေးစိတ်အချို့တွေကို မေ့တာ ရှိပါတယ်။ မေ့သွားတယ်ဆိုတာကိုလည်း ၀န်ခံဖို့ ၀န်မလေးပါဘူး။ လူလိမ်တွေကတော့ သူတို့ရဲ့ မဟာ မှတ်ဥာဏ်ကို အစွမ်းပြပါတယ်။ သူတို့ အသေးဆုံး အချက်အလက်တွေကိုလည်း မှတ်မိတယ်လို့ ဆိုပါတယ်။

Friday, July 10, 2009

ကန်မရွန်း နိုင်ငံက SCNC အဖွဲ့ဝင် နိုင်ငံရေး လှုပ်ရှားသူ တဦး

နိုင်ငံရေး ခိုလှုံခွင့်အရာရှိက မေးတဲ့ မေးခွန်းတွေကတော့
ခင်ဗျား တိုင်းပြည်က ဘယ်လို စီစဉ်ပြီး ထွက်လာခဲ့တာလဲ။ ခရီးသွားလက်မှတ်၊ ဗီဇာ၊ နဲ့ လေယာဉ်လက်မှတ်တွေ လိုတယ်။ အဲဒါတွေ တခုချင်းစီကို ဘယ်လိုလုပ် ရအောင် ယူခဲ့သလဲ။ ကိုယ်တိုင် ရအောင် လုပ်ထားတာလား၊ တယောက်ယောက်က လုပ်ပေးတာလား။
ရဦးဒေးမြို့က အမေရိကန် သံရုံးမှာ အင်တာဗျူးရအောင် ဘယ်သူလုပ်သလဲ။
ဘယ်သူက မေးခွန်းတွေကို ဖြေသလဲ။
ခင်ဗျား ခရီးသွားလက်မှတ်ကို ဘယ်သူထုတ်ပေးခဲ့တာလဲ။ ဘယ်တုန်းကလဲ။ ဘယ်လိုထုတ်ခဲ့တာလဲ။

အမေရိကားက လှုပ်ရှားမှုများ
ခင်ဗျားမှာ နိုင်ငံရေး ခံယူချက် ပြင်းပြင်းထန်ထန် ရှိတာလား။ အရမ်း ပြင်းထန်လွန်းလို့ ခင်ဗျား အစိုးရက ခင်ဗျားကို မုန်းတဲ့အထိပဲလား။ အဲဒါဆို အမေရိကန် ရောက်တော့ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်တာလား။ ဘာဖြစ်လို့ မလုပ်တာလဲ။ ခင်ဗျား ရဲ့ အမေရိကန်မှာ လှုပ်ရှားမှုတွေ အားလုံးကို ခင်ဗျားအစိုးရက သိနေတာလား။ သူတို့ သိတယ်ဆိုတာကို ခင်ဗျား ဘယ်လိုလုပ် သိတုန်း။ ခင်ဗျား အမေရိကန်မှာ လှုပ်ရှားနေတယ်ဆိုတာကို ခင်ဗျားအစိုးရက အရေးစိုက်လို့လား။ ဘယ်လိုလုပ်သိတုန်း။ ခင်ဗျား ပြန်ဖို့ လန့်နေတာလား။ ဘာဖြစ်လို့လဲ။ ခင်ဗျား အမေရိကန် ရောက်ကတည်းက ခင်ဗျား မိသားစုကို ခင်ဗျားအစိုးရ က အဆက်အသွယ် လုပ်သလား။ ခင်ဗျား ပြောချင်တာ ရှိသေးလား။ အို … ခင်ဗျား အဖေဆီက စာတစောင် ရောက်လာတာလား။ ဘယ်မှာတုန်း ဒီစာနဲ့ အတူပါလာတဲ့ စာအိတ်က။ ဘာတွေ ရှိသေးသလဲ။ ခင်ဗျားရဲ့ အကျဉ်းစခန်းပုံကို ဘာဖြစ်လို့ ပုံဆွဲထားတာလဲ။

နိုင်ငံရေး ခိုလှုံခွင့် အရာရှိက မမောနိုင်အောင် မေးခွန်းတွေ မေးပါတယ်။

ခင်ဗျား ၂၀၀၀၈ မေမှာ ဆန္ဒပြခဲ့တယ်ဆို။ လူတွေ ရပ်နေတာလား၊ ထိုင်နေတာလား။ စကားပြောနေကြတာလား။ လမ်းလျှောက်နေကြတာလား။ခင်ဗျားဘာတွေ တွေ့သလဲ။ ဘာတွေကြားသလဲ။ ခင်ဗျားကို လာဖမ်းတဲ့အချိန်မှာ ခင်ဗျားက ဘယ်မှာလဲ။ အိမ်အောက်ခန်းက ထိုင်ခုံမှာ ထိုင်နေတလား။ အခန်းထဲက ကုတင်ပေါ်မှာ လှဲနေတာလား။ လမ်းမတခုပေါ်မှာ လမ်းလျှောက်နေတာလား။ ခင်ဗျားကို အရာရှိက ထိလိုက်တဲ့အခါမှာ သူက ဘာပြောသလဲ။ ဘာစကားနဲ့ ပြောတာလဲ။ သူမှာ လက်နက်တခုခု ရှိသလား။ ဘာလက်နက်ကို ခင်ဗျားမြင်လိုက်တာလဲ။ သူက ခင်ဗျားကို ဘာလက်နက်နဲ့ အသုံးပြုခဲ့တာလဲ။ ခင်ဗျားကို ဘာကြောင့် ဖမ်းခဲ့တာလဲ။ သူက ဘာဖြစ်လို့ ရိုက်တာလဲ။ ထောင်ထဲမှာ ခင်ဗျားကို ဘယ်လို ဆက်ဆံကြသလဲ။ အသက်ကြီးတဲ့ အစောင့်တွေက ခပ်ငယ်ငယ် အစောင့်တွေလောက် ခင်ဗျားကို မရိုက်နိုင်ဘူး ဟုတ်လား။ ခင်ဗျား စိတ်ပိုင်းဆိုင်ရာရော နာကျင်ခဲ့ရသလား၊ ထောင်အစောင့်က ခင်ဗျားရဲ့ ထောင် အခန်းထဲကို နပတ်ဒုတ်ကိုင်ပြီး ၀င်လာတော့ ခင်ဗျား စိတ်ထဲမှာ ဘာတွေ ဖြစ်သွားသလဲ။ ခင်ဗျား ဘယ်လို လွတ်လာတာလဲ။ ခင်ဗျားထောင်က ထွက်လာတော့ ဘယ်စကားတွေ ပြောခဲ့ရသလဲ။ ခင်ဗျား လွတ်လာပြီး ဘယ်ကို သွားသလဲ။ ဘာနဲ့ သွားတာလဲ။ ဘက်စကားနဲ့လား၊ လမ်းလျှောက်လား။ခင်ဗျားပြောတော့ ထောင်ထဲမှာ ရက်ရက်စက်စက် ရိုက်ခံခဲ့ရတယ်ဆို၊ ဘာဖြစ်လို့ ကန်မရွန်းမှာရှိတဲ့ ဆရာဝန်တယောက်ယောက်နဲ့ သွားမတွေ့တာလဲ။ ဘာဖြစ်လို့ အမေရိကန်မှာရော ဆရာဝန်နဲ့ သွားမတွေ့တာလဲ။ ခင်ဗျားကို ဘာဖြစ်လို့ ထောင်ချတာလဲ။ တယောက်ယောက်က ခင်ဗျားကို ဘာလို့ ဖမ်းသလဲဆိုတာ ပြောသလား။

SCNCဆိုတာကို ဘယ်တုန်းက ပထမဆုံးအကြိမ် လေ့လာမိတာလဲ။ ခင်ဗျား ထောက်ခံခဲ့တာလား။ ဘာဖြစ်လို့လဲ။ SCNCက တရားဝင်လား။ ကန်မရွန်းမှာ SCNCရဲ့ ရုံးတွေ ရှိတာလား။ ဘယ်မှာလဲ။ ရုံးမရှိဘဲနဲ့ ကိစ္စတွေကို ဘယ်လိုများ လုပ်သတုန်း။ SCNCမှာ အလံရှိသလား။ ခင်ဗျား ဆွဲပြနိုင်မလား။

Friday, June 12, 2009

တရားရုံး မသွားခင်မှာ ကိုယ့် လျှောက်လွှာပါ အချက်တွေကို ဖတ်ထား

တိုဂို လို့ခေါ်တဲ့ နိုင်ငံက မစ္စတာ တယောက်ကို နိုင်ငံရေး ခိုလှုံခွင့် မပေးပါဘူး။ အကြောင်းကတော့ သူ့ရဲ့ လျှောက်လွှာပါ အချက်တွေကို ပြန်မပြောပြနိုင်လို့ပါပဲ။

သူရဲ့ ခိုလှုံခွင့် လျှောက်လွှာထဲမှာက သူဟာ ကားတစီးပေါ်ကို ဆွဲခေါ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ တရားရုံးမှာကျတော့ ဒရပ်ကား တစီးပေါ်ကို ဆွဲတင်ခံရတယ်လို့ ဆိုပါတယ်။ ပြီးတော့ လျှောက်လွှာထဲမှာ ရဲကလာတဲ့အချိန် သူထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ တရားရုံးမှာကျတော့ သူ့ကို တိုက်ပြီး ဖမ်းခဲ့တယ်လို့ ဆိုပြန်ရော။ နောက်ပြီး ဆေးရုံမှာ ၂ရက်နေခဲ့ရတယ်လို့ လျှောက်လွှာမှာ ရေးထားတယ်။ တရားရုံးမှာတော့ ၃ ပတ် နေခဲ့ရတယ်တဲ့။

တရားရုံးမှာ အစိုးရ ရှေ့နေက မစ္စတာ ခင်ဗျား ကိုယ့်ရဲ့ လျှောက်လွှာကိုမှ ကိုယ်ဖတ်ခဲ့ရလားလို့ မေးပါတယ်။ ခင်ဗျား အကြောင်း ကျုပ် က ပိုသိနေတယ်လားတဲ့ပါ ခင်ဗျား။

Tuesday, April 21, 2009

ရုရှားက လူမဲ အမှု နောက်ဆက်တွဲ

ဘယ်သူက ခင်ဗျားကို ဘာလို့ ရိုက်တာလဲ။ ဘယ်သူက ခင်ဗျားအိမ်ကို ဓားပြလာတိုက်တာလဲ။ ဘာဖြစ်လို့လဲ။ ယူရီ ကို ရိုက်တယ်။ ဘယ်သူက ရိုက်တာလဲ။ ဘာဖြစ်လို့လဲ။


အစိုးရ ရှေ့နေက နောက်ဆုံး တရားသူကြီးထံ အပြီးသတ် လျှောက်လဲချက်


သူဟာ အနည်းငယ်သာ ညှင်းပန်းနှိပ်စက်ခံရတာဖြစ်ပါတယ်။ ကိုယ်ထိလက်ရောက် အစော်ကားမခံရဘူး၊ အရိုက်မခံရဘူး၊ ဆေးရုံ စရိတ်မရှိခဲ့ပါဘူး။ သူဟာ နှလုံးသားကိုရော၊ စိတ်ပိုင်းအရရောပါ အနှိပ်စက်ခံရတယ်လို့ ပြောပေမဲ့၊ အဲဒါတွေအတွက် စိတ်ရောဂါကု ဆရာဝန်ကို တခါမှ သွားမပြခဲ့ရဘူးလို့လည်း ပြောပါတယ်။ သူဟာ အလုပ်လုပ်နိုင်ခဲ့တယ်။ ကျောင်းသွားနိုင်ခဲ့တယ်။ အိမ်ငှားနေနိုင်ခဲ့တယ်။ ခရီးသွားနိုင်ခဲ့တယ်။ သူရဲ့ သူငယ်ချင်းဟာလည်း မုခင်းတခုမှာ ဒုက္ခရောက်ခဲ့ရတယ်ဆိုပေမဲ့ ရဲကို သတင်းမပို့ခဲ့ပါဘူး။
သတင်းပေးပို့ဖို့ ပျက်ကွက်တာဟာ အရေးကြီးပါတယ်။ ရဲကိုမှ သတင်းမပို့ခဲ့ရင်၊ ဘယ်လိုလုပ် သူတို့ကို ကူညီလို့ ရမလဲ။ သူရဲ့ အစိုးရက သူ့ကို မမုန်းပါဘူး။ အစိုးရက သူ့ကို ခရီးသွားလက်မှတ် ထုတ်ပေးတယ်။ ခရီးသွားလာခွင့်ပြုတယ်။ တိုင်းပြည်ထဲကို ပြန်ဝင်လာခွင့်လဲ ပေးခဲ့တယ်။ ဒါတွေဟာ အစိုးရက သူ့ကို မမုန်းဘူးဆိုတာကို ပြနေတာပါ။ တိုင်းပြည်ကနေ ထွက်လာပြီးမှ သူက အန္တရယ် ရှိပါတယ် ပြောတယ်။ ပြီးတော့လဲ ပြန်သွားတာပဲ။ ဒါဟာ သူ့ရဲ့ တိုင်းပြည်က အန္တရယ်မရှိပါဘူးလို့ ပြောနေတာပါ။ ဘယ်လိုလူက အန္တရယ်ရှိတဲ့ တိုင်းပြည်ကို စိတ်တိုင်းကျ ပြန်ချင်မှာလဲ။

ရုရှားက လူမဲ အမေရိကန်မှာ ခိုလှုံခွင့် လျှောက်

အစိုးရ ရှေ့နေက အသားအရောင် အမဲရှိတဲ့ မစ္စက် အေ နိုင်ငံရေး ခိုလှုံခွင့် လျှောက်တဲ့အခါ အခုလို မေးခွန်းတွေ မေးပါတယ်။
• ခင်ဗျားရဲ့ နိုင်ငံခြား ခရီးစဉ် အားလုံး အကြောင်းကို ပြောပြဦး၊ ဘာဖြစ်လို့ သွားတာလဲ၊ ဘာဖြစ်လို့ တိုင်းပြည်ကို စွန့်ခွာခဲ့တာလဲ။
• ခင်ဗျား အာမေးနီးယားကို သွားခဲ့တယ်။ ဘယ်တုန်းကလဲ၊ ဘာဖြစ်လို့ သွားတာလဲ။ ဘာဖြစ်လို့ အာမေးနီးယားကနေ ပြန်ထွက်လာရတာလဲ။ ဘာဖြစ်လို့ အာမေးနီးယားမှာ နိုင်ငံရေး ခိုလှုံခွင့် မလျှောက်တာလဲ။ အာမေးနီးယား ပြီးတော့ ရုရှားကို ပြန်သွားတယ် ဟုတ်လား။ ခင်ဗျားက အန္တရာယ် ရှိပါတယ်လို့ ပြောနေတဲ့ ရုရှားကို လိုလိုလားလား ပြန်သွားခဲ့တယ် ဟုတ်လား။ ခင်ဗျား အဲဒီကို ပြန်သွားတယ်ဆိုကတည်းကိုက ကျူပ်အထင် သိပ် အန္တရယ် မရှိဘူးထင်တယ်။ ဟုတ်တယ် မဟုတ်လား။
• ဒါမှ မဟုတ် ခင်ဗျားမှာ ရွေးချယ်စရာမရှိလို့ အဲဒီကို သတိထား ပြန်ခဲ့ရတာလား။
• ခင်ဗျား ရုရှားမှာ ၆နှစ်လောက် နေခဲ့တယ် ဟုတ်လား။ အဲဒီအချိန်တွေမှာ ဘယ်လို ညှင်းပန်းနှိပ်စက်မှုကိုမှ မခံခဲ့ရဘူးလား။ ခင်ဗျားရဲ့ အိမ်တို့၊ ကားတို့၊ ဘုရားရှိခိုးကျောင်းတို့ရော။
• ခင်ဗျား အလုပ်လုပ်နိုင်ခဲ့တယ်လား။ ခင်ဗျား အလုပ် တခု ရှိခဲ့တယ်လား။ ခင်ဗျား အလုပ်ရှင်က ခင်ဗျားကို ခင်ခင်မင်မင်ပဲလား။ ခင်ဗျားရဲ့ စီးပွားရေး ဘာမှ မထိခိုက်ခဲ့ဘူးပေါ့။
• ရှရှား တယောက်က ခင်ဗျားကို သတ်မယ်ဆိုပြီး ခင်ဗျားပြောခဲ့တယ် မဟုတ်လား။ အဲဒါကို ခင်ဗျား ရဲ မတိုင်ခဲ့ဘူးလား။ အဲဒီလို ကိစ္စကို ရဲဆီ သတင်းပေးတာဟာ အချိန်ကုန်တာပဲလို့ ဘယ်သူ ပြောသလဲ။
• ခင်ဗျား အမေ၊ အဖေ၊ ညီအစ်ကို မောင်နှမ အားလုံး ရုရှားမှာ အခုချိန်ထိ နေနေတုန်းပဲလား။ သူတို့တွေထဲက တယောက်တောင်မှာ ကိုယ်ထိလက်ရော နှိပ်စက် မခံရဘူးလား။ တယောက်မှ မခံရဘူး၊ ဟုတ်လား။ ခင်ဗျား သူတို့နဲ့ ဘာလို့ သွားမနေရတာလဲ။ သူတို့မှာ အန္တရာယ် ကင်းကင်း ဘယ်လို နေရမလဲ နည်းလမ်းရှိလို့ပေါ့။
• ခင်ဗျား အစ်ကို က ကြောက်စိတ်နဲ့ပဲ နေနေရတယ်လို့ ခင်ဗျားက ပြောတယ်။ ညဆို ကြောက်လို့ သူက အပြင်မထွက်ဘူး။ သူက ရုရှားကနေ တခြားတိုင်းပြည်ကို ထွက်သွားဖို့ ငွေတို့ ဗီဇာတို့ မရှိလို့ ထွက်မသွားတာလား။ ဒါပေမဲ့ သူ တိုင်ပြည်ကနေ အရမ်းကို ထွက်သွားချင်တယ်လား။
• ခင်ဗျားကို အလုပ်ဖြုတ်ပစ်လိုက်တယ်လို့ ခင်ဗျားပြောတယ်။ ဒါပေမဲ့ ခိုလှုံခွင့် လျှောက်လွှာထဲမှာ ခင်ဗျားက အလုပ်ကို ထွက်ပစ်တာလို့ ပြောထားတယ်။ ပြီးတော့ ခင်ဗျားရဲ့ အစ်ကိုက စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရတယ်လို့လည်း လျှောက်လွှာမှာ မဖော်ပြထားဘူး။ ဘာဖြစ်လို့ အခု တရားရုံးမှာမှ ပြောပြီး လျှောက်လွှာထဲမှာ မပြောထားရတာလဲ။ ခင်ဗျားရဲ့ လျှောက်လွှာကို ဘယ်တုန်းက နောက်ဆုံး ဖတ်ထားသလဲ။ ခင်ဗျားရဲ့ လျှောက်လွှာမှာ ရေးထားတာကို ကျုပ်က ခင်ဗျားထက် ပိုသိနေတာလား။

• ခင်ဗျား ရုရှား က အပြင်ထွက် ခရီးသွားခဲ့တာလား။ ဘယ်ကို သွားခဲ့တာလဲ။ ဘယ်ဖြစ်လို့လဲ။ ခင်ဗျား ရုရှားက အထွက်မှာ ပြဿနာ ရှိခဲ့သလား။ တကယ်လို့ ရုရှားကသာ ခင်ဗျားကို မုန်းတယ်ဆိုရင် ဘာဖြစ်လို့ သူတို့က ခင်ဗျားကို တိုင်းပြည်ကနေ ထွက်သွားခွင့် ပေးမှာလဲ။
• ခင်ဗျားရဲ့ တိုင်းပြည်က အန္တရယ်ရှိတယ်ဆို။ ဘယ်ဖြစ်လို့ ခင်ဗျားတိုင်းပြည်ကို စိတ်တိုင်းကျ ပြန်သွားရတာလဲ။ ခင်ဗျား စိတ်နဲ့ ခင်ဗျားပြန်တော့ အဲဒါဟာ ခင်ဗျားတိုင်းပြည်မှာ အန္တရယ်မရှိဘူးလို့ မပြနေဘူးလား။ ဒါမှမဟုတ် ခင်ဗျားမှာ ပြန်ရမယ့် အကြောင်းအရင်း ခိုင်ခိုင်လုံလုံ ရှိခဲ့လို့လား။
• ခင်ဗျားသမီးက ပြင်သစ်မှာ နေနေတာလဲ။ ခင်ဗျားကို မခေါ်ပေးနိုင်ဘူးလား။ အဲဒါဆိုရင် ခင်ဗျား ပြင်သစ်မှာ နေထိုင်ခွင့် ရနိုင်တာပေါ့။
• ညှင်းပန်းနှိပ်စက်မှု အမျိုးစုံ ရှိတယ် သိလား။ ကိုယ်ထိလက်ရောက် ခံစားရတယ်ဆိုတာ တခုပေါ့။ နောက်တခုက စိတ်ပိုင်းဆိုင်ရာပေါ့။ ခင်ဗျားက စိတ်ရော၊ နှလုံးရော ထိခိုက်ခံစားခဲ့ရတာလား။ ခင်ဗျား စီးပွားရေး အရရော ထိခိုက်ခံခဲ့ရသလား။ အလုပ် တခုမှ မရနိုင်တာမျိုးလိုပေါ့။
• မော်စကို မြို့ကြီးမှာ နေခဲ့တာလား။ အဲဒီမှာ ပြဿနာတွေ ဖြစ်ခဲ့တာဆိုတော့ ဘာဖြစ်လို့ တခြားမြို့တွေ ပြောင်းမနေခဲ့တာလဲ။ စတာလင်ဂရက်မြို့တို့၊ လီနင်ဂရက်တို့မှာပေါ့။

• ခင်ဗျားကို လမ်းမမှာ တိုက်ခိုက်တယ်လို့ ဆိုတယ်။ ခင်ဗျား ရဲ တိုင်ခဲ့သလား။ ဘာလို့ မတိုင်တာလဲ။ ရဲတွေက ခင်ဗျား အနှိပ်စက်ခံနေရတာကို ဂရုမစိုက်ဘူးလား။ ဘာဖြစ်လို့ အဲဒီလို ထင်ရတာလဲ။