တိုဂို လို့ခေါ်တဲ့ နိုင်ငံက မစ္စတာ တယောက်ကို နိုင်ငံရေး ခိုလှုံခွင့် မပေးပါဘူး။ အကြောင်းကတော့ သူ့ရဲ့ လျှောက်လွှာပါ အချက်တွေကို ပြန်မပြောပြနိုင်လို့ပါပဲ။
သူရဲ့ ခိုလှုံခွင့် လျှောက်လွှာထဲမှာက သူဟာ ကားတစီးပေါ်ကို ဆွဲခေါ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ တရားရုံးမှာကျတော့ ဒရပ်ကား တစီးပေါ်ကို ဆွဲတင်ခံရတယ်လို့ ဆိုပါတယ်။ ပြီးတော့ လျှောက်လွှာထဲမှာ ရဲကလာတဲ့အချိန် သူထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ တရားရုံးမှာကျတော့ သူ့ကို တိုက်ပြီး ဖမ်းခဲ့တယ်လို့ ဆိုပြန်ရော။ နောက်ပြီး ဆေးရုံမှာ ၂ရက်နေခဲ့ရတယ်လို့ လျှောက်လွှာမှာ ရေးထားတယ်။ တရားရုံးမှာတော့ ၃ ပတ် နေခဲ့ရတယ်တဲ့။
တရားရုံးမှာ အစိုးရ ရှေ့နေက မစ္စတာ ခင်ဗျား ကိုယ့်ရဲ့ လျှောက်လွှာကိုမှ ကိုယ်ဖတ်ခဲ့ရလားလို့ မေးပါတယ်။ ခင်ဗျား အကြောင်း ကျုပ် က ပိုသိနေတယ်လားတဲ့ပါ ခင်ဗျား။
Friday, June 12, 2009
Subscribe to:
Posts (Atom)