Thursday, May 12, 2011

ကင်ညာနိုင်ငံက အိမ်တွင်း အကြမ်းဖက်မှု ဒုက္ခသည်


ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ကို ပြ
အမေရိကန်မှာ ခင်ဗျား ဘယ်သူနဲ့ နေတုန်း။
ခင်ဗျားအဖေက နေထိုင်ရေးအတွက် ဘာအလုပ်အကိုင်လုပ်သတုန်း။
ခင်ဗျား အမေရိကန်ကို ဘာလာလုပ်သတုန်း။ အမေရိကန်ကို လာဖို့ ပြည်ဝင်ခွင့် ဗီဇာလျှောက်တုန်းက ခင်ဗျား ဘာတွေ ပြောခဲ့တုန်း။

ခင်ဗျား ဆင်ခြေပေးခဲ့တာ အခု ပြောတာနဲ့ တူတာလား၊ မတူဘူးလား။
နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ ဘယ်တုန်းက ဆုံး ဖြတ်လိုက်တာလဲ။
ဘာဖြစ်လို့ စိတ်ရောဂါကု ဆရာဝန်ဆီ သွားတာလဲ။
ခင်ဗျား အမျိုးသားနဲ့ ဘယ်မှာ တွေ့ခဲ့တာလဲ။
ဘာကြောင့် သူ့ကို လက်ထပ်ဖို့ ဆုံး ဖြတ်လိုက်ရတာလဲ။
ခင်ဗျားရဲ့ ကျောင်းစာရိတ်ကို ဘယ်လို ပေးခဲ့သလဲ။ ငွေတွေက ဘယ်က ရတာလဲ။ ခင်ဗျား အမျိုးသားစီကလား။
ခင်ဗျားဟာ နှိပ်စက်ခံခဲ့ရသလား။ ဘယ်သူနှိပ်စက်တာလဲ။ ဘာကြောင့်လဲ။
ခင်ဗျားကို ဘယ်သူက ရိုက်သလဲ။ ဘာလက်နက်ကို သုံးသလဲ။
သူက ရိုက်တုန်းက ခင်ဗျားကို ဘာပြောသလဲ။ ဆေးရုံးကို ခင်ဗျား ဘယ်လို သွားခဲ့သလဲ။ ဆရာဝန်က ခင်ဗျားကို ဘာဖြစ်ခဲ့တာလဲလို့ မမေးဘူးလား။ ခင်ဗျားရဲ့ ဆေးမှတ်တမ်းက သူက ဘာတွေ ရေးခဲ့သလဲ။ ဘာကြောင့် ဆေးရုံမှတ်တမ်းက မမှန်မကန်တွေ ဖြစ်နေရတာလဲ။ ဘယ်သူ အပြစ်လဲ အဲဒီ မှတ်တမ်းထဲမှာ အမှားတွေ ပါနေတာ။
ဈေးရုံထဲမှာ ခင်ဗျားကို သူက ဘယ်လို နာအောင် လုပ်တာလဲ။
သူက ဘာတွေ ပြောသလဲ။ အဲဒီတုန်းက ခင်ဗျားရဲ့ ကလေးတွေက ဘယ်မှာတုန်း။ ခင်ဗျားရဲ့ အသိုင်းအ၀ိုင်းက ပြဿာနာရှိတဲ့ လင်မယားတွေနဲ့ ပတ်သက်ပြီး ဘယ်လို ပြောဆိုကြလဲ။ ခင်ဗျားရဲ့ အမျိုးသားက အိမ်ထဲမှာ နေတုန်း ခင်ဗျားက အဲဒီ အိမ်ထဲကို လိုက်လိုက်လျောလျော ၀င်သွားရောလား။ ဘာကြောင့်လဲ။ ကွာရှင်းဖို့ ကြိုးစားခဲ့သလား။ ဘာကြောင့်လဲ။ သူက ခင်ဗျားကို ဘာကြောင့် သတ်ချင်ရတာလဲ။ သူက သူ့ရဲ့ ကလေးတွေကို ဘာကြောင့် သတ်ချင်ရတာလဲ။ ခင်ဗျား ဘာပြောချင်တာ ရှိသေးသလဲ။ ရှိသေးတယ်ဟုတ်လား။ ဘာလဲ။ ပြီးတော့ရော ဘာပြောချင်သေးသလဲ။
ခင်ဗျား ရဲစခန်းကို သွားဖူးသလား။ သူတို့က ဘာပြောသလဲ။
ခင်ဗျားတိုင်းပြည်ကို ဘယ်တော့မှ မပြန်တော့ဘူးဆိုတာကို ဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ။ ခင်ဗျားရဲ့ အမေနဲ့ နောက်ဆုံး ဘယ်တုန်းက စကားပြောခဲ့တာလဲ။ ခင်ဗျားအမျိုးသားက ခင်ဗျား အမေရိကန်ရောက်ပြီးကတည်းက ဘယ်နှစ်ကြိမ် ဖုန်းခေါ်ခဲ့သလဲ။ ဘာပြောချင်သေးသလဲ။ ဟုတ်ပါပြီး ဘာပြောချင်သေးသလဲ။

No comments: