Sunday, January 23, 2011

ခင်ဗျားနဲ့ ခင်ဗျား အမျိုးသမီးရဲ့ နိုင်ငံရေးအယူအဆက အတူတူလား မတူဘူးလား

အီရက်နိုင်ငံက မစ္စတာ တယောက်ရဲ့ ကိုယ်ပိုင် နိုင်ငံရေး အယူအဆကို မေးတဲ့ အခါ။ အဲဒါဘာလဲ။ ခင်ဗျား ဘယ်လိုနည်းနဲ့ ထုတ်ပြောသလဲ။ တယောက်တယောက်က သတိထားမိတာ ရှိသလား။

ခင်ဗျား အမျိုးသမီးမှာရော နိုင်ငံရေး အယူအဆရှိတာလား။ သူကရော ဘယ်လို ထုတ်ပြသလဲ။ ဘယ်မှာလဲ။ ဘယ်တုန်းကလဲ။ သူများတွေသတိထားမိရဲ့လား။

ခင်ဗျား အမျိုးသမီးကို ဒီနေ့ တရားခွင်မှာ သက်သေ ထွက်ပေးဖို့ ခွင့်ရော တောင်းဖူးရဲ့လား။ သူက ဒီနေရာနဲ့ တနာရီပဲ ဝေးတဲ့နေရာမှာ နေတာပဲ။ ဘာလို့ သူက ဒီမှာ ရှိမနေတာလဲ။ ဘယ်သူ့အပြစ်လဲ။ ခင်ဗျား ရဲ့ အပြစ်လား သူ့အပြစ်လား။

ပြီးခဲ့တဲ့ ၆လအတွင်း ခင်ဗျားဟာ အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှု (oppostional political activities OPA) တွေ လုပ်ထားတာ ရှိသလား။ ဘာကြောင့် မရှိရတာလဲ။

ခင်ဗျားပြောတော့ ခင်ဗျားက Juno အဖွဲ့ ၀င်ဆို။ ခင်ဗျားရဲ့ အစိုးရက ခင်ဗျားဟာ အဖွဲ့ဝင် တယောက်ဖြစ်တယ်ဆိုတာ သိလို့ လား။ သူတို့ဘယ်လိုလုပ်သိတုန်း။

ခင်ဗျားအစိုးရမှာ သတင်းပေးသူတွေ၊ ထောက်လှန်းရေးတွေ၊ စပိုင်တွေ ရှိတယ်လို့ ခင်ဗျားက ပြောချင်တာလား။ ခင်ဗျား ဘယ်လိုလုပ်သိတုန်း။

No comments: