Friday, June 24, 2011

C.A.R က လှုပ်ရှားသူ (အပိုင်း၃)

နိုင်ငံရေး ခိုလှုံခွင့် အရာရှိက မေးပါတယ်။

ခင်ဗျားဟာ ထောင်ထဲမှာလို့ ပြောတယ်။ ဘယ်သူရှိသေးလဲ။ ခင်ဗျား သူငယ်ချင်း မယ်ရီ လား။ မယ်ရီက ခင်ဗျားအတွက် ထောက်ခံစာရေးပေးသလား။ သူကို စာရေးပေးဖို့ ပြောရော ပြောခဲ့ရဲ့လား။ ခင်ဗျား အမေက ခင်ဗျား ထောင်ထဲမှာဆိုတာကို ဘယ်လိုသိသလဲ။ သူက ထောင်ရဲ့ ရှေ့တံခါးအထိ ခင်ဗျားကို စကားပြောဖို့ ရောက်ခဲ့တယ်ဆိုတာကို ခင်ဗျားက ဘယ်လိုလုပ် သိသလဲ။
ခင်ဗျားတိုင်းပြည်က ထွက်မလာခင် ၂လအတွင်းမှာ နေရာပေါင်းစုံမှာ နေခဲ့တယ်ဟုတ်လား။ အဲဒါဆို ဘာကြောင့် လျှောက်လွှာရဲ့ စာမျက်နှာ ၄ မှာ ဘာကြောင့် မရေးခဲ့တာလဲ။ ခင်ဗျား လေဆိပ်က ထွက်လာတော့ ပြဿနာတတ်ခဲ့သေးသလား။ ဘာလို့ မတတ်တာလဲ။ ခင်ဗျားတိုင်းပြည်က မထွက်လာခင် ၆လအတွင်း ခင်ဗျား အလုပ်လုပ်ခဲ့သလား။ ခင်ဗျား တိုင်းပြည်ကထွက်တော့မယ်ဆိုတော့ ခင်ဗျားရဲ့အလုပ်ရှင်ကို ဘယ်လို ပြောခဲ့သလဲ။
ခင်ဗျားပြန်သွားရင် ဘာဖြစ်နိုင်မှာလဲ။ ခင်ဗျားရဲ့ အစိုးရက ခင်ဗျားကို အရေးစိုက်သေးတယ်လို့ ဘာကြောင့် ခင်ဗျားက ထင်နေရတာလဲ။ သူတို့တွေက ခင်ဗျားလောက်ကိုတော့ မေ့ရောပေါ့။ မမေ့သေးဘူးလား။ ခင်ဗျား ဘာကြောင့် အမေရိကန်မှာ ဆန္ဒပြရတာလဲ။ တယောက်ယောက်က ခင်ဗျား ဆန္ဒပြတာကို သတိထားမိသလား။ ဘာဖြစ်လို့ နိုင်ငံကူးလက်မှတ်ကို ရယူဖို့ ဆုံးဖြတ်လိုက်တာလဲ။ အမေရိကန် အစိုးရက ခင်ဗျားရဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာအပြင် တခြား ဘာတွေကို သိသေးသလဲ။ တခြား ဘာပြောစရာ ရှိသေးသလဲ။ တကယ်လား။ ဘာလဲ။ ဟုတ်ပါပြီ အခုရော ဘာပြောစရာ ရှိသေးသလဲ။

No comments: