Friday, August 19, 2011

အီသီယိုးပီးယားက နိုင်ငံရေး လှုပ်ရှားသူ

အစိုးရ ရှေ့နေက အခုလို မေးခွန်းတွေကို မေးပါတယ်။

ဘယ်လိုမျိုး ကိုယ်ခန္ဓာမှာ နှိပ်စက်ခံရ တာလဲ။ အသေးစိတ်ပြောပြပါ။ ဖြေးဖြေးပြော။ ဘယ်တုန်းက ပထမဆုံးအကြိမ်းအဖမ်းခံရတာလဲ။ ဘယ်လောက်ကြာကြာ ဖမ်းထားတာလဲ။ လွှတ်လိုက်တဲ့နေ့က စာရွက်တရွက်မှာ လက်မှတ်ထိုးခဲ့သလား။ အဲဒီ စာရွက်ကို ပေးလိုက်သလား။ ထောင်က ထွက်လာပြီးကတော့ ဘယ်ကိုသွားလဲ။ ကားထဲဝင်။ အိမ်ပြန်ရောလား။ ဘက်စ်ကားစီးပြီး ဆေးရုံးသွားတာလား။

စက်တင်ဘာ ၂၀မှာ ခင်ဗျားတိုင်းပြည်က ထွက်လာခဲ့တာလား။ အဲဒီနေ့ မတိုင်ခင် ရက် ၉ ၀မှာ ခင်ဗျား ဘယ်တွေမှာနေထိုင်ခဲ့သလဲ။ အဲဒီ ရက်ပေါင်း ၉ ၀မှာ နေခဲ့တဲ့ လိပ်စာတွေ မှန်သမျှပြောပြ။ (I-589 လျှောက်လွှာ စာမျက်နှာ ၄မှာ ဘာတွေပြောထားတုန်း)

ခင်ဗျားတိုင်းပြည်ကထွက်လာတုန်းက ဘယ်လို ခရီးသွားလက်မှတ်နဲ့လဲ။ ဘယ်လို ရယူထားရတာလဲ။ အခု အဲဒီ ခရီးသွားလက်မှတ်က ဘယ်မယ်တုန်း။ ပွဲစားလက်ထဲမှာလား။ မွန်ဘာစာနဲ့ ကင်ညာနိုင်ငံတွေထဲ ရောက်ပြီး ဘယ်လောက်ကြာကြာနေခဲ့တာလဲ။ အမေရိကန်ကို ရောက်ဖို့ ခင်ဗျားတိုင်းပြည်ကနေ ဘယ်လောက်ကြာကြာ ခရီးထွက်လာခဲ့ရသလဲ။ အဲဒီရက် တရက်ချင်းစီမှာ ခင်ဗျား ဘယ်မှာနေခဲ့သလဲဆိုတာကို ပြောပြ။ ဘယ်လေယာဉ်နဲ့ လာတာလဲ။ အပြည်ပြည်ဆိုင်ရာ နယ်စပ်တွေ ရောက်တိုင်း ဘာတွေဖြစ်သလဲ။ အခု ခရီးစဉ်အတွက် ခင်ဗျား ပွဲစားကို ပိုက်ဆံ ဘယ်လောက်ပေးလိုက်ရသလဲ။ ကျပ်၂၀၀လား။ ဘယ်သူပေးပေးတာလဲ။ ခင်ဗျားအကိုကလား။ သူက အဲဒီ ပိုက်ဆံကို ဘယ်ကရတာလဲ။

No comments: