Thursday, September 18, 2008

မိသားစုဆီက လာတဲ့ စာက ကိုယ်ပြောထားတဲ့ အချက်တွေနဲ့ မကိုက်ညီရင်တော့ ခိုလှုံခွင့် ရမှာ မဟုတ်ဘူး

တရားသူကြီးက ဘူရန်ဒီနိုင်ငံက မစ္စတာ ဘီ ဟာ နိုင်ငံရေးခိုလှုံခွင့် မရနိုင်ဘူးလို့ စီရင်ချက် ချပါတယ်။ သူက တွတ်ဆီလူမျိုး တ၀တ် ဖြစ်ပြီး၊ အရိုက်ခံရတယ်၊ ဆေးရုံ နှစ်ခါ တက်ရတယ်။ သူမှာ ဆေးရုံ မှတ်တမ်း ရှိတယ်။ သူရဲ့ အဖေက ထောင်အချခံရတယ်။ သူ့ အစ်ကိုက အသတ်ခံရတယ်။ ဒါပေမယ့် သူ ခိုလုံခွင့် မရဘူး။ ဘယ်လိုလုပ် ဖြစ်ရတာလဲ။

သူ့ရဲ့ မိသားစုဆီကလာတဲ့ စာထဲမှာ မစ္စတာ ဘီပြောတဲ့ အသေးစိတ် အချက်အလက်တွေနဲ့ မတူတဲ့ အချက်တွေ ပါနေပါတယ်။

၁။ မစ္စတာ ဘီ က သူ့အစ်ကိုနဲ့ အမကို ဆေးရုံမသွားခင်မှာ တွေ့ပါတယ်လို့ ပြောတယ်။ ဒါပေမယ့် သူ့အစ်ကိုနဲ့ အစ်မက ဆေးရုံမှာပဲ မစ္စတာ ဘီကို တွေ့တယ်လို့ ပြောတယ်။

၂။ မစ္စတာ ဘီက သူ အဖမ်းခံရပြီး ထောင်ချခံရတယ်လို့ ပြောတယ်။ အဖေရဲ့ စာထဲမှာတော့ တခြား အကြောင်းတွေ ပြောထားပေမယ့် မစ္စတာ ဘီရဲ့ ထောင်ချခံရတဲ့ အကြောင်းကိုတော့ မပြောထားပါဘူး။

၃။ဆေးရုံမှတ်တမ်းထဲမှာ မစ္စတာ ဘီရဲ့ လက်ဟာ အပူလောင်ထားတယ်လို့ ပြထားပါတယ်။ ဒါပေမယ့် သူ ဘာကြောင့် အပူလောင်ခဲ့ရတာလဲ။ လူဆိုးတွေက မစ္စတာ ဘီရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လက်ကို အပူလောင်စေခဲ့တာလား။ ဘယ်သူသိမှာလဲ။ ဟင်းချက်ရင်းနဲ့ မတော်တဆ အပူလောင်ခဲ့တာလဲ ဖြစ်နိုင်တာပဲ။

Tuesday, September 2, 2008

ဘာကြောင့်လဲဆိုတဲ့ မေးခွန်းများ

မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတစ်ဦးကို ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေး ခိုလှုံခွင့်ရုံးက အရာရှိက မေးပါတယ်။ ပထမဆုံးပြောတာကတော့ နိုင်ငံကူး လက်မှတ်ကို အရင်ပြပါလို့ပဲ ပြောပါတယ်။

“စာအိပ်တွေ အကုန်လုံး ပြပါ၊ မူရင်း စာရွက်စာတမ်းတွေ အကုန်ပြပါ။ ကျွန်တော်ကို အမေရိကန် အ၀င်အထွက် မှတ်တမ်းအားလုံးကို ပြောပြပါ။”

ဒီစာက ဘယ်လို ပို့လာတာလဲ။ လက်ဆွဲအိပ်နဲ့ သယ်လာတာလား၊ DHLနဲ့ ပို့လိုက်တာလား။ ဒါမှမဟုတ် ရိုးရိုး စာတိုက်ကနေပဲ ပို့လိုက်တာလား။

ပြောပါအုံး၊ ခင်ဗျား ဘယ်လိုလုပ် အမေရိကန် ဗီဇာကို ရခဲ့သလဲ။ ရန်ကုန်မှာတုန်းက သံရုံးက အရာရှိက ဘာလို မေးခွန်းတွေ မေးလဲ ပြောပြပါဦး။ ခင်ဗျားက ဘာတွေ ဖြေခဲ့သလဲ။ ခင်ဗျား အမှန်တွေပဲ ပြောခဲ့သလား။ ခင်ဗျား အဲဒီတုန်းက ဘယ်တွေ ရည်ရွယ်ထားသလဲ။

ခင်ဗျား မိသားစုဝင်အားလုံးအကြောင်း အသေးစိတ်ပြောပြပါဦး၊ ဘယ်မှာနေတယ်၊ ဘယ်မှာ အလုပ် လုပ်တယ်။ အားလုံး နိုင်ငံရေးမှာ တက်ကြွသလား။ ဘာဖြစ်လို့ မတက်ကြွတာလဲ။ ခင်ဗျားက မိသားစုဝင်တွေနဲ့ မတူဘူးလား။

မြန်မာပြည်က ဘာဖြစ်လို့ ထွက်လာတာလဲ။ တခြား ဘာ အကြောင်းပြချက်တွေ ရှိသေးလဲ။ ခင်ဗျားမှာ အကြောင်းစုံရှိနေတာလား။ ခင်ဗျား အဲဒီတုန်းက မသေမချာဖြစ်နေတာလား။ ခင်ဗျား အရာရာ အားလုံးကို သိပြီး သေချာတဲ့ အစီအစဉ်ရှိခဲ့တာလား။ နိုင်ငံရေး ခိုလှုံခွင့်ဘာကြောင့် လာလျှောက်တာလဲ။ အစိုးရက ဘာဖြစ်လို့ ခင်ဗျားကို ဖမ်းရမှာလဲ။ ခင်ဗျားကို အစိုးရက အရေးစိုက်လိမ့်မယ်လို့ ဘယ်လိုသိသလဲ။

ခင်ဗျား အမေကို အစိုးရက ဘာပြောသလဲ။ ခင်ဗျား နယူးယောက်မှာ ဘာတွေလုပ်နေသလဲဆိုတာ အစိုးရက ဘယ်လိုလုပ်သိသွားတာလဲ။ ခင်ဗျား အကြောင်းကို ဘယ်လိုလုပ် သိအောင်လုပ်နိုင်မှာလဲ။ ခင်ဗျားက ကြီးကျယ်တဲ့လူလား။ လူသိများတဲ့ လူလား။ အစိုးရက ခင်ဗျားကို အရေးစိုက်မယ်လို့ ခင်ဗျား ဘာဖြစ်လို့ ထင်ရတာလဲ။ ခင်ဗျား ကိုယ့်ဟာကိုယ် ကြီးကြီးကျယ်ကျယ် လျှောက်ထင်နေတာလား။

Monday, September 1, 2008

ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းများ

နိုင်ငံရေး ခိုလှုံခွင့်ရုံးက အရာရှိက မေးခွန်းတွေ ပိုမေးပါတယ်။

ဘာကြောင့် ဆန္ဒပြပါသလဲ။
အမေရိကားမှာ ဆန္ဒ ဘယ်နှစ်ကြိမ် ပြခဲ့ပါသလဲ။
ပါမောက္ခသန်းဆိုတာ ဘယ်သူပါလဲ။
ဘာဖြစ်လို့ သူက ဆန္ဒပြရတာပါလဲ။
ဗမာပြည်မှာ ဆန္ဒပြချင်တယ်လို့ သူက ပြောပါသလား။
သူဟာ အကျဉ်းချခံရပါသလား။ ဘာကြောင့်လဲ။

ဘယ်သူက အမေရိကားရဲ့ ဆန္ဒပြပွဲတွေကို စုစည်းလှုံ့ဆော်တာလဲ။
ခင်ဗျားက ဘယ်သူနဲ့ ဆန္ဒပြခဲ့တာလဲ။
နောက်နေ့ ဆန္ဒပြမယ့် ရက်တွေကို ဘယ်လို သိအောင်လုပ်သလဲ။
ဆန္ဒပြတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။
ဆန္ဒပြတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ လူသွားလမ်းမှာ ရပ်မယ်၊ ဗမာပြည် လွတ်မြောက်ပါစေ လို့ ရေးထားတဲ့ ဆိုင်းပုဒ်ကြီးကြီးကို ကိုင်ပြီး၊ ဗမာပြည်လွတ်မြောက်ပါစေလို့ ဆိုတဲ့ စကားလုံးတွေကို အကျယ်ကြီး အော်တာကို ပြောတာလား။

ခင်ဗျားအစ်ကိုက ဘာဖြစ်လို့ ဖမ်းခံရတာလဲ။
အစိုးရက သူ့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုလုပ် သိသွားရတာလဲ။
ဗမာပြည်ထဲက အစ်ကိုဆီကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းပစ္စယတွေ ပို့တာဟာ အန္တရာယ်မကြီးဘူးလား။
အဲဒါဆိုဘာဖြစ်လို့ ပို့သေးလဲ။
ဘာဖြစ်လို့ ကိုယ့်အစ်ကိုကို အန္တရာယ်ဖြစ်အောင် လုပ်တာလဲ။

ခင်ဗျား အမေရိကားမှာ ဆန္ဒပြခဲ့တယ်လို့ ပြောလား။
တခြား ဆန္ဒပြသူတယောက်ဆီက ထောက်ခံစာ ခင်ဗျားမှာ ရှိသလား။
ဘာဖြစ်လို့ ဆန္ဒ စပြဖို့ ဆုံးဖြတ်ခဲ့တာလဲ။
ခင်ဗျား အစ်ကိုကို ဘယ်မှာ ဖမ်းထားတာလဲ။
အစ်ကိုက ထောင်ချခံလိုက်ရတာလား။
ဘာဖြစ်လို့ ခင်ဗျား မသိဘူးလို့ ပြောတာလဲ။
သူကို ထောင်ချလိုက်ပြီဆိုတဲ့ အမေဆီကလာတဲ့ စာဟာ ဘယ်တုန်းကလဲ။
ခင်ဗျား အမေဆီက စာ ဖတ်ပြီးပြီလား။
ကိုယ်ရဲ့ လျှောက်လွှာမှာ ထည့်ထားတဲ့အချက်တွေကို သိရဲ့လား။
ခင်ဗျား အစ်ကို တခြား ဘာဖြစ်သေးလဲ။

ခင်ဗျား တိုင်းပြည်ကို ပြန်ရင် ဘာတွေ ဖြစ်နိုင်သလဲ။
ဘာဖြစ်လို့ အဲဒါတွေ ဖြစ်နိုင်တာလဲ။
ခင်ဗျား လူသွားလမ်းမှာ ဆန္ဒပြတုန်းက အစိုးရက ခင်ဗျားနာမည်ကို ဘယ်လိုလုပ် သိသွားတာလဲ။
ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ် ဓာတ်ပုံဟာ အစိုးရစီမှာ ရှိသလား။
အဲဒါဆိုရင် အဲဒီ ဓာတ်ပုံတွေနဲ့ ဆန္ဒပြသူတွေကို နှိုင်းယှဉ်ကြည့်နိုင်တာပေါ့။ တခြားဘာရှိသေးသလဲ။ တခြား
…….။