Saturday, February 21, 2009

Exhibit 3 ( တရားသူကြီးဆီကို ရေးနိုင်သော စာ ဥပမာ)

အမေရိကန် သံရုံး ခင်ဗျား။ ကျွန်တော် အဖေနဲ့ ကျေးဇူးပြုပြီး စကားပြောပါခင်ဗျား။
စက်တင်ဘာ ၁၈ ၂၀၀၈။
Mr. George Maugans, Esq
Office of the Chief Counsel
31 Hopkins plaza, #730 Balt, MD 21201.
မစ္စတာ မော်ဂန် ခင်ဗျား
၁။ ကျွန်တော့် အဖေဟာ ရန်ကုန်မှာ နေတာဖြစ်ပြီး ကျွန်တော့် ကိစ္စ အားလုံးကို သိတဲ့သူဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း ထောက်ခံစာ ရေးပေးထားသူလည်း ဖြစ်ပါတယ်။ ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံရုံးက လူတယောက်ယောက်က ကျွန်တော့်အဖေနဲ့ မျက်နှာချင်းဆိုင် စကား ပြောပေးနိုင်မလား ခင်ဗျား။
ကျွန်တော့် အဖေ လိပ်စာက
ဦး အောင်ဖေ
၁၂၃ ဗိုလ်ချုပ်လမ်း၊
ရန်ကုန်မြို့ ၊ မြန်မာပြည် ဖြစ်ပါတယ်။
သူရဲ့ တယ်လီဖုန်း နံပါတ်ကxxxxxxxxxxx ပါ။
ဒါမှမဟုတ် သူ့ကို ဆက်သွယ်ချင်ရင် xxxxxxxxကို ဆက်သွယ်လို့ ရပါတယ်။
ကျွန်တော့် စာကို ဂရုစိုက်ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ရိုးသားစွာဖြင့်
ကိုဗအောင်
၁၂၃ ဈေးလမ်း
ငွေရောင် ဆောင်းလွန်၊ မယ်ရီလန်း ပြည်နယ် ၂၀၉၁၀။

Wednesday, February 11, 2009

ခိုင်လှုံကြောင်း အထောက်အထားတွေ ရဖို့ ဘယ်လောက် ကြိုးစားထားသလဲ

ခရစ်ယာန် ဘာသာ ကိုးကွယ်သူ တယောက်ကို လ၀က တရား ရုံး တရားသူကြီးက နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ငြင်းပယ်လိုက်ပါတယ်။ ခရစ်ယာန် ဘာသာ ကိုးကွယ်သူက လူဆိုးတွေဟာ ၁) သူ့ရဲ့ လယ်ကို မီးရှို့ခဲ့တယ်၊ ၂) ခင်ပွန်းကို သတ်ခဲ့တယ်။ ၃)သမီးကိုလည်း ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
တရားသူကြီးက ခင်ဗျား လယ်ပိုင်တယ် ဆိုတဲ့ အထောက်အထားက ဘယ်မှာလဲ။ ဘယ်မှာလည်း မြေဂရမ်။ ဘယ်သူပြောလဲ ခင်ဗျား ပိုင်တယ်လို့။ ဘယ်မှာလည်း မီးရှို့ခံရတယ်ဆိုတဲ့ အထောက်အာထး။ ဘာဖြစ်လို့ ဓာတ်ပုံမရှိတာလဲ။ ဘေးခြံက လူက ဘာဖြစ်လို့ မီးလောင်သွားတဲ့ အကြောင်း ထောက်ခံစာ မရေးပေးနိုင်တာလဲ။

ခင်ဗျား ယောင်္ကျားက အသတ်ခံရတယ်လို့ ခင်ဗျားက ပြောသေးတယ်။ ဘယ်မှာလည်း သေစာရင်း၊ အုပ်ဂူဓာတ်ပုံ၊ သူ့ရဲ့ အလောင်းဓာတ်ပုံ။ အသုဘ အခမ်းအနား။

ခင်ဗျား သမီးလည်း အရိုက်ခံရတယ်ဆိုတယ်။ ဓာတ်ပုံတွေ ဘယ်မှာလဲ။ ဆေးရုံမှတ်တမ်း၊ သမီးဆီက ထောက်ခံစာ။

ခင်းဗျား တိုင်းပြည်က စာတစောင် ရဖို့ ခက်တယ်လို့ ဆိုတယ်။ ခင်ဗျားကို ဘယ်သူပြောသလဲ။ အမေရိကားနဲ့ ခင်းဗျား တိုင်းပြည်ကို ကူးချီသန်းချီ လုပ်နေတဲ့ သူတယောက်မှ မရှိဘူးလား။ သူတို့ထဲက တယောက်ယောက်က ဘာဖြစ်လို့ အဲဒီစာကို မသယ်ပေးနိုင်ရမှာလဲ။ ခင်ဗျားက အထောက်အထားတွေ ရအောင် ကြိုးစား မာန်တက် အားမထုတ်တာလဲ။ ခင်ဗျား ၁နာရီ အချိန်၊ ဒါမှမဟုတ် ဒေါ်လာ ၁၀ဖိုးလောက်တောင် အသုံးချပြီး ကြိုးစားခဲ့ရဲ့လား။

Wednesday, February 4, 2009

(Exhibit #2) နိုင်ငံရေး ခိုလှုံခွင့် ရချင်သူများ အားလုံးအတွက် မေးလေ့ရှိသော မေးခွန်းများ

၁။ ခရီးသွားလက်မှတ်အကြောင်း

နိုင်ငံခြား ခရီးသွားလက်မှတ် ကို ဘယ်တုန်းက ထုတ်ပေးထားတာလဲ။ ဘယ်တော့ သက်တမ်း ကုန်မှာလည်း။ အထဲမှာ ရှိတဲ့ တံဆိပ်တုန်းတွေရဲ့ အဓိပ္ပါယ်က ဘာလဲ။ ခင်ဗျားရဲ့ နိုင်ငံခြား ခရီးစဉ် အားလုံးကို သိလား။ အမေရိကန် ပြည်ထောင်စုက ခင်ဗျားကို ဘယ်တုန်းက ဗီဇာ ထုတ်ပေးထားတာလဲ။ ဗီဇာရအောင် လုပ်တုန်းက ဘာတွေ ပြောခဲ့သလဲ။ ဘယ်လို မေးခွန်းတွေ အမေးခံခဲ့ရသလဲ။ ဘယ်လို ဖြေခဲ့သလဲ။ ခင်ဗျား ညာခဲ့သလား။ မညာခဲ့ဘူးလား။

၂ မိသားစုဝင်များအကြောင်း

အားလုံး အခု ဘယ်မှာလဲ။ သူတို့ ဘာလုပ်သလဲ။ သူတို့တွေက ထောင်ထဲမှာလား။ ဘာဖြစ်လို့ ထောင်ထဲမှာ မဟုတ်တာလဲ။ ခင်ဗျားရဲ့ ကိစ္စကို ကျွန်တော်တို့ နာရီပေါင်း ၂၀နာရီ အသုံးချပြီး အလုပ်လုပ်မယ်။ ဘယ်လို အသုံးပြုနိုင်ရင် အကျိုးပိုရှိမလဲ။ ခင်ဗျား Winyourasylumcase ဘလောက်က မေးခွန်း အနဲဆုံး ၃ခုလောက်ကို ဖတ်ဖူးသလား။ အနီရောင် စာအုပ်ထဲကရော။ ခင်ဗျား အမေရိကားမှာ အဖွဲ့ ၀င်ဖူးသလား။ ခင်ဗျား အကြောင်းကို တယောက်ယောက်က မြန်မာပြည်ကို ဖုန်းဆက်ပြီး မေးရင် ပြန်ပြောပြ ပေးနိုင်မယ့်သူ ရှိလား။