Tuesday, April 19, 2011

မြန်မာပြည်က ခရစ်ယာန် တယောက်

အစိုးရရှေ့နေက မြန်မာပြည်က ခရစ်ယာန်တယောက်ကို မေးတဲ့ မေးခွန်းတွေကတော့

-မြန်မာပြည်မှာ နေတုန်းက ခင်ဗျား ဘုရားကျောင်းသွားတာကို တားတဲ့သူ ရှိခဲ့သလား။

-၂၀၀၉ခုနှစ်တုန်းက ဘုရားကျောင်းတွေ ပိတ်ခံရတာမျိုး ရှိသလား။
-၂၀၁၀မှာရော။
-အစိုးရက ခင်ဗျားကို ဘုရားကျောင်း မဆောက်ရဘူးလို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားမှာ ဆောက်လုပ်ခွင့် ပါမစ် မရှိလို့ မဟုတ်လား။
အမေရိကန်မှာ အဆောက်အဦးဆောက်ဖို့ ပါမစ်မလိုဘူးလား။ လိုတာပေါ့။

၂၀၀၇ကနေ ၂၀၀၉ခုနှစ် မှာနေတုန်းက ဘာပြဿနာ တခုမှ မရှိခဲ့ဘူး ဟုတ်လား။ ပြဿနာ တခုတောင် မရှိဘူးလား။

ခင်ဗျား ဒီဓာတ်ပုံကို ဘယ်လိုလုပ်ရသတုန်း။ တယောက်ယောက် ခင်ဗျားကို လက်ထဲ ပေးခဲ့တာလား။ အဲဒါဆို ဘယ်မှာလဲ စာအိပ်က။
ဒီစာရဲ့ မူရင်းက ဘယ်မှာလဲ။ ခင်ဗျား ဘယ်လိုလုပ် ရသလဲ။ စာတိုက်ကနေ ပို့လာတာလား။
၂၀၀၉ခုနှစ်နှစ်တုန်းက ရွာမှာ ဖြစ်ပျက်ခဲ့တာကို ခင်ဗျားဘယ်လိုလုပ်သိခဲ့တုန်း။ ခင်ဗျားပြောတော့ တယ်လီဖုန်း ရှိတဲ့အိမ်မရှိဘူးဆို။
ခင်ဗျားပြောတော့ ခင်ဗျား သူငယ်ချင်းက ခင်ဗျားကို တီဗွီပေါ်မှာ တွေ့လိုက်တယ်ဆို။ အဲဒါဆို သူက စာတစောင်တော့ ရေးပြီး ထောက်ခံပေးနိုင်တာပေါ့။
သူ့ကို ရေးရော ရေးခိုင်းခဲ့လို့လား။
ခင်ဗျားရဲ့ နိုင်ငံရေး ခိုလှုံခွင့် ကိစ္စကို အရေးမစိုက်နိုင်ဘဲ ဘာတွေနဲ့ အလုပ်ရှုတ်နေခဲ့တာလဲ။
ဗွီအိုအေ ဘယ်တုန်းက တီဗွီ စလွှင့်ခဲ့တာလဲ။

ခင်ဗျားကို အစိုးရက ၂၀၀၉ခုနှစ်မှာ ထောင်ထဲ ၁၀ရက် ထည့်ထားခဲ့တယ်ဆို။ အဲဒီ ပြဿနာ တခုထဲ ခင်ဗျားမှာ ရှိတာလာ။း ခင်ဗျား ဆန္ဒပြထားတဲ့ ဓာတ်ပုံတွေကို အင်တာနက်ထဲမှာ ထည့်ထားတာလား။ Facebook ရှိလား။ အဲဒီမှာရော တင်ထားတာလား။ ဘာဖြစ်လို့ ဘလောက်ထောင်ပြီး စာတွေ ရေးနေတာလဲ။ ဘာဖြစ်လို့ ခင်ဗျား ပုံကို Youtue မှာ ထည့်ထားတာလဲ။ အမေရိကန်ကို ရောက်တာနဲ့ ဘာလုပ်မယ်လို့ ရည်ရွယ်ခဲ့တာလဲ။ ခင်ဗျားကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ ဘယ်သူက တိုက်တွန်းခဲ့တာလဲ။
နိုင်ငံရေးခိုလှုံခွင့် အကြောင်း ဘယ်လို သိတာလဲ။ ဘယ်သူ ပြောပြတာလဲ။

No comments: