Tuesday, April 6, 2010

ကန်မရွမ်းနိုင်ငံက ယောက်ကလျာ လှုပ်ရှားရေးသမားလို့ အထင်ခံရသူ

ကန်မရွမ်းနိုင်ငံက မစ္စက် စီ က သူ့ကိုယ်သူ ဒီမိုကရေစီ ထောက်ခံသူပါလို့ ဆိုပါတယ်။ အစိုးရက သူ့ကို ယောက်ကလျာလို့ မှားယွင်းစွာ စွတ်စွဲတယ်လို့လည်း ဆိုပါတယ်။ ကန်မရွမ်းနိုင်ငံမှာ ယောက်ကလျာဖြစ်ခြင်းဟာ ရာဇ၀တ်မှုပါပဲ။ နိုင်ငံရေးခိုင်လှုံခွင့် အရာရှိကို သူ့ကို မေးတဲ့ မေးခွန်းတွေကတော့

ခင်ဗျားရဲ့ လျှောက်လွှာကို ခင်ဗျားနားလည်အောင် ခင်ဗျားဘာသာစကားနဲ့ ဖတ်ပြရဲ့လား။

ခင်ဗျားမှာ မူရင်းစာရွက်စာတမ်းတွေနဲ့ တံဆိပ်ခေါင်းပါတဲ့ စာအိပ်တွေရှိလား။
ခင်ဗျားကို ဘယ်သူက နိုင်ငံရေးခိုလှုံခွင့်အကြောင်းပြပြောတာလဲ။
ခင်ဗျား အမေရိကန်ကို ရောက်တာပြီးခဲ့တဲ့ ဆယ်တလကျော်လောက်ကတည်းက ရောက်နေတာမဟုတ်လား။ ဘာဖြစ်လို့ အဲဒီလောက်နောက်ကျပြီးမှာ လျှောက်ရတာလဲ။

ခင်ဗျားမှာ ရှေ့နေငှားဖို့ ပိုက်ဆံလုံလုံလောက်လောက် မရှိလို့လား
ခင်ဗျား က နိုင်ငံရေး အဖွဲ့အစည်းတခုခုရဲ့ အသင်းဝင်လား။
ခင်ဗျားက အသင်းဝင်လား။
ခင်ဗျားဟာ အဲဒီ အဖွဲ့ကဆိုတာ သိဖို့ မှတ်ပုံတင်ထားတာလား
ခင်ဗျားအဲဒီအဖွဲ့အတွက် ဘာလုပ်ပေးရတာလဲ။
လက်ကမ်းစာဆောင်ဝေတာတို့၊ စာရွက်စာတမ်းထုတ်တာတို့အပြင် ဘာတွေ လုပ်ပေးရသလဲ။
အလှူငွေတောင်းတာတို့၊ ရံပုံငွေရှာတာတို့ အပြင် ဘာရှိသေးလဲ။

ရုံးခန်းထဲမှာ လုပ်ရတာရှိလား။

အဲဒီ လက်ကမ်းစာဆောင်တွေထဲမှာ ဘာတွေ ရေးထားလဲ။ ကျွန်တော့်ကို ရေးပြပါ။
အဲဒီ လက်ကမ်းစာဆောင်ထဲမှာ ရေးထားတာတွေက အမြဲပဲ တူနေတာလား။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကရောဘာတွေ ရေးထားတာလဲ။

တကယ်လို့ ခင်ဗျားတိုင်းပြည်ကို မနက်ဖြန်မှာ ပြန်ခဲ့တယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ ဘာကြောင့်လဲ။

ခင်ဗျားလိုမျိုးပဲ တခြားလူတွေလည်း အဲဒီလိုပဲ ဆက်ဆံခံရတာလား။
ပြီးခဲ့တဲ့ ခြောက်လအတွင်း ခင်ဗျားလိုပဲ တခြား တယောက်ယောက်ကို ဆက်ဆံတာမျိုး ရှိသလား။
ခင်ဗျားကို ကိုယ်ထိလက်ရောက် စော်ကားသလား။ ဘာလက်နက်တွေသုံးသလဲ။
ခင်ဗျား စိတ်ပိုင်းဆိုင်ရာရော အနှောက်အယှက်ပေးခံရသေးလား
တယ်လီဖုန်းပေါ်က ခင်ဗျားကို ဘာပြောတာလဲ။
သူက ဘာစကားနဲ့ ပြောတာလဲ။ ခင်ဗျား စီးပွားရေးရော ထိခိုက်နစ်နာခဲ့ရသလား။ ခင်ဗျား ပိုက်ဆံတွေ ဘယ်လောက်ဆုံးရှုံးသွားလဲ။

အဲဒါတွေ ဖြစ်ပြီးတော့ ခင်ဗျား ရဲကို သွားမတိုင်ဘူးလား။ ဘာလို့ သွားမတိုင်တာလဲ။
ခင်ဗျား သူငယ်ချင်းတွေကရော ရဲစခန်းသွားတိုင်ဖို့ မပြောဘူးလား
ခင်ဗျားတို့တိုင်းပြည်မှာ ရဲ က ရာဇ၀တ်မှုမှာ အနစ်နာခံရသူကို ရော်ကြေးပေးခိုင်းတာလား။
ခင်ဗျားကို ဘာလို့ ပြစ်မှတ်ထားနေရတာလဲ။
ခင်ဗျားက ဘာတွေများ ထူးခြားနေလို့လဲ။
တယ်လီဖုန်းမှာ ခင်ဗျားကို ဘာတွေနဲ့ ချိန်းခြောက်သလဲ။ တလမှာ ဘယ်နှစ်ကြိမ်လောက်ရှိသလဲ။
ဖုန်းခေါ်တဲ့သူက အမြဲတမ်း အတူတူပဲလား။

ခင်ဗျားတိုင်းပြည်ကနေထွက်လာတာက ၁၃လရှိသွားပြီမဟုတ်လား။
ခင်ဗျားကို အစိုးရအရာရှိတွေ လိုက်ရှာနေသေးလား။
ခင်ဗျားဘယ်လိုလုပ်သိလဲ။
ခင်ဗျားရဲ့ အဖေကို ရဲတို့ ဘာတို့က ခင်ဗျားအကြောင်းကို လာမေးသေးလား။ ဘယ်တုန်းကလဲ။ သူတို့က ဘာသိချင်တာလဲ။
ခင်ဗျားက နိုက်ဂျီးရီးယာကို သွားခဲ့သေးတာလား။ ပြီးတော့ခင်ဗျားတိုင်းပြည်ကို ပြန်လာရောလား။ ခင်ဗျားပြောတော့ ခင်ဗျားတိုင်းပြည်က အန္တရာယ်ရှိတယ်ဆို။ ဘာလို့ အန္တရာယ်ရှိတဲ့ တိုင်းပြည်ကို စိတ်တိုင်းကျ ပြန်သွားတာလဲ။
ဘာမှ ရွေးချယ်စရာလမ်းမရှိလို့ ခင်ဗျားပြောတယ် ဟုတ်လား။ တခြားတိုင်းပြည်မှာ သွားနေဖို့ ခင်ဗျားမှာ ပိုက်ဆံလုံလုံလောက်လောက်မရှိဘူး ဟုတ်လား။ ခင်ဗျားရဲ့ သဌေးဦးလေးစီက ဘာလို့ မချေးခဲ့တာလဲ။ ဘူအဲနာမြို့မှာ ခင်ဗျား ပြဿနာတွေ အများကြီးတတ်ခဲ့တာလား။ အိုကေ အဲဒါဆိုရင် ဘာဖြစ်လို့ ယောင်ဦးဒေ မြို့မှာ သွားမနေတာလဲ။ ဗာမာန်ဒါမှာရော သွားမနေဘူးလား။

ခင်ဗျားတိုင်းပြည်မှာ လိမ်တူဆက်ဆံခြင်းဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြောထားတဲ့ တရားဥပဒေရှိတာလား။

အဲဒီလို ကိစ္စနဲ့ လူတယောက်ယောက် အဖမ်းခံရတာကိုများ ခင်ဗျားသိသလား။
အဲဒီ ကိစ္စအကြောင်းကိုရော ခင်ဗျားတိုင်းပြည်က သမ္မတက ပြည်သူတွေကြားပြောတာဆိုတာတွေ ရှိသလား။

[အခု နိုင်ငံရေး ခိုင်လှုံခွင့် လျှောက်ထားသူရဲ့ ခြေထောက်မှာ အမာရွတ် ၃ခု ရှိပါတယ်။ အဲဒါတွေဟာ လူဆိုးတွေကြောင့် မဟုတ်ပါဘူး။ ပြီးတော့ သူ့ရဲ့ လစာ တ၀က်ကို အတင်းအဓ္ဓမ ထုတ်ပေးခိုင်းတာကလည်း ၂၀၀၆ခုနှစ်တုန်းက တခါတည်းပါ။ သူပြောလို့ရတာက ကျမ ခဏခဏပဲ ပေးရပါတယ်။ ၂၀၀၇မှာရော၊ ၂၀၀၈မှာရော၊ ၂၀၀၉ မှာရော ပေးရတာပါ။ ဒါပေမဲ့ သူမပြောပါဘူး။ သေချာတာက သူပြောချင်တာကို ပုံကြီးချဲ့ မပြောတတ်ပါဘူး။ လှလှပပ ရေရေလည်အောင်လည်း မပြောပါဘူး။ သူညာလို့ ရတဲ့အချိန်မှာ မညာပါဘူး။ အဲဒါကြောင့် နိုင်ငံရေး ခိုင်လှုံခွင့် အရာရှိက သူ့ကို ကြိုက်ပါတယ်။]