Tuesday, October 27, 2009

ညာနေတယ်ဆိုတာကို တရားသူကြီး ဘယ်လိုသိသလဲ။

Mitondo v. Mukasey ရဲ့ တရားရုံးအမှုမှာတော့ လူလိမ်တယောက်ဟာ အသေးစိတ်အချက်တွေ အများကြီးကို မပြောဖို့ အလားအလာ ရှိပါတယ်တဲ့။ အချက်အလက်အပိုတွေ အများကြီး ပေးလေလေ နောက်ပိုင်းမှာ အဲဒီအချက်အလက်တွေ တချို့ဟာ မဟုတ်ဘူးဆိုတာကို ဖြစ်စေဖို့ အခွင့်အလမ်းများပါတယ်။ အဲဒါကြောင့် လူလိမ်ဟာ နည်းနည်းပဲ ပြောမယ်၊ အသေးစိတ်အချက်အလက်ကို နည်းနည်းပဲ ပြောမယ်။

လူလိမ်တွေဟာ သူတို့ လိမ်ထားတာတွေနဲ့ တက်နိုင်သမျှ စိတ်ထဲမှာ ခွဲခြားထားလေ့ရှိပါတယ်။ အဲဒါကြောင့် သူတို့အကြောင်းတွေရယ်၊ သူတို့ ခံစားချက်တွေကို အဲဒီ လိမ်ညာထားတာတွေထဲမှာ ထည့်ပြောလေ့ မရှိပါဘူး။

လူလိမ်တယောက်က “ရဲက ငါ့ကို ရိုက်နှက်တယ်”လို့ ပြောမယ်။ အမှန်တကယ် လူဆိုရင်တော့ “ဒီရဲက ငါ့ အထက်တန်းကြောင်းက သင်္ချာဆရာနဲ့တူတယ်။ သူ့ရဲ့ နပတ်ဒုတ်ကို ဆွဲထုတ်လိုက်တော့ ငါ့ကိုတော့ ရိုက်ပြီဆိုတာကို သိလိုက်တယ်။ ဒါဆိုရင် င့ါမျက်မှန်တော့ ကွဲပြီ။ သူရိုက်လိုက်တော့ ငါ့လည်ပင်းတွေမှာ သွေးတွေစီးလာတာကို ခံစားရတယ်။ ခေါင်းတွေ မူးလာတယ်။ ငါ့မျက်စိကို မရိုက်မိပါစေနဲ့လို့ပဲ ဆုတောင်းမိတယ်။”

ခင်များစိတ်ထဲမှာ ဘာတွေ ဖြစ်သွားသလဲ (ရဲက ခင်ဗျားအခန်းထဲကို ၀င်လာတော့) ဆိုတဲ့မေးခွန်းဟာ အမှန်တကယ်ဖြစ်ခဲ့သူတွေအတွက် ဖြေဖို့ရာ လွယ်ကူပါတယ်။

အမှန်တကယ်ပြောသူတွေမှာလည်း မမှတ်မိတတ်တာတွေ ရှိပါတယ်။ သူတို့လည်း တချို့ အသေးစိတ်အချို့တွေကို မေ့တာ ရှိပါတယ်။ မေ့သွားတယ်ဆိုတာကိုလည်း ၀န်ခံဖို့ ၀န်မလေးပါဘူး။ လူလိမ်တွေကတော့ သူတို့ရဲ့ မဟာ မှတ်ဥာဏ်ကို အစွမ်းပြပါတယ်။ သူတို့ အသေးဆုံး အချက်အလက်တွေကိုလည်း မှတ်မိတယ်လို့ ဆိုပါတယ်။