Thursday, May 12, 2011

ကွန်ဂိုနိုင်ငံ ကင်ချာစာ မြို့က လှုပ်ရှားသူ ကို မေးတဲ့ မေးခွန်းများ။


နိုင်ငံရေး ခိုလှုံခွင့် အရာရှိက မေးတဲ့ မေးခွန်းတွေကတော့…

ခင်ဗျားနာမယ်က ဘာလဲ။ နိုင်ငံကူးလက်မှတ်ထဲက နာမယ်က ဘာလဲ။ ပြည်ဝင်ခွင့် ဗီဇာမှာရော၊ ခင်ဗျားရဲ့ မှတ်ပုံတင်ထဲမှာက ဘာနာမယ်လဲ။ ခင်ဗျား နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာ စာမျက်နှာ ၁က အချက်အလက်တွေကို မကြည့်ဘဲနဲ့ အလွှတ်ပြန်ပြောနိုင်မလား။ အဆင်သင့်ဖြစ်တဲ့အခါ ပြောပါ။

ခင်ဗျားရဲ့ မိသားစုဝင် တဦးချင်းက အခု ဘယ်နေရာတွေမှာ နေသလဲ။ သူတို့တွေက ဘာတွေ လုပ်နေတာလဲ။ ခင်ဗျားအဖေရဲ့ အလုပ်အကိုင်က ဘာလဲ။ ခင်ဗျားတိုင်းပြည်ထဲမှာ ခင်ဗျားရဲ့ အလုပ်က ဘာလဲ။ ခင်ဗျား လျှောက်လွှာက စာမျက်နှာလေးမှာ ရေးထားတဲ့ အချက်တွေကို အလွှတ်ပြောပြနိုင်မလား။ စာမျက်နှာ ၄မှာ ခင်ဗျားရဲ့ အလုပ်အကိုင်ရာဇ၀င်ကို အကြောင်းကို မေးမထားဘူးလား။ အလွှတ်ပြောပြနိုင်မလား။

ဒီနေ့မှာ ဘာကြောင့် နိုင်ငံရေး ခိုလှုံခွင့် လာတောင်းရသလဲ။
ဘာကြောင့် ခင်ဗျားတိုင်းပြည်ကို ပြန်လို့မရတာလဲ။ ဘာကြောင့် ခင်ဗျားအစိုးရက ခင်ဗျားကို နာကျင်စေချင်ရတာလဲ။ ခင်ဗျားတိုင်းပြည်ထဲမှာ ခင်ဗျားအတွက် ပြဿနာတွေ ရှိနေခဲ့တာလား။

၂၀၀၉ခုနှစ် ဇူလိုင်လမှာတုန်းက ခင်ဗျားအိမ်မှာ ခင်ဗျားဟာ အဖမ်းခံခဲ့ရတယ်လို့ ဆိုတယ်။ အဲဒီတုန်းက စစ်သားတွေက ခင်ဗျားကို ဘာပြောခဲ့သလဲ။ သူတို့တွေက ဘာစကားနဲ့ ပြောတာလဲ။ အဲဒီအချိန်တုန်းက အိမ်ထဲမှာ ဘယ်သူတွေ ရှိနေတာလဲ။ ၂၀၀၉ ဇူလိုင်မှာ ခင်ဗျားဟာ ဘာကြောင့် အဖမ်းခံခဲ့ရတာလဲ။ အရင်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ အစိုးရက ခင်ဗျားကို စိတ်ဆိုးသွားရအောင်။

မစ္စတာ တယောက်က အစိုးရက ခင်ဗျားကို လိုက်ရှာနေတာနဲ့ ပတ်သက်လို့ ပြောခဲ့တာလား။ ပြီးခဲ့တဲ့ ၂လအတွင်း ခင်ဗျားတိုင်းပြည်ထဲမှာ ရှိနေတုန်းက ခင်ဗျား ဘယ်တွေမှာ အိပ်ခဲ့သလဲ။ ခင်ဗျားရဲ့ နိုင်ငံရေး လျှောက်လွှာ I-589 စာမျက်နှာ ၄မှာ ဘယ်လို ပြောထားသလဲ။
၂၀၁၁ ဇန်န၀ါရီလထဲမှာ အစောင့်က ဘာပြောခဲ့တာလဲ။ သူက ဘယ်စကားနဲ့ ပြောခဲ့တာလဲ။

နိုင်ငံကူး လက်မှတ်

ခင်ဗျားရဲ့ နိုင်ငံကူး လက်မှတ် အကြောင်း ပြောစို့။ ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။ ဘယ်လို ရယူခဲ့တာလဲ။ အစိုးရ ရုံးထဲကို လမ်းလျှောက်ဝင်ပြီး လူတယောက်က ခင်ဗျား လက်ထဲကို ထည့်ပေးလိုက်တာလား။ ဒါမှမဟုတ် တခြား တယောက်ယောက်က သွားပြီး ခင်ဗျားအတွက် ယူပေးခဲ့တာလား။ ဒါမှမဟုတ် အစိုးရက ခင်ဗျားစီကို စာတိုက်က ပို့ပေးလိုက်တာလား။

ခင်ဗျားတိုင်းပြည်က ထွက်လာခဲ့တုန်းက လေဆိပ်မှာ ပြဿနာ တတ်ခဲ့သေးသလား။ လေယာဉ်လက်မှတ်ဖိုး ဘယ်သူပေးခဲ့သလဲ။ ဒီနေ့ ခင်ဗျားတိုင်းပြည်ကို ပြန်သွားခဲ့ရင် ဘာတွေ ဖြစ်မှာလဲ။ ဒီနေ့ ခင်ဗျားအစိုးရက ခင်ဗျားကို ဘာကြောင့် နာကျင်စေချင်ရတာလဲ။ သူတို့ ခင်ဗျားကို မေ့သွားပါပြီ။ မဟုတ်ဘူးလား။ ခင်ဗျားမိသားစုဝင် တယောက်ယောက်နဲ့ နောက်ဆုံး ဘယ်တုန်းက စကားပြောခဲ့သလဲ။ သူက ဘာပြောသလဲ။

ဘာပြောချင်တာရှိသေးသလဲ။ ဘာလဲ။ ဟုတ်ပါပြီး။ တခြားရော ဘာပြောချင်သေးသလဲ။

No comments: