Tuesday, August 26, 2008

မြန်မာ့ နိုင်ငံရေးလှုပ်ရှားသူ တစ်ဦးကို မေးသော မေးခွန်းများ

နိုင်ငံရေး ခိုလှုံခွင့်ရုံးက အရာရှိက ခင်ဗျားရဲ့ လိပ်စာက ဘယ်မှာလဲလို့ မေးပါတယ်။ တကယ်ပဲ အဲဒီမှာ နေပါသလား။ ခင်ဗျားရဲ့ လက်ကိုင်ဖုန်းနံပါတ်က ဘာလဲ။ ဘာဖြစ်လို့ အရှေ့ဆုံး နေရပ် နံပါတ်က အဝေးကြီးမှာဖြစ်နေရတာလဲ။ ခင်ဗျား အဲဒီနေရာမှာ နေတာလား။ ခင်ဗျား ဘယ်သူနဲ့ နေတာလဲ။ သူ့က ဘယ်လို နေထိုင်ခွင့်ရှိတာလဲ။

ခင်ဗျား ဘယ်တုန်းက တိုင်းပြည်က ထွက်လာတာလဲ။ အမေရိကားကို ဘယ်တုန်းက နောက်ဆုံးရောက်တာလဲ။ ခင်ဗျား အမေက အခု ဘယ်မှာလဲ။ အဖေကရော။ နံပါတ် ၁ အစ်ကိုရော။ နံပါတ် ၂ကရော။ နံပါတ် ၁ အစ်မက စင်္ကာပူမှာ နေတာလား။ သူက ဘယ်လို နေထိုင်ခွင့်နဲ့ နေနေတာလဲ။

ခင်ဗျားရဲ့ ပတ်စ်ပို့ကို ပြပါ။ ဘယ်တုန်းက ထုတ်ပေးထားတာလဲ။ အမေရိကားက ခင်ဗျားကို ဘယ်တုန်းက ဗီဇာပေးတာလဲ။ ကမ္ဘာ့ တခြား ဘယ်တိုင်းပြည်တွေကို ခရီးသွားသေးသလဲ။ ဘာဖြစ်လို့ အဲဒီတိုင်းပြည် တခုခုမှာ ခင်ဗျား နေထိုင်ခွင့် မရနိုင်တာလဲ။ ဒီ ပတ်စ်ပို့ကို ခင်ဗျားဘယ်လိုရသလဲ။ ခက်ခက်ခဲခဲ ရယူရသလား။ ခင်ဗျား လာဘ်ထိုးရသေးသလား။ ဘယ်လောက်ပေးရသလဲ။

ဘာဖြစ်လို့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားရသလဲ။ ခင်ဗျား ဘယ်တုန်းက မြန်မာပြည်က ထွက်လာတာလဲ။ အဲဒီတုန်းက အစီအစဉ်က ဘာလဲ။ အဲဒီတုန်းက အမေရိကန်နိုင်ငံနဲ့ ပတ်သက်ပြီးရော၊ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားဖို့ စည်းမျှဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးရော ခင်ဗျား သိထားတာတွေက ဘာလဲ။ ခင်ဗျား မသိခဲ့ဘူးဆိုရင် အစီအစဉ် သေသေချာချာ မရှိခဲ့ဘူးဆိုတဲ့သဘောပေါ့ ဟုတ်လား။

မြန်မာပြည်မှာ ခင်ဗျား အနာခံခဲ့ရသလား။ ခင်ဗျား ခန္ဓာကိုယ်အရ အနာခံခဲ့ရသလား။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံခဲ့ရသလား။ စီးပွားရေးအရ ထိခိုက်ခံခဲ့ရသလား။ ခင်ဗျားက မြန်မာပြည်ရဲ့ အဖွဲ့အစည်း တခုခုမှာ အသင်းသား တစ်ယောက် ဖြစ်သလား။ ခင်ဗျား အဖေက မြန်မာပြည်မှာ ဘာ အလုပ် လုပ်သလဲ။ အမကရော။ အစ်ကိုကရော။

အမေရိကန်ရဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်လို သိရသလဲ။ အဲဒီ ဆန္ဒပြပွဲတွေကို ဘယ်သူက စီမံတာလဲ။ ခင်ဗျား အစိုးရဘက်က ထောက်လှမ်းရေးတွေ ဆန္ဒပြ အုပ်စုထဲမှာ ရှိနေမှာကို စိတ်မပူဘူးလား။ အဲဒါဆို ဘာဖြစ်လို့ ဆန္ဒပြသလဲ။ ခင်ဗျား ဆန္ဒပြနေတဲ့ပုံကို ဘာဖြစ်လို့ ခင်ဗျားသူငယ်ချင်းက ဓာတ်ပုံရိုက်လိုက်ရတာလဲ။ ဒီဓာတ်ပုံဟာ ခင်ဗျားကို ဒုက္ခမပေးနိုင်ဘူးလား။ ခင်ဗျား သံရုံးထဲကနေ လူတစ်ယောက်က ဓာတ်ပုံလှမ်းရိုက်နေတာကို တွေ့လား။ ဘာဖြစ်လို့ သူက ဓာတ်ပုံတွေ ရိုက်နေရတာလဲ။ ခင်ဗျားပြောတော့ ခင်ဗျားရဲ့ အစိုးရကို ကြောက်တယ်ဆို၊ အခုတော့ ဆန္ဒလာပြနေပါလား။ ပြောတာတမျိုး လုပ်တာတမျိုး ဖြစ်မနေဘူးလား။

ခင်ဗျား အစ်မ (အစိုးရအပေါ်) သစ္စာမရှိတဲ့ အကြောင်း ခင်ဗျားရဲ့ အစိုးရက ဘယ်လို လုပ်သိသွားရသလဲ။ ခင်ဗျား အစ်မ စာရေးခဲ့သလား။ သူရဲ့ အသေးစိတ် အချက်အလက်တွေဟာ ခင်ဗျားပြောတဲ့ အချက်တွေနဲ့ ကိုက်ညီရဲ့ လား။ အသေးစိတ်အချက်အလက်တွေကို ခင်ဗျား များများ ရေးချထားတော့ ခင်ဗျား များများ မှတ်မိသင့်တာပေါ့။