Thursday, May 12, 2011

Central African Republic နိုင်ငံက နိုင်ငံရေး လှုပ်ရှားသူ (အပိုင်း၁)

နိုင်ငံရေးခိုလှုံခွင့် အရာရှိက မေးခွန်းတွေ မေးပါတယ်။

ခင်ဗျား နိုင်ငံကူးလက်မှတ် စာအုပ်မှာရှိတဲ့ စာမျက်နှာတိုင်းကို ကူးထားတဲ့ မိတ္တူအပြည့်အစုံက ဘယ်မှာလဲ။ (စာမျက်နှာလွှတ်တွေက အစ) ခင်ဗျားကို တခြား နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖူးတာမျိုးရှိသလား။ အဲဒီ စာအုပ်တအုပ်ချင်းစီက ဘယ်မှာလဲ။ ဘယ်သူကိုင်ထားသလဲ။
ခင်ဗျား သွားခဲ့ဖူးတဲ့ နိုင်ငံတကာ ခရီးစဉ်အကြောင်းကို ပြောပါဦး။ ဘယ်ကိုသွားခဲ့တာလဲဆိုတာပါ ထည့်ပြောပါ။ ခင်ဗျားဘယ်လောက်ကြာနေခဲ့တာလဲ။ အဲဒီတိုင်းပြည်တွေမှာ ခင်ဗျား ဘယ်လိုနေထိုင်ခွင့်နဲ့ နေခဲ့တာလဲ။
အမေရိကန် သံရုံး တခုချင်းကို သွားခဲ့တဲ့ အကြောင်းကို ပြောပြပါ။ ခင်ဗျား ဘာကို လျှောက်ထားခဲ့တာလဲ။ ခင်ဗျား ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာ အပယ်ခံရသလား။
ကျုပ် (နိုင်ငံရေးခိုလှုံခွင့်အရာရှိ) လက်ထဲမှာ အခု ကိုင်ထားတာက ပြီးခဲ့တဲ့ ၅နှစ်လောက်က ခင်ဗျားလျှောက်ထားတဲ့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာ မိတ္တူပဲ။ ခင်ဗျား ပြည်ဝင်ခွင့် ဗီဇာ ရဖို့ ညာပြောခဲ့ရသေးသလား။ ဘာကြောင့်လဲ။
ခင်ဗျားက နိုင်ငံရေး ပါတီတခုရဲ့ အဖွဲ့ဝင်လား။ ဘယ်မှာလဲ အသင်းဝင် ကဒ်ပြားက။ ခင်ဗျားရဲ့ ကဒ်ပြားမှာ ဘာတွေ ရေးထားသလဲ။ ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။ ဘယ်တုန်းက သက်တမ်းကုန်သွားတာလဲ။ ခင်ဗျားရဲ့ အသင်းဝင်ကဒ်မှာ ဘာကြောင့် ကွက်လပ်တွေနဲ့ တချို့ မပြည့်စုံတဲ့ အချက်အလက်တွေ ရှိနေရတာလဲ၊
အဲဒီ ကဒ်ပြားမှာရှိတဲ့ ရက်စွဲတွေက တိတိကျကျရှိရဲ့လား။

No comments: