Wednesday, July 28, 2010

သိပ်ပြီးလည်း နာမည် မကြီး၊ လူဆိုးစာရင်းထဲလည်း မ၀င်နိုင်

ဟူအာ လန်း အန် ဆိုတဲ့အမျိုးသမီးတဦးဟာ တရုတ် သံရုံး အစိုးရ အဆောက်အဦ အရှေ့မှာ ဆန္ဒခဏခဏပြခဲ့ပေမဲ့လည်း နိုင်ငံရေး ခိုလှုံခွင့် ငြင်းပယ်ခံရပါတယ်။

တရားသူကြီးက ပြောတာက

၁)ဓာတ်ပုံတွေမှာ သူ့ဟာ ဘယ်သူလည်း ဆိုတာ ပြောမပြနိုင်ပါဘူး။
၂) အင်တာနက်ပေါ်မှာလည်း စာတွေ တခါမှ မရေးဖူးပါဘူး။
၃) ဘယ်လိုမှ သူ့ကို တွေ့ဖို့ ဖြစ်မဖြစ်နိုင်ပါဘူး။

တကယ်လို့ ပြန်ပို့ခံရရင် ခင်ဗျားတိုင်းပြည်မှာ ဘာတွေလုပ်ဖို့ ရှိသလဲ။

ပါကစ္စတန်က မစ္စ အာမက် ကို နိုင်ငံရေး ခိုလှုံခွင့် မပေးပါဘူး။ သူဟာ ပုဝါမခြုံချင်ပါဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ နေ့တိုင်း တနေ့ကို ၅ကြိမ်လည်း မရှိခိုးနိုင်ပါဘူး။ ယောကျာင်္းတယောက် ယောက်က အနားမှာ မရှိရင်တော့ အိမ်တွင်းထဲ တချိန်လုံး မနေချင်ပါဘူး။ ဒါပေမဲ့ သူထွက်ဆိုတာက သူ့မှာ ရွေးချယ်စရာ လမ်းမရှိလို့ ပုဝါလည်း ခြုံခဲ့ရတယ်၊ ၅ကြိမ် ရှိခိုးခဲ့တယ်၊ အိမ်တွင်းထဲ ပုန်းခဲ့ရတယ်လို့ ဆိုပါတယ်။

သူ ထွက်မဆိုတာကတော့….

“ကျမဟာ အမေရိကန်မှာ နေလာတာ သိပ်ကြာခဲ့ပါပြီ၊ အခုတော့ ကျမ အရင်ကနဲ့ မတူတော့ပါဘူး၊ ကျမရဲ့ တိုင်းပြည်က အူကြောင်ကြောင် စည်းကမ်းတွေကို ဆန့်ကျင်ဖို့ အဆင်သင့်ကို ဖြစ်နေပါပြီ။ အဲဒီလို ထုံးတမ်းစဉ်လာတွေကို လုပ်ဖို့အင်မတန်ကို ရွှံမုန်းနေပါပြီ။ အဲဒါကြောင့် ကျမဟာ ဒါတွေကို လုပ်မှာ မဟုတ်တော့ပါဘူး။ ကျမကိုပဲ ဖမ်းလိုက်စေချင်ပါတော့တယ်။ ရိုက်နှက်တာကိုပဲ ခံချင်ပါတော့တယ်၊ ကျမ ဂရုမစိုက်နိုင်တော့ပါဘူး၊ ကျမ ခေါင်းမှီးမခြုံတော့ဘူး၊ ၅ကြိမ် မရှိခိုးတော့ဘူး၊ အိမ်တွင်းလည်း မပုံးနိုင်တော့ဘူး၊ ဒါတွေကို လုံးဝမလုပ်တော့ဘူး…….”

ညှင်းစဲခံပြီးနောက်ပိုင်း စိတ်ဓာတ်ကျသလား

လူမှုရေး လုပ်သားတယောက်က အရိုက်နှက်ခံရပြီး မုဒိန်းအကျင်းခံရတဲ့ မစ္စတဦးကို အခုလို မှတ်ချက်တွေ ရေးပေးပါတယ်။

- မစ္စ က သူဟာ စိတ်ဓာတ်ကျနေပါတယ်။ ပုံမှန် လှုပ်ရှားမှုတွေမှာတောင် မသာယာနိုင်ဘူး၊ ညည အိပ်မက်ဆိုးတွေလည်း မက်ပါတယ် လို့ ကျွန်တော့ကို ပြောပါတယ်။
-ငှက်လေးတွေ ကြည့်တာကို ကြိုက်ခဲ့တယ်။ အခုတော့ ငှက်လေးတွေကို တွေ့တဲ့အခါ ဘယ်လိုမှ ဂရုမစိုက်နိုင်တော့ပါဘူးတဲ့။
-သူဟာ မုဒိန်းကျင့်ခံရလို့ အင်မတန် အရှက်ရ ရပါတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။
-ထောင်ထဲရဲ့ သူ့အခန်းက အနံ့ကို အခုထိ မှတ်မိနေတုန်းပါ။
-စားချင်သောက်ချင်စိတ်တွေလည်း ပျောက်ကုန်တယ်လို့ မစ္စက ပြောပါတယ်။ ကိုယ်အလေးချိန်လည်း လျော့သွားတယ်။ တခါ အိပ်ရင် ၃နာရီကြာအောင်ပဲ အိပ်နိုင်တယ်လို့ ဆိုပါတယ်။
-လွယ်လွယ်နဲ့ လန့်ဖြန့်နေတယ်၊ ကားတခါး ပိတ်လိုက်တဲ့အသံကြားရင်တောင်မှ ထခုန်မိတဲ့အဖြစ်ပါ။
-အချိန်တွေ ကြာလာလို့ တဖြေးဖြေး သက်သာလာပါတယ်။
-မုဒိန်းအကျင့်ခံရတဲ့အကြောင်းကိုတော့ သိပ်မပြောချင်ပါဘူး။

Monday, July 5, 2010

ဖလွန်ဂေါင်း အသင်းဝင် နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်ခံရ

---ပြည်နယ်က တရားရုံးချုပ်က တရုတ်ပြည် ဘာသာရေး အဖွဲ့ဖြစ်တဲ့ ဖလွန်ဂေါင်း အသင်းဝင် တယောက်ကို အမေရိကန်နိုင်ငံကနေ နှင်ထုတ်သင့်တယ်လို့ ဆုံးဖြတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့
၁။ သူဟာ အဓိကကျတဲ့ ခေါင်းဆောင်မဟုတ်ပါဘူး
၂။ အမေရိကန်မှာ ရှိတုန်း ဖလွန်ဂေါင်း အဖွဲ့ဝင် တဦးဖြစ်တဲ့ကိစ္စကို တရုတ်အစိုးရက သိတယ်ဆိုတာနဲ့ ပတ်သက်လို့ ဘယ်လို အထောက်အထားမှ မရှိပါဘူး။
၃။ ပြီးတော့ တရုတ်ပြည် ပြန်ခဲ့ရင် ၁) ဖလွန်ဂေါင်း ဘာသာရေး လှုပ်ရှားမှုတွေကို ပြည်သူတွေကြားမှာ လှုပ်ရှားမယ်၊ ၂) ဖလွန်ဂေါင်းအဖွဲ့ဝင်အဖြစ် ပွင့်ပွင့်လင်းလင်း ရပ်တည်မယ်။

စတာတွေကို တရားရုံးမှာ မပြောပြလို့ပါပဲ။