Friday, June 24, 2011

C.A.R နိုင်ငံက နိုင်ငံရေး လှုပ်ရှားသူ (အပိုင်း၂)

နိုင်ငံရေးခိုလှုံခွင့် အရာရှိက မေးခွန်းတွေ မေးခဲ့ပါတယ်။

ခင်ဗျားရဲ့ စကားပြန်က အပြာရောင် စာရွက်ကို ခင်ဗျားကို ခင်ဗျားရဲ့စကားနဲ့ ဖတ်ပြခဲ့သလား။ ခင်ဗျားရဲ့ ခိုလှုံခွင့် လျှောက်လွှာကို ခင်ဗျားဘာသာနဲ့ ဘယ်သူက ဖတ်ပြခဲ့သလဲ။ လျှောက်လွှာကို ဘယ်သူ ဖြည့်ပေးသလဲ။ ခင်ဗျားမှာ ကလေး ၂ယောက်ရှိတယ်ဟုတ်လား။ သူတို့တွေ တယောက်စီက ဘယ်မှာနေတာလဲ။ သူတို့တွေက ဘာလုပ်တာလဲ။ ခင်ဗျားအဖေအကြောင်း ပြောပါဦး။ သူက ဘာလုပ်တာလဲ။ စာမျက်နှာ ၄မှာ ဘာကြောင့် အမှားတွေရှိနေရတာလဲ။ စာမျက်နှာ ၄မှာ ခင်ဗျားက အမှားတွေလုပ်ထားတယ် ဟုတ်လား။ ဘာကြောင့်လဲ။

ဘယ်တုန်းက အတိုက်အခံ ပါတီထဲ ၀င်ခဲ့တာလဲ။ ဘာလို့ဝင်ခဲ့တာလဲ။ သူတို့ရဲ့လမ်းစဉ်ကဘာလဲ။ သူတို့ရဲ့ ပန်းတိုင်က ဘာလဲ။ သူတို့ရဲ့ အစီအစဉ်က ဘာတွေလဲ။
ခင်ဗျားရဲ့ ပါတီက အစီအစဉ် ခိုင်ခိုင်မာမာ ရှိခဲ့တာလား။ ဒါမှမဟုတ် ဟိုသွားဒီသွားနဲ့စကားတွေပဲ ပြောနေတာလား။ ခင်ဗျားရဲ့ သူငယ်ချင်းက ခင်ဗျားကို အသင်းဝင်ဖို့ ပြောခဲ့တာလား။ ခင်ဗျား အသင်းဝင်ဖို့က ဘယ်အရာက လှုံ့ဆော်ခဲ့တာလဲ။ ခင်ဗျားပါတီအကြောင့်ကို ဘယ်လိုလုပ်ကြားခဲ့တာလဲ။ ခင်ဗျားရဲ့လှုပ်ရှားမှုတွေက ဘာတုန်း။ ခင်ဗျားဟာ အစည်းအဝေးတွေ တက်ခဲ့တယ်လို့ ခင်ဗျားပြောတယ်။ ဒါဟာ ခင်ဗျားဟာ ထိုင်ခုံတခုမှာ ထိုင်တယ်၊ တိတ်တိတ်နေပြီး သူများစကားပြောတာကို နားထောင်တယ်ပြောတာလား။ ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘယ်လို လှုပ်ရှားမှုတွေ လုပ်ဖို့ စီစဉ်ခဲ့တာလဲ။ ဘယ်သူက အစည်းအဝေးတွေကို ဦးဆောင်တာလဲ။ အဲဒီလူက ခင်ဗျားကို ထောက်ခံစာရေးပေးထားသလား။ အစည်းအဝေးကို ဘယ်မှာ ကျင်းပခဲ့တာလဲ။ ဘယ်နှစ်ယောက် တက်ခဲ့တာလဲ။ ခင်ဗျားရဲ့ အစိုးရပါတီနဲ့ အတိုက်အခံပါတီကြား ဘာတွေ မတူတာလဲ။ ခင်ဗျားအဖမ်းခံရတဲ့ နေ့က ဘယ်နေ့လဲ။ ဂျွန်လဆန်းမှာ ဆန္ဒပြမယ်လို့ ဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ။ အဲဒီ ရက် မတိုင်ခင် တရက်လောက်ကလား၊ တပတ်လောက်ကလား။ အဲဒီ ဆန္ဒပြပွဲကို ခင်ဗျား ဘယ်လို သွားသလဲ။ လမ်းလျှောက်သွားတာလား။ ဘက်စ်ကား စီးသွားတာလား။ ခင်ဗျား တယောက်တည်း သွားတာလား။ တယောက်ယောက်ပါသေးလား။ ခင်ဗျားကတော့ ဆန္ဒပြတယ်လို့ ပြောတယ်။ တကယ်လို့ ဗွီဒီယို ကင်မရာ တခုက ခင်ဗျားကို ရိုက်ခဲ့မယ်ဆိုရင် ခင်ဗျား ဘာတွေ လုပ်နေခဲ့တာကို မှတ်တမ်းတင်ထားမိမှာလဲ။ လမ်းပေါ်မှာ လမ်းလျှောက်နေတာကို ကူးမိထားမှာလား။ ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်နေတာလား၊ ဒါမှမဟုတ် ဆိုင်းဘုတ်ကိုင်ထားတဲ့ လူတယောက်နားမှာ လမ်းအတူတူလျှောက်နေမှာလား။ ကြွေးကြော်ခဲ့သလား၊ သီချင်းဆိုခဲ့သလား။ ခင်ဗျား အကျယ်ကြီး အော်ခဲ့တာတွေ လုပ်သလား။ ခင်ဗျား ဘာတွေ ကြွေးကြော်ခဲ့သလဲ။ အဲဒီဆန္ဒပြပွဲက ဘယ်နှစ်နာရီ စခဲ့သလဲ။ ရဲတွေက ဘယ်အချိန်မှာ ရောက်ခဲ့တာလဲ။ ခင်ဗျားအဖမ်းခံလိုက်ရပြီဆိုတာကို ခင်ဗျားအ ဖေက ဘယ်လိုလုပ်သိသွားတာလဲ။
အစောင့် ၂ယောက်က ခင်ဗျားကို စပြီး ရိုက်တယ်ဟုတ်လား။ ဘာဖြစ်လို့လဲ။
သူတို့ကို အဲဒီနေ့မတိုင်ခင်က မြင်ဖူးသလား။ သူတို့က ဘာဝတ်ထားတာလဲ။ သူတို့က ခင်ဗျားကို ဘာပြောသလဲ။ သူတို့အချင်းချင်းရော ဘာတွေ ပြောနေသလဲ။

No comments: