Tuesday, April 19, 2011

ကိုယ်ပြောတာ ရှေ့နောက်ညီညွှတ်ရမှာပေါ့

လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက မစ္စတာ ရမ်းကို နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်လိုက်ပါတယ်။ အကြောင်းကတော့

- သူရေးထားတဲ့ စာထဲမှာ သူ့ရဲ့ အမျိုးသမီးဟာ တနှစ်မှာ ၂ခါ ကိုယ်ဝန် တားမြစ်းဆေး နှစ်ခါ သွင်းရတယ်လို့ ဆိုပါတယ်။ တရားရုံးပေါ်မှာတော့ သူက တနှစ်ကို ၃ခါ ပါလို့ ပါးစပ်က ထွက်ဆိုပါတယ်။
- နောက်ပြီး သူ့အမျိုးသမီး ဟာ နေရာဟာ အမျိုးသားရဲ့ အဒေါ်အိမ်မှာ ပုန်းအောင်းခဲ့တယ်လို့ စာထဲမှာ ရေးထားပါတယ်။ တရားရုံးမှာ ထွက်ဆိုတဲ့အခါမှာ သူ့အမျိုးသမီးရဲ့ အဒေါ်အိမ်မှာ ပုန်းနေခဲ့တာလို့ ဆိုပါတယ်။
- သူရေးထားတဲ့ ထွက်ဆိုချက်ထဲမှာ ၃လ ထောင်ဒဏ် ဖြစ်နိုင်တယ်လို့ ရေးထားပေမဲ့ တရားရုံးမှာ နှုတ်နဲ့ ထွက်ဆိုတော့ ၃လထပ်ပို ထောင်ဒဏ်ချနိုင်ပါတယ်လို့ ပြောပြန်ပါတယ်။
- ရေးထားတဲ့ စာထဲမှာ ၂၀၀၄ခုနှစ် နိုဝင်ဘာမှာ တရုတ်ပြည်က ထွက်လာတယ်လို့ ဆိုပါတယ်။ တကယ်တမ်း တရားရုံးပေါ်မှာတော့ နိုဝင်ဘာ ၂၀၀၅ခုနှစ်လို့ နှုတ်နဲ့ ထွက်ဆိုခဲ့ပါတယ်။

No comments: