Monday, November 22, 2010

ခင်ဗျားမှာ ပြင်းထန်တဲ့ နိုင်ငံရေး အယူအဆ ရှိသလား။

ရဲမန် နိုင်ငံက မစ္စတာ ဘင် ဟာ အမေရိကန်ကို ၁၉၉၉ မှာ ရောက်ပါတယ်။ သူ့ရဲ့ အဖေက ယူကေ ကို သွားပါတယ်။ ၂၀၀၂ခုနှစ်မှာ အဖေလုပ်တဲ့သူက "Southern Democratic Assembly" ဆိုတဲ့ အဖွဲ့ကို ကူညီပြီး ထူထောင်ပေးပါတယ်။ နောက်ပိုင်းမှာ အဖေလုပ်တဲ့သူဟာ အဲဒီ အဖွဲ့အစည်းမှာ အရာရှိဖြစ်လာပြီးတော့ သူ့ရဲ့ ဓာတ်ပုံဟာလည်း အင်တာနက် ၀က်ဘ်ဆိုဒ်ပေါ်မှာ တက်လာပါတယ်။
မစ္စတာ ဘင်ဟာ အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတဲ့အခါ တရားသူကြီးကလည်း ငြင်းပယ်ပါတယ်၊ ဘီအိုင်အေကလည်း ငြင်းပယ်ပါတယ်။ ၂၀၀၇ခုနှစ်မှာတော့ အမှတ် ၇ တရားရုံးချုပ်က အမှုကို ပြန်စဉ်းစားပေးဖို့ ပြန်ပို့လိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဖေရဲ့ နာမည်ကျော်ကြားမှုကြောင့်ပါပဲ။
မစ္စတာ ဘင်ဟာ ၁၉၉၉ ခုနှစ်မှာ သူ့တိုင်းပြည်က ထွက်လာခဲ့ပြီး ၈နှစ်အကြာ ၂၀၀၇ခုနှစ်မှာ သူ့ရဲ့ အစိုးရဟာ သူ့ကို မုန်းနေတယ်၊ အရေးစိုက်နေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါသလား။
အဖေလုပ်တဲ့ သူရဲ့ လူသူကြား လှုပ်ရှားမှုတွေဟာ မစ္စတာဘင်ကို အကျိုးအမြတ်ရစေပါတယ်။ အဲဒါဆိုရင် မစ္စတာ ဘင် ဆိုတဲ့ သားလုပ်သူက သူ့ဟာသူ အမေရိကန်မှာ ဘာကြောင့် အဖွဲ့ထောင်တာမျိုးတွေ မလုပ်သင့်ရမှာလဲ။

No comments: