Thursday, November 4, 2010

ခင်ဗျား တိုင်းပြည်ပြည်ကို ပြန်ရပြီ၊ အဲဒီတော့ ဘာဖြစ်တုန်း

မစ္စတာ နီဆိုတဲ့သူဟာ နိုင်ငံရေး ခိုလှုံခွင့် ငြင်းပယ်ခံရပါတယ်။

သူ့ရဲ့ ရှေ့နေ ပြောတာကတော့ တကယ်လို့ တရုတ်ပြည်ကို ပြန်ခဲ့ရရင် ကလေးတဦးပဲ မွေးခွင့်ရမယ်ဆိုတဲ့ ပေါ်လစီကို မစ္စတာနီဟာ ဆန့်ကျင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတရုတ်ပြည်မှာ ရှိခဲ့တဲ့ နှစ်တွေမှာတုန်းကတော့ သူဟာ မဆန့်ကျင်ခဲ့ပါဘူး။ အမေရိကန်ရောက်တော့လည်း အဲဒီ ပေါ်လစီကို ပြောင်းလဲပစ်အောင် မဆန့်ကျင်ဘူး၊ ဆန္ဒမပြခဲ့ပါဘူး။ အဲဒါကြောင့် တရုတ်အစိုးရဟာ သူ့ရဲ့ ဆန့်ကျင် လှုပ်ရှားမှုတွေ မရှိတဲ့အတွက် အထောက်အထားတွေကို ရှာဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ သူသာ တရုတ်ပြည်ပြန်ခဲ့ရင် တရုတ်အစိုးရက သူ့ကို ရှေ့မှာ နှိပ်ကွက်နိုင်မယ့် အခြေအနေရောက်အောင် လှုပ်ရှားမှုတွေ လုပ်မယ့် သဘော၊ အထောက်အထားတွေကိုလည်း မတွေ့ထားတဲ့အတွက်ဖြစ်ပါတယ်။
ဒီ အမှုကနေ ဘာကို သင်ခန်းစာ ရပါသလဲ။

တကယ်လို့ ခင်ဗျားကိုသာ ပြန်ပို့မယ်ဆိုရင် ခင်ဗျားတိုင်းပြည်မှာ တခုခု လုပ်မယ့် ရည်ရွယ်ချက်ရှိရင် တရားသူကြီးကို ပြောပြရမှာပေါ့။

No comments: