Monday, November 8, 2010

ကန်မရွမ်းနိုင်ငံက နိုင်ငံရေး လှုပ်ရှားသူ (အပိုင်း ၂)

ကန်မရွမ်းနိုင်ငံက ဒီမိုကရေစီထောက်ခံတဲ့ အမျိုးသားတဦးကို အစိုးရ ရှေ့နေက မေးတဲ့မေးခွန်းတွေကတော့
၁။ လျှောက်လွှာမှာ ရေးထားတဲ့အချက်တွေနဲ့ ဒီနေ့ ထွက်ဆိုတာတွေ မတူတာတွေ ရှိလား။ ဘာကြောင့်လဲ။
၂။ ခင်ဗျား ချီတတ်ပွဲကို သွားခဲ့တယ်လို့ ဆိုတယ်။ အဲဒီမှာ လူဘယ်နှစ်ယောက်ရှိသလဲ။
၃။ ခင်ဗျားကို ဖမ်းတဲ့အချိန်မှာ တခြားသူတွေရော အဖမ်းခံရသလား။
၎။ ခင်ဗျားကို မဖမ်းခင်မှာ အဲဒီနေရာမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။
၅။ စစ်သားကို ခင်ဗျားက ဘာတွေ ထုတ်ပြောလိုက်သလဲ။
၆။ စစ်သားကရော ခင်ဗျားကို ဘာပြန်ပြောသလဲ။ ဘာစကားနဲ့ ပြောခဲ့တာလဲ။
၇။ SDF ကို ခင်ဗျား ပိုက်ဆံ ဘယ်လောက် ပေးခဲ့တာလဲ။ cfa နှစ်သောင်း ပေးခဲ့တာလား။ အမေရိကန် ဒေါ်လာနဲ့ ဆိုရင် ဘယ်လောက်လဲ။
၈။ ခင်ဗျား ငွေပေးလိုက်တဲ့အတွက် ဘောက်ချာ ပြန်ပေးသလား။ ဘာကြောင့် ခင်ဗျားမှာ ဘောက်ချာ မရှိတာလဲ။
၉။ ခင်ဗျားရဲ့ လျှောက်လွှာမှာ ခင်ဗျားရဲ့ အိမ်ကို ရဲက ဇန်န၀ါရီလမှာ လာတယ်လို့ ဆိုတယ်။ ခင်ဗျားရဲ့ စိတ်ရောဂါကုဆရာဝန်ကိုတော့ ဖေဖေါ်ဝါရီမှာလာတယ်လို့ ပြောတယ်။ ဘာတွေကြောင့် မတူဘူးဖြစ်နေရတာလဲ။
၁၀။ ခင်ဗျားရဲ့ ခရီးသွားလက်မှတ်ကို ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။ ဘယ်တုန်းက သက်တမ်း တိုးခဲ့တာလဲ။ ခင်ဗျား တခြား ဘယ်နိုင်ငံတွေကို သွားခဲ့သေးသလဲ။
၁၁။ ခင်ဗျားကို ဘယ်တုန်းက ဗီဇာ ထုတ်ပေးခဲ့တာလဲ။ ခင်ဗျား ဗီဇာ ရဖို့ ညာခဲ့ရသေးသလား။ ဘာကြောင့်လဲ။
၁၂။ ခင်ဗျား ခရီးသွားလက်မှတ်ဟာ မတ်လမှာ ထုတ်ပေးခဲ့တာပဲ။ ဒါပေမဲ့ စက်တင်ဘာအထိ စောင့်ပြီးမှ ပြည်ဝင်ခွင့် ဗီဇာကို လျှောက်ခဲ့တယ်။ ဘာကြောင့်လဲ။ ဘာကြောင့် စောစော မလျှောက်ခဲ့တာလဲ။
၁၃။ ခင်ဗျားကို အစိုးရက ဇွန်လမှာ နှိပ်စက်ခဲ့တယ် ဟုတ်လား။ ဘာကြောင့် ချက်ချင်း ထွက်မပြေးလာတာလဲ။ ခရီးသွားဖို့ ငွေအတွက် အချိန်လိုအပ်ခဲ့တာလား။
၁၄။ ခင်ဗျားတိုင်းပြည်က ပြီးခဲ့တဲ့ ၂နှစ်လောက်က ထွက်ခဲ့တာလား။ ခင်ဗျားအစိုးရက ခင်ဗျားကို မေ့နေပြီ မဟုတ်လား။ ဘယ်သူပြောလဲ ခင်ဗျားကို ခင်ဗျားအစိုးရက အခုချိန်အထိ အရေးစိုက်သေးတယ်လို့။ ဘယ်သူမှ မပြောဘူး ဟုတ်လား။

No comments: