Monday, November 8, 2010

ကန်မရွမ်းက နိုင်ငံရေးသမား (အပိုင်း ၁)

နိုင်ငံရေးခိုလှုံခွင့် အရာရှိက အခုလို မေးခွန်းတွေကို မေးပါတယ်။

အမေရိကန်မှာ ဆွေမျိုးတွေ ရှိသလား။
လွန်ခဲ့တဲ့ ၅နှစ်အတွင်း ခင်ဗျား ဘာအလုပ်လုပ်စားသလဲ။
ခင်ဗျားရဲ့ အမျိုးသမီးက ဘာအလုပ်လုပ်သလဲ။ ခင်ဗျားအဖေရော။ ခင်ဗျားအမေရော။ အမေရိကန် ဗီဇာရဖို့ ဘယ်လို အကြောင်းပြချက်တွေကို ပြောခဲ့သလဲ။ ဘာကြောင့် နိုင်ငံရေးခိုလှုံခွင့် လိုချင်ရတာလဲ။ ဘာကြောင့် အစိုးရက ခင်ဗျားကို နှိပ်စက်မှာလဲ။ ၂၀၀၉ သြဂုတ်လမှာ ခင်ဗျားက အဖမ်းခံခဲ့ရတာလား။ ခင်ဗျားကို ဖမ်းတုန်းက ခင်ဗျားက ဘယ်မှာလဲ။ အဲဒီတုန်းက အဖြစ်အပျက်ကို ပုံဆွဲပြနိုင်မလား။ ခင်ဗျားက ဘယ်နေရာမှာ ရပ်နေတာလဲ။ ခင်ဗျား အမျိုးသမီးက ဘယ်မှာလဲ။ စစ်သားက ဘယ်နေရာမှာလဲ။ ခင်ဗျားကို ဘာကြောင့် ဖမ်းတာလဲ။ သူတို့က ဘယ်လို အကြောင်းပြချက်တွေ ပေးလဲ။ စစ်သားတွေ မလာခင်က ခင်ဗျားက ဘာလုပ်နေတာလဲ။ ဘယ်သူတွေ ရှိနေသေးသလဲ။ မစ္စတာ အယ်မွန် ရှိနေတာလား။ သူက ခင်ဗျားကို ဘာကြောင့် ထောက်ခံစာ မရေးပေးတာလဲ။
ပြီးတော့ ခင်ဗျားကို ဘယ်ခေါ်သွားသလဲ။ ရဲစခန်းက ဘယ်နေရာမှာလဲ။
ခင်ဗျားက ချီတက်ပွဲကို စက်တင်ဘာ ၂၀၀၉ မှာ သွားခဲ့တယ်လို့ ဆိုတယ်။ အဲဒီမှာ လူဘယ်နှစ်ယောက်လာသလဲ။ ဘာကြောင့် ချီတက်ပွဲ သွားခဲ့ရတာလဲ။
ရဲတွေကရော ဘာ့ကြောင့် ချီတက်ပွဲကို သွားတာလဲ။ ဘယ်သူတွေက ချီတက်ပွဲကို စီစဉ်တာလဲ။
စက်တင်ဘာ ဘယ်နေ့တုန်းကလဲ။ အင်္ဂါနေ့လား၊ ဗုဒ္ဓဟူးနေ့လား။ ၁၅ရက်နေ့လား ၁၆ရက်နေ့လား။ ဘာကြောင့် ခင်ဗျားက အဖမ်းခံခဲ့ရတာလဲ။ ခင်ဗျားကို ဘယ်လို ဖမ်းခဲ့တာလဲ။ ခင်ဗျားကို ထိ သလား။ ဘယ်လိုလဲ။ ဘယ်နေရာကို ထိတာလဲ။ အဲဒီ အရာရှိက ခင်ဗျားကို ဖမ်းတဲ့အခါမှာ ဘာတွေ ပြောသလဲ။ ခင်ဗျားကို ဖမ်းတုန်းက ခင်ဗျားစိတ်ထဲ ဘယ်လို ဖြစ်သွားသလဲ။ ပုံဆွဲပြ ဖြစ်ပျက်ပုံတွေကို။ အရာရှိဘယ်နှစ်ယောက် အထဲကို ၀င်လာတာလဲ။ အပြင်ဘက်မှာက ဘယ်နှစ်ယောက်လဲ။ ခင်ဗျား ထောင်ထဲမှာ ၆ရက်နေခဲ့တာလား။ အဲဒီထောင်ထဲက အချိန်တွေကို ခင်ဗျား ဘယ်လို ပြောပြနိုင်မလဲ။

No comments: