Monday, November 8, 2010

ကန်မရွမ်းနိုင်ငံက နိုင်ငံရေးသမား (အပိုင်း ၄)

မေးခွန်းတွေ ဆက်မေးပါတယ်။ ခင်ဗျားမိသားစုဝင်တွေ တယောက်ယောက်များ စိတ်ညစ်ခဲ့ရတာတွေ ရှိသလား။ စီးပွားရေး ထိခိုက်ရတာတွေ၊ လူမှုရေး နစ်နာခဲ့ရတာတွေ။
ခင်ဗျားရဲ့ သူငယ်ချင်းတွေရော ပြဿနာ ရှိသလား။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာရော ခင်ဗျားရဲ့ အမျိုးသမီး မှာ ပြဿနာတွေ တတ်ခဲ့တာ ရှိသလား။ ဆေးခန်းမှာ ဘယ်လောက်ကြာသွားသလဲ။ သူတို့က ခင်ဗျားကို ဘာလုပ်လိုက်သလဲ။
အနာကို သန့်ရှင်းတာတို့၊ ဆေးထည့်ပေးတာတို့၊ ပတ်တီးစည်းပေးတာတို့၊ ဆေးပေးတာတို့ပေါ့။ သူတို့က ဆေးစာရေးပေးလိုက်သလား။ ဆရာဝန်ကို ခင်ဗျားကို ဘယ်လို အကြံဥာဏ်တွေ ပေးလိုက်သေးသလဲ။ ခင်ဗျားကို ဆရာဝန်က သွေးတိုင်းတာတို့၊ ဆီးစစ်၊ သွေးစစ် လုပ်တာတို့၊ ဓာတ်မှန်ရိုက်တာတို့ ရှိသလား။
ခင်ဗျား ပြီးခဲ့တဲ့ ၂နှစ်လောက်က တိုင်းပြည်က ထွက်လာတာ မဟုတ်လား။ သူတို့ ခင်ဗျားကို မေ့လောက်ရောပေါ့။ သူတို့က ဘာကြောင့် ခင်ဗျားကို ပြစ်မှတ်ထားရတာလဲ။ ဒီနေ့ ဒီအချိန်မှ လာပြီးတော့။ ခင်ဗျားက သူတို့ အတွက် သိပ်အရေးကြီးတဲ့သူလား။ ဘာကြောင့် ခင်ဗျားဟာ ဖမ်းခံထိနိုင်တာလဲ။ ပြီးခဲ့တဲ့ ခြောက်နှစ်တုန်းက တခြား စာနယ်ဇင်းသမားတွေရော အဖမ်းခံရသလား။
ခင်ဗျား အမျိုးသမီးက ခင်ဗျားအတွက် စာပို့လိုက်တာလား။ ဘယ်မှာတုန်း စာအိတ်က။ ဒီစာကို ခင်ဗျား ဘယ်လို လက်ခံခဲ့တာလဲ။ ဘာတွေ ပြောစရာ ရှိသေးသလဲ။ ပြီးခဲ့တဲ့ ၂လတုန်းက ခင်ဗျား ဘယ်လို အိပ်ခဲ့သလဲ။ ဒီနေ့အချိန်မှာ ခင်ဗျားအမျိုးသမီးမှာ အလုပ်ရှိသလား။ ခင်ဗျား အဖေမှာရော၊ သူတို့ကို အစိုးရက နှောက်ယှက်သလား။ ခင်ဗျား တိုင်းပြည်ကိုသာ ပြန်ရရင် ဘာတွေ ဖြစ်နိုင်မှာလဲ။ တကယ်လို့ ခင်ဗျားပြန်ရတဲ့အခါ လေဆိပ်မှာ အဖမ်းမခံရဘူးဆိုပါစို့။ အဲဒါဆို ခင်ဗျား ဘာလုပ်မတုန်း။ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဆက်လုပ်မှာလား။ မလုပ်ဘူးလား။

No comments: