Thursday, November 18, 2010

အန်ဂိုလာနိုင်ငံက ခိုလှုံခွင့် လျှောက်ထားသူ

နိုင်ငံရေး ခိုလှုံခွင့် အရာရှိက မေးတာက

ဘာကြောင့် နောက်ကျမှ ခိုလှုံခွင့် လာလျှောက်ရတာလဲ။

ပြောပြဦး ခင်ဗျားကို ရိုက်တုန်းက အခြေအနေတွေ။ ဖမ်းတုန်းက ခင်ဗျားက ဘယ်နေရာအတိအကျမှာလဲ။ဘာကြောင့် ခင်ဗျားတိုင်းပြည်ကို ပြန်လို့ မရနိုင်တာလဲ။

ပြောပါဦး ခင်ဗျား မိသားစုဝင်တဦးချင်းရဲ့ အကြောင်းတွေ။ သူတို့က ဘယ်မှာလဲ။ ဘာတွေ လုပ်နေကြတာလဲ။ ခင်ဗျားပြောတော့ အစိုးရက ခင်ဗျားကို မုန်းတယ်ဆို။ ခင်ဗျားရဲ့ မိသားစုဝင် တဦးချင်းကိုရော အစိုးရက မုန်းတာပဲလား။

UNITA ဆိုတာဘာလဲ။

ခင်ဗျားရဲ့ တိုင်းရင်းသား လူမျိုးစုက ဘာလဲ။ ခင်ဗျားတို့လို တိုင်းရင်းသားတွေ စီးပွားရေး ထိခိုက်ခံစားရတာတွေရှိသလား။

ခင်ဗျားရဲ့ အကိုကလည်း စော်ကားခံရတယ်ဟုတ်လား။ ခင်ဗျားက ရဲကို အကြောင်းမကြားဘူးလား။ ဘာကြောင့် မကြားတာလဲ။ ခင်ဗျား အကိုက သူ့ရဲ့ အဖမ်းခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ခင်ဗျားကို ဘာပြောလဲ။

ခင်ဗျား အမေကလည်း အဖမ်းခံရတယ်ဟုတ်လား။ ဘကြောင့်လဲ။ သူရော စိတ်ထိခိုက် ရသေးသလား။ သူ အဖမ်းခံရတာနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားကို ဘာပြောသလဲ။

ခင်ဗျားကို ဖမ်းတုန်းက ခင်ဗျားက ဘယ်မှာလဲ။
စစ်သားတွေက ခင်ဗျားကို ဘာပြောသလဲ။

ခင်ဗျားဟာ ပုဂ္ဂိလက ကျောင်းကို သွားတယ်ဟုတ်လား။ ခင်ဗျား ကျောင်းလခတွေကို ဘယ်လို ပေးသလဲ။
ခင်ဗျားက ပြောတယ်။ ခင်ဗျားအဖေက လောလောဆယ်ဆယ်ကမှ အစိုးရက လာပြီး နှိပ်စက်တယ်လို့။ သူတို့ဟာ အစိုးရက လို့ ခင်ဗျားဘယ်လိုလုပ်သိတုန်း။ သူဟာ အလုခံရတာ၊ ဒါးမြ အတိုက်ခံရတာ မဟုတ်ဘူး လို့ ပြောတာလား။ အဲဒါဆို လူဆိုး လိုချင်တာက ဘာများဖြစ်နိုင်မလဲ။

ခင်ဗျားပြောစရာ ရှိသေးလား။ ဘာပြောချင်သေးလဲ။

No comments: