Wednesday, November 17, 2010

ကန်မရွမ်နိုင်ငံက အဓ္ဓမ လက်ထပ်ပွဲ

နိုင်ငံရေး ခိုလှုံခွင့် အရာရှိကမေးတဲ့ မေးခွန်းတွေကတော့

ခရီးသွားလက်မှတ်ထဲမှာ ရှိတဲ့ ခင်ဗျားရဲ့ နာမည်က ဘာတုန်း။ ပြည်ဝင်ခွင့် ဗီဇာမှာ ရေးထားတဲ့ နာမည်ကရော။ အမေရိကန် ဘယ်နေရာမှာ နေသလဲ။ ဘယ်မှာ အလုပ်လုပ်သလဲ။ ဘာတွေ ရောင်းတာလဲ။
ဘာကြောင့် ခင်ဗျားတိုင်းပြည်ကို ပြန်လို့ မရတာလဲ။
ဘာကြောင့် ခင်ဗျား အစိုးရကို ကြောက်ရတာလဲ။
ခင်ဗျား အမျိုးသားက CDPMအဖွဲ့ဝင်လား။ CDPM ဆိုတာ ဘာလဲ။
ကန်မရွမ်းမှာ ယောင်္ကျားတဦးက မိန်းမတွေ အများကြီး ယူခွင့် ရှိတာလား။
Police နဲ့ Gendarmes ဘာကွာလဲ။
ခင်ဗျားကို ဖမ်းတုန်း အချိန်မှာ ခင်ဗျားက ဘယ်မှာ ရောက်နေတာလဲ။ ခင်ဗျား အမျိုးသားက ဘယ်မှာလဲ။
အရာရှိက ဘာပြောတုန်း။
အဲဒီတုန်းက အနားမှာ ဘယ်သူတွေ ရှိသေးတုန်း။ ခင်ဗျားသူငယ်ချင်း ရှိနေသလား။ သူက ဘာကြောင့် ခင်ဗျားအတွက် ထောက်ခံစာ မရေးပေးတာလဲ။ သူတို့က ဘာတွေ ပြောသွားသေးလဲ။
သူတို့ ပြောခဲ့တဲ့ စကားတွေကို အတိအကျ ပြန်ပြောပြ။
ပြီးတော့ သူတို့က ဘယ်ခေါ်သွားသလဲ။ ရဲစခန်းရောက်တော့ရော သူတို့က ဘာပြောသလဲ။
ဘာတွေ ပြောသေးသလဲ။ ခင်ဗျားကို ဘာကြောင့် လွတ်လိုက်တာလဲ။ ခင်ဗျားကို လွှတ်ပေးလိုက်တုန်းက ဘာလို စကားတွေ ပြောခဲ့ရသေးသလဲ။
အမေရိကန် သံရုံးမှာ ဗီဇာရဖို့ ခင်ဗျား ဘာတွေ ပြောခဲ့သေးရသလဲ။
ခင်ဗျား ဗီဇာရဖို့ ညာပြောခဲ့ရသေးသလား။ ဘာကြောင့်လဲ။ ခင်ဗျားမှာ ရွေးချယ်စရာမရှိလို့ ညာခဲ့လိုက်ရတာလား။
ခင်ဗျားရဲ့ ခရီးသွားလက်မှတ်ကို လေဆိပ်မှာ ပြခဲ့ရသေးတယ်မဟုတ်လား။ ဘကြောင့် သူတို့က ခင်ဗျားကို မဖမ်းလိုက်တာလဲ။
လောလောဆယ်မှာ ခင်ဗျား အမေရော စီးပွားရေး ထိခိုက်တာမျိုးတွေ ရှိလား။
စိတ်ထိခိုက်ခံစားရတာတွေရော ရှိသလား။ ခင်ဗျားအမေကို ရဲတွေက ချိန်းခြောက်တာတွေ ရှိသလား။ သူတို့က ဘာတွေ ပြောလဲ အတိအကျ ပြောပြ။ ဘာတွေ ထပ်ပြောသေးသလဲ။

ဘာပြောချင်တာရှိသေးလဲ။ ရှိသေးတယ် ဟုတ်လား။ အိုကေ အခုရော ဘာထပ်ပြောချင်သေးသလဲ။

No comments: