Thursday, November 18, 2010

နိုင်ငံရေး ခိုလှုံခွင့် အုပ်ချုပ်ရေး အရာရှိရဲ့ အကြံပေးချက်များ

အစည်းအဝေးပွဲတခုမှာ နိုင်ငံရေး ခိုလှုံခွင့် အုပ်ချုပ်ရေး အရာရှိက ပြောသွားတဲ့ အကြံပေးချက်တွေကတော့။
ဟုတ်ပါတယ်။ ကျွန်တော်တို့က ခရီးသွားလက်မှတ်တွေကို သိပ်သဘောကျပါတယ်။ အထဲမှာ ရက်စွဲတွေ ပါလို့ပါပဲ။
-လျှောက်ထားသူတို့ ကိုယ့်ရဲ့ ခရီးသွားလက်မှတ်အကြောင်းကို ကိုယ်သိပါ။ တချို့ တံဆိပ်တုန်းတွေ မရှိဘူးဖြစ်နေတာ ရှိလား။ တနေရာရာကို ခရီးသွားခဲ့ပေမဲ့ တိုင်းပြည်အ၀င် လေဆိပ်မှာ တံဆိပ်တုန်း မနှိပ်ပေးလိုက်တာမျိုး။
ယောင်္ကျားတွေဟာလည်း ထောင်တွေထဲမှာ မုဒိန်းအကျင့်ခံရလေ့ ရှိပါတယ်။ အများစုက မပြောပြလိုပါဘူး။ အဲဒါဆို ခင်ဗျားရဲ့ အမှုသည်ကို ခင်ဗျားရုံးခန်းထဲမှာ မေးသင့်တယ်။ " ယောင်္ကျားတွေ ထောင်ထဲမှာ မုဒိန်းကျင့်ခံရတာမျိုးတွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။ အဲဒါ ဟုတ်လား။ ခင်ဗျားရော ဒုက္ခရောက်သေးလား။"

ခရီးသွားလက်မှတ်ထဲမှာ ရက်စွဲတွေ ရှိပါတယ်။ အဖွဲ့ဝင် ကဒ်ပြားတို့။ ဆရာဝန် ဆေးမှတ်တမ်းတို့မှာ။ အဲဒီ စာရွက်စာတမ်းပေါ်တွေမှာ ရှိတဲ့ ရက်စွဲတွေနဲ့ ခင်ဗျားရဲ့ ကျမ်းကျိန်စာ ထဲက ရက်စွဲတွေ တထပ်တည်း ကျရဲ့လား။ စာရွက်တွေထဲက အချက်တွေကရော ခင်ဗျားရဲ့ ကျမ်းကျိန်စာထဲက အချက်တွေနဲ့ ကိုက်ညီရဲ့လား။
၂၀၀၈ ဆေးခန်းသွားပြီး ဆရာဝန် ဦးလှနဲ့ ခင်ဗျား တွေ့ချင်တွေ့ခဲ့လိမ့်မယ်။ ၂၀၁၀ရောက်တော့ ခင်ဗျားက ဆေးခန်းကနေ ၂၀၀၈တုန်းက စာရွက်စာတမ်းတွေ တောင်းကြည့်မှာပေါ့။ အဲဒီမှာ ဆရာဝန် ဦးမြက ၂၀၀၈မှာ မှတ်တမ်း ရေးထားတယ်။ ဘာကြောင့် ၂၀၀၈မှာတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ဆရာဝန် ဦးမြနာမည်က ဘာနေရတာတုန်း။ ဘာဖြစ်လိုလဲဆိုတော့ ဦးမြက ၂၀၁၀မှာ အလုပ်လုပ်နေသူဖြစ်လို့ပေါ့။ အဲဒါကြောင့် ကိုယ့်မှာရှိတဲ့ စာရွက်စာတမ်းတွေကို ကိုယ်ဖတ်ထားရပါမယ်။
နိုင်ငံရေး ခိုလှုံခွင့် အရာရှိက သတင်းအချက်အလက်တွေကို သိချင်တယ်။ သူမေးတာကို ဖြေပါ။ အသေးစိတ်ဖြေပါ။ သူ့ရဲ့ မေးခွန်းတွေကို ဖြေရပါမယ်။ ကိုယ့်စိတ်ထဲမှာ သူဘာကြောင့် ဒါတွေကို မေးသလဲဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လို မှ စဉ်းစားလို့ မရဘူးဖြစ်ခဲ့ရင်၊ ဒီမေးခွန်းတွေဟာ ခင်ဗျားအတွက် အဓိပ္ပါယ်မရှိဘူးဖြစ်ခဲ့ရင်တောင် မေးတာကို ဖြေဖို့ လုပ်ရပါ့မယ်။

No comments: