Monday, November 8, 2010

ကန်မရွမ်းနိုင်ငံက နိုင်ငံရေးသမား (အပိုင်း ၃)

- ထောင်ထဲမှာတုန်းက အစစ်ဆေးခံရသေးလား။ ဘာတွေ မေးသလဲ။ဘယ်နှစ်ကြိမ် အစစ်ခံရလဲ။ ခင်ဗျားကို လွှတ်လိုက်တော့ ဘာတွေ ဖြစ်သေးလဲ။ ဘာတွေ ပြောဆိုခဲ့ရသေးလဲ။ ခင်ဗျားပြီးတော့ ဘယ်သွားလဲ။ ပြီးတော့ရော ဘယ်ကို ထပ်သွားသေးလဲ။

မစ္စတာ ဘီယာနဲ့ မျက်နှာချင်းဆိုတွေ့ဖူးလား။ သူ့ကို ခင်ဗျား ဘယ်လို မြင်လဲ။ ခင်ဗျားရဲ့ သတင်းစာ ကို ဘာကြောင့် ဆက်မထုတ်ခဲ့တာလဲ။ ရဲက ခင်ဗျား သတင်းစာကို ဘာကြောင့် မုန်းရတာလဲ။

ခင်ဗျားမှာ အဆိုးဆုံး ဘာတွေ ဖြစ်ခဲ့သလဲ။ ထောင်ထဲမှာ နေရတုန်းက အထဲမှာ ဘယ်သူရှိသလဲ။ အိပ်ယာရှိလား။ စောင်ရှိလား။ မစင်နဲ့ ဆီးတွေ ပြည့်နေတဲ့ ရေပုံးတွေ့တာလား။ ခြင်တွေရော။ တခြား ထောင်သားတွေ အစာနဲ့ ရေအတွက် ရန်သက်နေသလား။ ခင်ဗျား သွေးသံရဲတာတွေ တွေ့ခဲ့သလား။ ဘယ်သူသွေးလဲ။ သွေးက ဘယ်နေရာမှာလဲ။ တချို့ ထောင်သားတွေက ဆေးလိပ်သောက်တာလား။ သူတို့တွေ ဆေးလိပ်ကို ဘယ်က ရသလဲ။ ထောင်ဝရန်းက ခင်ဗျားနာမည် ခေါ်လိုက်တော့ ခင်ဗျား ခေါင်းထဲ ဘယ်လို အတွေးတွေ ပေါ်လာသလဲ။
နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရဖို့ ခင်ဗျားကို ဘယ်နှစ်ကြိမ် အပြင်ထွက်ခွင့်ပေးသလဲ။
ခင်ဗျားအဖမ်းခံရတာကို အစိုးရက မှတ်တမ်းထားတယ်လို့ ထင်သလား။ ခင်ဗျားကို ထောင်ထဲ ဖမ်းချုပ်ထားတာကိုရော မှတ်တမ်းတင်ထားသလား။ ဘာကြောင့် အဲဒီလို ထင်ရသလဲ။
အမေရိကန်ရောက်ပြီးမှာ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်တာရှိလား။ ခင်ဗျားရဲ့ ဘလောက်ဂ်ကို ဘယ်တုန်းက စတင်ထားတာလဲ။ အဲဒီထဲမှာ ဘာတွေ ပြောထားလဲ။ ခင်ဗျားရဲ့ ဘလောက်ဂ်ကို အစိုးရ အဖွဲ့ဝင်တွေ ဖတ်သလား။

No comments: