Thursday, October 7, 2010

မြန်မာပြည်က နိုင်ငံရေးသမားကို မေးတဲ့မေးခွန်း (စက်တင်ဘာ ၂၀၁၀)

ခင်ဗျားရဲ့ အဖေအကြောင်းကို ပြောပါဦး။ သူ့ရဲ့ အလုပ်အကိုင်၊ အခု သူဘယ်မှာနေလဲ။ စိတ်ထိခိုက်ခံစားခဲ့ရတာတွေ၊ စီးပွားရေး ထိခိုက်နစ်နာခဲ့ရတာတွေ၊ ခန္ဓာကိုယ်မှာ နှိပ်စက်ခံရတာတွေ။
ခင်ဗျားရဲ့ အမေအကြောင်းကိုပါ ပြောပြပါ။ သူရော စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံခဲ့ရသေးသလား။
ခင်ဗျားရဲ့ ပထမ အမ။ သူရော အနှိပ်စက်ခံရသေးလား။
ခင်ဗျားရဲ့ ပထမ အကို။ သူရော စီးပွား ပျက်ခဲ့သလား။

အမေရိကားကို ဘာကြောင့် လာတာလဲ။ ခင်ဗျားက ပြောတယ်။ ခင်ဗျားဟာ မုန်တိုင်းဒုက္ခသည်တွေကို ငွေပေးခဲ့တယ်လို့။ အဲဒီငွေတွေ ဘယ်က ရတာလဲ။ ဘယ်လို ရအောင် ယူခဲ့သလဲ။

ခင်ဗျားဘာကြောင့် ဆန္ဒပြခဲ့တာလဲ။ ခင်ဗျားက ဘာလိုချင်တာလဲ။

ခင်ဗျားရဲ့ အစိုးရက ခင်ဗျား ဆန္ဒပြတာကို သတိထားမိလို့လား။
ခင်ဗျားက ဘယ်လိုလုပ်သိရတာလဲ။
ခင်ဗျားဘာကြောင့် နိုင်ငံရေး ခိုလှုံခွင့် လာလျှောက်တာလဲ။
ခင်ဗျားရဲ့ အမေရိကန်မှာ နေထိုင်ဖို့ ရဖို့ လျှောက်ထားခဲ့တဲ့ သမိုင်းတွေက ဘာလဲ။

ခင်ဗျား ဗမာပြည်မှာ လွတ်လွတ်လပ်လပ် နေခဲ့ရတယ်မဟုတ်လား။ ဘယ်ဟာက မလွတ်လပ်တာလဲ။ ခင်ဗျားဟာ စောင့်ကြည့်ခံရတယ်ဆိုတာ ဘာကို ပြောတာလဲ။ အဲဒီလို စောင့်ကြည့်ခံရတဲ့ အောက်မှာ နေရလို့ စိတ်ထိခိုက်ခံစားခဲ့ရတယ်လို့ ပြောချင်တာလား။ ခင်ဗျား မြန်မာပြည်မှာ နေတုန်းက အနှိပ်စက်ခံခဲ့ရတာတွေ ရှိသလား။
မနက်ဖြန် ခင်ဗျား မြန်မာပြည်ကို ပြန်သွားခဲ့ရင် ဘာတွေ ဖြစ်မှာလဲ။ အမေရိကန်မှာ ဆန္ဒပြပြီးတော့ မြန်မာပြည်ပြန်သွားတဲ့ လူ တယောက်တယောက်ကိုများ ခင်ဗျားက သိတာရှိသလား။ ညီညီအောင် ဆိုတာ ဘယ်သူလဲ။

ခင်ဗျားပြောတော့ ခင်ဗျားအစိုးက မုန်းတယ်ဆို။ ခင်ဗျားရဲ့ တိုင်းပြည်ကလည်း အင်မတန်ကို အန္တရာယ်ရှိတယ်ဆို။ ဒါပေမဲ့ ခင်ဗျား စိတ်တိုင်းကျ ပြန်ခဲ့တယ်မဟုတ်လား။ ခင်ဗျားရဲ့ ဓာတ်ပုံနဲ့ နာမယ်ပါတဲ့ နိုင်ငံကူးလက်မှတ်ကို အလိုအလျှောက် မခိုင်းဘဲနဲ့ လေဆိပ်က အစိုးရ ၀န်ထမ်းတွေကို ပြခဲ့တယ်မဟုတ်လား။

No comments: