Thursday, October 7, 2010

နိုင်ငံရေးခိုလှုံခွင့်အရာရှိက မေးလေ့ရှိတဲ့ မေးခွန်းတွေ

လျှောက်လွှာဖြည့်တဲ့အခါ တယောက်တယောက်က ကူညီခဲ့သလား။ အဲဒီလျှောက်လွှာကို ခင်ဗျားဘာသာစကားနဲ့ ဖတ်ပြခဲ့ရဲ့လား။ အထဲမှာရေးထားတာတွေအားလုံး နာလည်ရဲ့လား။ ခင်ဗျားရဲ့ နိုင်ငံတကား ခရီးတွေ အကြောင်း ပြောပါဦး။ ခင်ဗျားဘယ်သွားခဲ့သလဲ၊ နိုင်ငံတခုချင်းဆီမှာ ခင်ဗျားဘာလုပ်ခဲ့သလဲ။ ခင်ဗျား ဘယ်လို နေထိုင်ခွင့်နဲ့ နေခဲ့သလဲ။ ခင်ဗျားက ဂျပန်မှာ ၃နှစ်နေခဲ့တာလား။ အဲဒီမှာ နိုင်ငံရေး ခိုလှုံခွင့် ဘာကြောင့် မလျှောက်ခဲ့တာလဲ။ ခင်ဗျား ဂျပန်မှာ အခြေကျနေပြီ မဟုတ်လား။
ခင်ဗျားမိသားစုဝင်တဦးချင်းအကြောင်းကို ပြောပြပါ။ အဖေ။ သူက ဘယ်မှာနေတာလဲ။ အလုပ်အကိုင်ဘာလုပ်သလဲ။ သူ့ကိုတော့ ဘာကြောင့် အစိုးရက မနှိပ်စက်သလဲ။ သူရော ဘယ်လို နှိပ်စက်ခံရသလဲ။ သူရော စိတ်ထိခိုက်ခဲ့ရသေးတာလား။ စီးပွားရော ပျက်ခဲ့သေးသလား။

ခင်ဗျားတိုင်းပြည်ကို ဘာကြောင့် မပြန်ချင်တာလဲ။

ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်အကြောင်းကို ပြောပြပါဦး။ ခက်ခက်ခဲခဲ ရယူခဲ့ရတာလား။ သက်တမ်းတိုးခဲ့သေးတာလား။ အမေရိကန်နိုင်ငံကို ၀င်ဖို့ ပြည်ဝင်ခွင့်ဗီဇာကို ခင်ဗျား ဘယ်လို ရအောင် ယူခဲ့သလဲ။ ဘာတွေ ပြောခဲ့သလဲ။ အရာရှိက ဘာတွေကို မေးလို့ ခင်ဗျားက ဘာတွေကို ဖြေခဲ့သလဲ။ ခင်ဗျား ညာခဲ့သေးသလား။
ခင်ဗျားတိုင်းပြည်က ဘယ်လို ထွက်ခဲ့သလဲ ပြောပြပါဦး။ လေဆိပ်ကို သွားခဲ့သလား။ ခင်ဗျား နိုင်ငံကူးလက်မှတ်ကို ပြခဲ့သလား။ လာဘ်ထိုးခဲ့သလား ဘယ်လောက်လဲ။ ဘာကြောင့် ခင်ဗျားတိုင်းပြည်က စောစော မထွက်ခဲ့ရတာလဲ။ မြန်မြန် မထွက်ခဲ့ဘဲ နောက်ကျမှ ထွက်ခဲ့ရတာလဲ။ ခရီးသွားဖို့ ငွေကြေးအခက်အခဲ ရှိခဲ့သလား။ အမေရိကန်ကို ဘယ်နေ့မှာ ရောက်ခဲ့တာလဲ။ ဘကြောင့် နိုင်ငံရေး ခိုလှုံခွင့်ကို စောစောစီးစီး မလျှောက်ခဲ့တာလဲ။ ဘာတွေက နှောက်နှေးစေတာလဲ။ ခင်ဗျားမှာ ပြင်းထန်တဲ့ နိုင်ငံရေး ယူဆချက်တွေ ရှိတာလဲ။ အဲဒါက ဘာတွေလဲ။ အမေရိကန်မှာရော နိုင်ငံရေး အဖွဲ့အစည်းတွေ ၀င်ခဲ့သလား။ ဘာကြောင့် မ၀င်ခဲ့တာလဲ။ အမေရိကန်မှာ ၀င်ခဲ့တဲ့ အဖွဲ့အစည်း ၃ခုကို ပြောပြပါ။
လောလောဆယ်ဆယ် ခင်ဗျားတိုင်းပြည်မှာ ရှိနေသေးတဲ့ မိသားစုတွေ စိတ်အနှောက်အယှက်ဖြစ်အောင် နှိပ်စက်ခံရတာတွေ ရှိသလား။ သူတို့တွေ စီးပွားရေး ထိခိုက်နစ်နာခဲ့ရတာတွေ ရှိသလား။

No comments: