Thursday, October 7, 2010

မြန်မာပြည်က ဒီမိုကရေစီသမားကို မေးတဲ့မေးခွန်းတွေ

ခင်ဗျားဘာကြောင့် မြန်မာပြည်ကို မပြန်ချင်ရတာလဲ။
ခင်ဗျားအစိုးရက ခင်ဗျားကို ဘာကြောင့် မုန်းရတာလဲ။ ခင်ဗျားအစိုးရ မကြိုက်တဲ့ အလုပ်တွေကို ခင်ဗျားက လုပ်ခဲ့တာလား။ ဘယ်လိုမျိုး အလုပ်တွေလဲ။
ခင်ဗျား ဆန္ဒပြခဲ့တယ်လို့ ဆိုတယ်။ ဒီမိုကရေစီကို တောင်းဆိုခဲ့တယ်လို့ ဆိုတယ်။ ဒီမိုကရေစီက ဘယ်လိုများ အခြေအနေတွေကို ပြောင်းပေးမှာမိုလို့လဲ။ ခင်ဗျားအစိုးရက ခင်ဗျားလုပ်နေတာတွေကို သိတယ်လို့ ခင်ဗျားက ဘယ်လိုလုပ်သိသတုန်း။ ခင်ဗျားမျက်စိနဲ့ ကိုယ်တိုင် မြင်လို့လား။
သံရုံးထဲက လူက ဓာတ်ပုံထွက်ရိုက်တာကို တယောက်ယောက်များ တွေ့ခဲ့သလား။
ခင်ဗျား မြန်မာပြည်မှာတုန်းကို ရင်နာခဲ့ရတာတွေ ရှိသလား။ စီးပွားပျက်ခဲ့ရတာတွေရော။ ခင်ဗျားရဲ့ အမျိုးသားက NLD အဖွဲ့ဝင်ခဲ့တယ်ဆို။ ခင်ဗျားကရော ဘာကြောင့် မ၀င်တာလဲ။
ခင်ဗျား အမျိုးသား ဆန္ဒပြတာကို အစိုးရက သိတာလား။ အစိုးရက သိတယ်လို့ ခင်ဗျားက ဘာကြောင့် ထင်ရသတုန်း။
=
ခင်ဗျားတိုင်းပြည်က ဘာကြောင့် ထွက်လာတာလဲ။ ပြည်ဝင်ခွင့်ရဖို့ အတွက် သံရုံးက အရာရှိကို အဲဒီအကြောင်း ပြောခဲ့တာလား။ ဘာကြောင့် မပြောခဲ့တာလဲ။ ခင်ဗျားမှာ ထူးဆန်းတဲ့ တံဆိပ်ခေါင်းတွေ ကပ်ထားတဲ့ စာအိတ်တွေ ရှိသလား။ ခင်ဗျားပြောတော့ ခင်ဗျားဟာ Youtube အင်တာနက်မှာ ပေါ်နေတယ်ဆို။ ခင်ဗျားအစိုးရက Youtube ကို ကြည့်တယ်လို့ ခင်ဗျားဘာကြောင့် ထင်ရတာလဲ။

အမေရိကန်ထဲမှာ ခင်ဗျားအစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေးတို့၊ သူလျှိုတို့ ဘယ်နှစ်ယောက်ရှိလဲ သိလား။

No comments: