Thursday, October 7, 2010

ခင်ဗျားတိုင်ပြည်ကို ပြန်ခဲ့ရင် ဘာတွေ လုပ်မှာလဲ။

အမေရိကန်မှာနေတုန်း သူဟာ နိုင်ငံရေးမှာ တက်ကြွသူတဦးဖြစ်ပါတယ်လို့ အီသီယိုးပီးယားနိုင်ငံက မစ္စက် အေး ထွက်ဆိုပါတယ်။ အမေရိကန် လွှတ်တော်အမတ်တွေဆီကို စာရေးတယ်၊ အင်တာနက် ၀က်ဘ်ဆိုဒ်တခုကိုလည်း ၀ိုင်းကူလုပ်ပေးတဲ့သူဖြစ်တယ်။
ဒီမိုကရေစီကို ပိုပြီးတော့တောင် ယုံကြည်လာရပါတယ်လို့ တရားသူကြီးကို သူက ထွက်ဆိုပါသေးတယ်။ အခုလည်း ဒီမိုကရေစီနိုင်ငံမှာ နေလာတာ ၃နှစ်တောင်ရှိပြီဖြစ်တာမို့ အရင်ကထက်ဆာရင် ဒီမိုကရေစီကို ပိုကြိုက်လာပါတယ်တဲ့။ အစိုးရတခုအတွက် ဒီမိုကရေစီ စနစ်ကသာလျှင် အကောင်းဆုံးဖြစ်မယ်လို့ သူက ယုံကြည်ပါတယ်။

“တကယ်လို့ ကျမ တိုင်းပြည်ကို ပြန်ခဲ့မယ်ဆိုရင် ကျမရဲ့ ဒီမိုကရေစီ ထောက်ခံရေး လုပ်ငန်းတွေကိုပဲ ဆက်လုပ်မှာပါ။ သူတို့ ကျမကို လာဖမ်းရင်လည်း ဂရုမစိုက်တော့ပါဘူး။ ကျမတော့ ဆက်လုပ်မှာပဲ"

No comments: