Monday, August 23, 2010

တရားရုံးထဲမှာ မျက်မြင်တဦးကို မေးတဲ့ မေးခွန်းတွေ

မယ်ရီဟာ သူ့ရဲ့ ဘာသာရေး လှုပ်ရှားမှုတွေကြောင့် အဖမ်းခံခဲ့ရတယ်လို့ ခင်ဗျားက ပြောချင်တာလား။

ခင်ဗျားက သူရဲ့ ဘာသာရေး လှုပ်ရှားမှုတွေကို တွေ့ဖူးလို့လား။ ဘယ်အချိန်ကစလို့ သူက ဘာသာရေး သင်ကြားခဲ့တာလဲ။ ခင်ဗျားဘယ်လိုလုပ်သိတုန်း။
သူက ဘယ်နေရာမှာ အဖမ်းခံလိုက်ရတာလဲ။ ခင်ဗျားဘယ်လိုလုပ်သိတုန်း။ အဖမ်းခံနေရတုန်းက သူ့အနားမှာ ဘယ်သူတွေ ရှိသေးသလဲ။ ဘာကြောင့် သူက အဖမ်းခံလိုက်ရတာလဲ။ ခင်ဗျာက ဘာလုပ်ခဲ့သလဲ။ ခင်ဗျားက တခြားတနေရာကို ခရီးထွက်ခဲ့တာလား။ ခင်ဗျားတယောက်ယောက်နဲ့ စကားပြောဆိုခဲ့သေးသလား။ စာရော ရေးခဲ့တာလား။

မယ်ရီက ထောင်ကနေလွတ်ပြီး ဘယ်ကို သွားတာလဲ။ ခင်ဗျားက ဘယ်လိုလုပ် သိသတုန်း။ သူက အဲဒီကို ဘာလို့ သွားတာလဲ။ ခင်ဗျားဘယ်လိုလုပ်သိတုန်း။ ရဲက ခင်ဗျားကို စကားပြောဆိုတာတွေ ရှိခဲ့သလား။ ဘယ်တုန်းကလဲ။ မယ်ရီက ခင်ဗျားကို တိုင်းပြည်ထဲက ထွက်သွားလို့ရအောင် ကူညီခဲ့သလား။ ခင်ဗျားက ဘာလုပ်ခဲ့သလဲ။ ခင်ဗျားရဲ့ ထွက်ဆိုချက်တွေကို ဒီနေ့မတိုင်ခင်မှာ ဖတ်ရော ဖတ်ခဲ့ရဲ့လား။ ကျုပ်လက်ထဲမှာ အဲဒီ ထွက်ဆိုချက်ကို ကိုင်ထားပြီး ခင်ဗျားပြန်ပြော ပြနိုင် မပြနိုင်ကို မေးကြည့်နေလို့ ထူးဆန်းနေသလား။

No comments: