Monday, August 23, 2010

အီရက်နိုင်ငံက အမေရိကန် ထောက်ခံသူ

စစ်တပ် အရာရှိတဦးရဲ့ အမျိုးသမီးကို နိုင်ငံရေး ခိုလှုံခွင့်အရာရှိက မေးတဲ့မေးခွန်းတွေကတော့

၁။ နိုင်ငံရေး ခိုလှုံခွင့် လျှောက်လွှာ I-589 က ပထမစာမျက်နှာမှာ ရှိတဲ့ အချက်တွေကို ပြန်ပြောပြနိုင်မလား။ ဥပမာ။ ခင်ဗျားတိုင်းပြည်က ဘယ်တုန်းက ထွက်လာခဲ့တာလဲ။ အမေရိကန်ကို နောက်ဆုံး ဘယ်တုန်းက ၀င်လာခဲ့တာလဲ။ ခင်ဗျားရဲ့ လူမျိုးစု က ဘာလဲ။

၂။ စာမျက်နှာ ၄မှာ အမှားတွေ ရှိနေတာလား။ ဘာကြောင့် အမှားတွေ ရှိနေရတာလဲ။
၃။ တကယ်လို့ အခုလို စာမျက်နှာ ၁တို့ ၄ တို့မှာ အမှားတွေ လုပ်ခဲ့ရင် နိုင်ငံရေး ခိုလှုံခွင့် အရာရှိက စိတ်ဆိုးပြီး သိပ်ပင်ပန်းပါတယ်။ ကိုယ့်ရဲ့ အရေးကြီးတဲ့ အပိုင်းကို မပြောပြခင်မှာပဲ စိတ်ကုန်ပြီး ဒေါသဖြစ်ပါတယ်။ အဲဒါကြောင့် စာမျက်နှာ ၁နဲ့ ၄ကို အမှားမရှိအောင် လုပ်ထားသင့်တယ် မဟုတ်လား။
၎။ ခင်ဗျားရဲ့ လျှောက်လွှာကို ပြင်ဆင်ပြီး တယောက်ယောက်က ခင်ဗျားနားလညတဲ့ ဘာသာစကားနဲ့ ပြန်ဖတ်ပြရဲ့လား။

၅။ ခင်ဗျားရဲ့ အမျိုးသားက အမေရိကန် စစ်တပ်ကို ကူညီပေးခဲ့တယ်လို့ ပြောတယ်။ အဲဒီအကြောင်းကို ခင်ဗျားရဲ့ ပတ်ဝန်းကျင်ကလူတွေက ဘယ်လိုလုပ်သိသွားတာလဲ။

၆။ ၄၂လမ်းထဲမှာ နေခဲ့တာလာ။။ အဲဒီလမ်းထဲမှာ နေတဲ့သူတွေအားလုံးက တခြားသူတွေ ဘာတွေ လုပ်နေသလဲဆိုတာကို သိကြတာလား။ အမေရိကန်က မြို့လေးတွေမှာ တဦးကို တဦးသိနေသလိုလား။
၇။ ခါခုဆိုတဲ့ မြို့ကို ခင်ဗျားရဲ့ အမျိုးသားက သွားခဲ့တာလား။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်က လူတွေက အဲဒီအကြောင်းကို ဘယ်လိုလုပ်သိတုန်း။

၈။ ခင်ဗျားရဲ့ ဘာသာရေးက ဘာလဲ။ သူများတွေက ခင်ဗျားဘာကို ယုံကြည်သလဲဆိုတာကို ဘယ်လိုလုပ်သိမှာတုန်း။

၉။ စွန်နီ ဘာသာရေးသမားတွေအတွက် ထူးခြားတဲ့ နာမယ်တွေ ရှိနေတာလား။
သူ့ရဲ့ နာမည်က X ဆိုရင် သူဟာ စွန်နီ ဖြစ်ကြောင့် အဲဒီနာမည်အရ သိနိုင်တာလား။ ၁၀။ ရှီအာတွေ အတွက်ရော နာမည်ရှိတာလား။ ဥပမာ ဘယ်လိုမျိုးလဲ။
၁၁။ ခင်ဗျားက အီရတ်မှာ မွေးပြီး အခုတော့ အမေရိကန်မှာ နေနေပြီမဟုတ်လား။ တခြား ဘယ်နိုင်ငံတွေကို သွားခဲ့သေးသလဲ။ ခင်ဗျား အဲဒီနိုင်ငံတွေမှာ သွားနေလို့ မရနိုင်ဘူးလား။ အဲဒီနိုင်ငံတွေမှာ ဘာကြောင့် နိုင်ငံရေး ခိုလှုံခွင့် မတောင်းခဲ့သလဲ။
၁၂။ ၂၀၀၈ ဇွန်လ ဘက်ကဒက် မြို့မှာ မျက်နှာမှာ အ၀တ်စီးထားတဲ့ လူတယောက်က ခင်ဗျားကို ရိုက်နှက်ခဲ့တာလား။ ဘာကြောင့်လဲ။ ခင်ဗျား ဆေးရုံးသွားခဲ့သလား။ ဘယ်မှာလဲ ခင်ဗျားရဲ့ ဆေးရုံမှတ်တမ်းတွေ၊ ဆေးရုံမှတ်တမ်းတွေ ရဖို့ရော ကြိုးစားခဲ့ရဲ့လား။
၁၃။ အဲဒီလူက ဘာပြောသလဲ။ တခြား ဘာတွေကို ပြောသေးသလဲ။
၁၄။ ဇွန်မှာ ဘာဖြစ်ခဲ့သလဲ။ ခင်ဗျားရဲ့ ထွက်ဆိုချက်ကတော့ ဇူလိုင်လို့ ဆိုပါလား။
ခင်ဗျားရဲ့ ထွက်ဆိုချက်ကို ဖတ်ဖို့များ အလုပ်ရှုတ်နေခဲ့သလား။

၁၅။ ရဲမှတ်တမ်း မူရင်းက ဘယ်မှာလဲ။ ဒီမိတ္တူကို ဘယ်လို ရအောင် လုပ်ခဲ့သလဲ။ ကွန်ပြူတာကလား။ စာတိုက်ကလား။ ဘယ်မှာလဲ စာအိတ်က။ ဘယ်သူပို့လိုက်တာလဲ။

၁၆။ ဘယ်တုန်းက ရဲနဲ့ ခင်ဗျားစကားပြောခဲ့သလဲ။ သူတို့က ခင်ဗျားကို ဘာပြောလိုက်သလဲ။
၁၇။ ခင်ဗျားရဲ့ ဗီဇာကို အမေရိကန်သံရုံးက ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။

၁၈။ အီရတ်ကို ပြန်သွားခဲ့ရင် ဘာတွေမှာ ဖြစ်မှာလဲ။
၁၉။ ခင်ဗျားပြောတော့ ဘက်ကဒတ်က အန္တရာယ် ရှိတယ်ဆို။ အဲဒါဆိုရင် တခြားမြို့တွေမှာ ဘာလို့ ပြောင်းမနေသလဲ။ အဲဒီမှာ တခြား မြို့တွေ အများကြီး ရှိတာ မဟုတ်လား။ အန္တရာယ်ကင်းမဲ့နေရာတွေမှာ သွားနေပေါ့။
၂၀။ ခင်ဗျား ဘာပြောချင်သေးသလဲ။
၂၁။ ဟုတ်ပါပြီး ဘာထပ်ပြောချင်သေးသလဲ။ ခင်ဗျား ဘယ်အထောက်အထားကို အကြိုက်ဆုံး လဲ။

No comments: