Monday, August 23, 2010

ယဉ်ကျေးမှုနဲ့ အိနြေ္ဒ

စီရယ်ရာ လီယွန်းနိုင်ငံက အမျိုးသမီးက အစိုးရရှေ့နေတဲ့ စကားပြောတဲ့ အခါ အကြည့်ချင်းဆုံပြီး စကားပြောပါတယ်။ သူကို မုဒိန်းကျင့်တဲ့ အကြောင်းရောက်တော့မှာ မျက်လွှာကို ချပြီး စကားပြောပါတယ်။ ရှက်ကြောက်စရာကောင်းတဲ့အကြောင်းကို ပြောပြတဲ့အခါ အရာရှိကို တိုက်ရိုက် ကြည့်ပြီး စကားပြောတာဟာ မှားယွမ်းသလား။

အမေရိကန် တရားသူကြီးက ဘယ်လို ထင်မှာလဲ။

ကွန်ဂိုနိုင်ငံ အဆင့်အတန်းမြင့်တဲ့ လူ့အသိုင်းအ၀ိုင်းကလာတဲ့ အမျိုးသမီးဟာ အရိုက်ခံရတယ်။ မုဒိန်းအကျင်းခံရတယ်။ ဒါပေမဲ့ သူဟာ တရားရုံးမှာ မငိုခဲ့ဘူး၊ စိတ်ခံစားမှုကို မပြခဲ့ဘူး။ သူတို့ အဆင့်အတန်းရှိတဲ့သူတယောက်ဟာာ တရားရုံးထဲမှာ ငိုဖို့ဆိုတာဟာ ရှက်စရာဖြစ်ပြီး၊ မသင့်တော်ဘူးလား။

အမေရိကန် တရားသူကြီးက ဘယ်လို ထင်မှာလဲ။

ကင်ညာ ရ၀မ်ဒန်နိုင်ငံမှာ စကားလုံးရေ စုစုပေါင်း ဘယ်လောက်ရှိသလဲ။ ၁သိန်းလောက်ပေါ့။ အင်္ဂလိပ်စာမှာ ရော ဘယ်လောက်ရှိသလဲ။ တချို့ အင်္ဂလိပ်စာလုံးတွေ ခင်ဗျားရဲ့ ဘာသာစကားမှာ မရှိတာ ရှိသလား။

ခင်ဗျားရဲ့ ဘာသာစကားမှာ ရှိပြီး အင်္ဂလိပ်မှာ မရှိတာရော ရှိလား။ ဂရိ ဘာသာစကားမှာ အချစ်အတွက် စကားလုံး လေးမျိုး ရှိတယ်။ သိလား။

အက်စကီးမိုးတွေမှာ နှင်းဆိုတာအတွက် စကားလုံး ၁၇မျိုးရှိတယ်။

No comments: