Monday, August 23, 2010

ဗမာပြည်က ခရစ်ယာဉ်တယောက်ကို မေးတဲ့မေးခွန်းတွေ

တိုင်းပြည်က ဘယ်လိုနည်းနဲ့ ထွက်လာသလဲ။ ခင်ဗျား ဓာတ်ပုံပါတဲ့ နိုင်ငံကူးလက်မှတ်ကို သုံးပြီး လေဆိပ်က ထွက်လာတာ မဟုတ်လား။

လေဆိပ်က အရာရှိတွေကို လာဘ်ထိုးခဲ့သလား။ ဘယ်လောက်တုန်း။ ဘယ်လို ပေးလိုက်သလဲ။ စာအိတ်ထဲ ထည့်ပေးလိုက်တာလား။
အမေရိကန် သံရုံးမှာ ခင်ဗျားရဲ့ ပြဿနာတွေကို ပြောခဲ့သလား။ ဘာလို့ မပြောခဲ့တာလဲ။ ပြည်ဝင်ခွင့်ရဖို့ ခင်ဗျား လိမ်ပြောခဲ့သလား။ သူတို့တွေက ဘယ်လိုမေးခွန်းတွေကို မေးသလဲ။ ခင်ဗျားက ဘယ်လို ဖြေခဲ့သလဲ။

၂၀၀၉မှာ အဖမ်းခံခဲ့ရတယ်လို့ ပြောတယ်မဟုတ်လား။ အဖမ်းမခံခင်ကရော ခင်ဗျားမှာ ပြဿနာ ရှိခဲ့သလား။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ငြိမ်းချမ်းခဲ့တယ်ပေါ့။ ခင်ဗျား အလုပ်ခွင်မှာ အနှိမ်ခဲ့ရတာမျိုး ရှိခဲ့သလား။ ခင်ဗျားကို တယောက်ယောက်က ချိန်းခြောက်ခဲ့သလား။

ဘာလို့ ဘုရားကျောင်းမှာ စာသင်သလဲ။ ခင်ဗျားကို ဖမ်းတုန်းက ခင်ဗျားက ဘယ်မှာလဲ။ ဘုရားကျောင်းထဲမှာ မက်တပ်ရပ်နေတာလား။ ကော်ဖီဆိုင်မှာ ကော်ဖီထိုင်သောက်နေတာလား။ ဘယ်သူတွေ ရှိနေသလဲ။

ခင်ဗျားကို မဖမ်းခင် အဲဒီနေ့က စာသင်နေတာ ဘယ်လောက် ကြာသွားပြီးလဲ။ ခင်ဗျားအဖေက အဲဒီတုန်းက ဘာတွေ လုပ်နေသလဲ။ အမေကရော။
ခင်ဗျားရဲ့ အမကို မြင်တုန်းက စိတ်ထဲ ဘာတွေ ဖြစ်သွားသတုန်း။

ခင်ဗျားဆန္ဒပြနေတုန်း သံရုံးထဲက ယောင်္ကျားတယောက် ခင်ဗျားကို ဓာတ်ပုံရိုက်လိုက်တယ်လို့ ပြောတယ်။ ခင်ဗျားဘယ်လိုလုပ်သိတုန်း။ သူက ဘာလို့ ရိုက်တာလဲ။ ခင်ဗျားဘယ်သူလဲဆိုတာ သိဖို့ ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ထဲက ဓာတ်ပုံနဲ့ ယှဉ်ကြည့်လို့ရအောင် သူတို့ရိုက်ထားတဲ့ ဓာတ်ပုံကို မြန်မာပြည်ပို့မယ်လို့ ခင်ဗျားက ထင်တာလား။ ဘာကြောင့် အဲဒီလို ထင်ရသလဲ။ ခင်ဗျားကို သံရုံးက လူက အဲဒီလိုပဲ ပြောပြသလား။ ဘယ်သူလဲ မစ္စတာ ထွဋ်ဆိုတဲ့သူက ။ ၂၀၀၅ခုနှစ်အထိ သံရုံးမှာ တာဝန်ကျခဲ့တဲ့လူလား။ သူက ၀ါရှင်တန်ပို့စ် သတင်းစာထဲမှာ ဘာတွေပြောထားတာလဲ။ သူ ၀ါရှင်တန်မှာ တာဝန်ကျတုန်းက ပြည်ပရောက် နိုင်ငံရေးသမားတွေကို စောင့်ကြည့်တဲ့အလုပ်ကို လုပ်ခဲ့ရတယ်ဆိုတဲ့ အကြောင်း သတင်းစာဌာနကို ပြောပြခဲ့လို့လား။

မစ္စတာ ညီညီအောင်က အမေရိကန်မှာ ဆန္ဒပြခဲ့တာလား။ ပြီးတော့ မြန်မာပြည် ပြန်သွားခဲ့တာလား။ ၂၀၀၉မှာ အဖမ်းခံလိုက်ရတာလား။

ဗွီအိုအေ ဆိုတာဘာလဲ။ ဘာလဲ ဒီဘီဘီဆိုတာ။ သူတို့ရဲ့ ဗွီဒီယိုတွေ ဘယ်ကို လွှင့်တာလဲ။

No comments: