Tuesday, September 14, 2010

ခင်ဗျားပြောတဲ့အချက်တွေနဲ့ အမေရဲ့ စာထဲက အချက်တွေ ကိုက်ညီရဲ့လား။

အမျိုးသမီးတယောက် နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်ခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေရဲ့ စာထဲက အချက်တွေနဲ့ မကိုက်ညီလို့ပါတဲ့။

တရားရုံးမှာ။ အဲဒီအမျိုးသမီးက ထွက်ဆိုတာက

ဇန်န၀ါရီလ ၂၀၀၃ခုနှစ်မှာ သူဟာ ချိန်းခြောက်ခံရပါတယ်။
သူ့ အမဟာလည်း ၂၀၀၄မှာ အဖမ်းခံရပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။
၂၀၀၄ခုနှစ်ထဲမှာပဲ သူ့ဟာ ဆေးလိပ်မီးနဲ့ အတို့ခံရတယ်။

သူ့အမေရဲ့ စာထဲမှာ အကြောင်းအရာတွေ အများကြီးရေးထားပါတယ်။ အဖမ်းခံရတဲ့အကြောင်းပါ ပါတယ်။ ဒါပေမဲ့ ၂၀၀၃ခုနှစ်တုန်းက သူ အချိန်းခြောက်ခံရတဲ့အကြောင်း ရေးမထားပါဘူး။ ဆေးလိပ်မီးနဲ့ အတို့ခံရတဲ့အကြောင်းလည်း မပါပါဘူး။ အမ ပျောက်ဆုံးသွားတဲ့အကြောင်းလဲ မပါဘူး။

No comments: