ဒီမိုကရေးစီထောက်ခံသူ မြန်မာပြည်သားကို မေးခွန်းတွေ ထပ်မေးပါတယ်။
ခင်ဗျားကို ပထမဆုံးအကြိမ် ဘယ်မှာ ဖမ်းတာလဲ။ ခုနှစ်ရယ် လရယ် မြို့နာမည်ရယ် ပြောပြ။ ခင်ဗျားကို ဖမ်းတုန်းက ဘယ်မှာလဲ။ ဘယ်လောက်ကြာကြာ ထိန်းသိမ်းခံထားရတာလဲ။ ခင်ဗျား ကို မေးခွန်းတွေ မေးတာလား။ ဘယ်နှစ်ကြိမ်မေးတာလဲ။ ၃ခေါက်လား။ ပထမဆုး အကြိမ်လာမေးတုန်းက ခင်ဗျားကို ရိုက်နှက်သေးသလား။ သူတို့က ဘာနဲ့ ရိုက်တာလဲ။ ဘယ်လို လက်နက်တွေကို သုံးတာလဲ။ ဘယ်ကို ရိုက်တာလဲ။ ဗယ်ဘက် ခြေထောက်လား။ ခင်ဗျား သွေးတွေ မြင်ခဲ့လား။ ဘယ်မှာလဲ။ အကျီ င်္ နဲ့ ခင်ဗျားရဲ့ လက်မှာလား။ ခင်ဗျား နာတာရှည်အောင် ရိုက်ခံခဲ့ရတာလား။ ခင်ဗျားရဲ့ ထိခိုက်ဒဏ်ရာတွေအတွက် ဆရာဝန်နဲ့ မတွေ့ဘူးလား။ ခင်ဗျားဆရာဝန်နဲ့ တွေ့ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ဆရာဝန်ရဲ့ ဆေးမှတ်တမ်းက ဘယ်မှာလဲ။ ခင်ဗျား ဘယ်လိုလုပ် လွှတ်လာသလဲ။ ခင်ဗျားကို လွှတ်ပေးလိုက်တုန်းက ဘာတွေ ပြောခဲ့သလဲ။
၂၀၀၆မှာ ထောင်ကနေ လွှတ်လာမယ်မဟုတ်လား။ ခင်ဗျားရဲ့ အစိုးရနဲ့ ၂၀၀၇ခုနှစ်မှာ ပြဿနာ ရှိခဲ့သေးသလား။ ၂၀၀၈မှာရော။ ခင်ဗျားတိုင်းပြည်ကနေ ထွက်သွားပြီး ခရီးသွားခဲ့တာတွေ ရှိသလား။ ဘယ်တုန်းကလဲ။ ပြင်သစ်မှာ ဘာကြောင့် နိုင်ငံရေး ခိုလှုံခွင့်ကို မလျှောက်ခဲ့တာလဲ။ ဂျပန်မှာရော။ ဂျပန်ကို ရောက်ပြီးသွားခါမှ မြန်မာပြည်ကို လိုလိုလားလား ပြန်သွားခဲ့တာလား။ ခင်ဗျားပြောတော့ ခင်ဗျား အစိုးရက မုန်းတယ်ဆို။ ဒါလည်း ခင်ဗျားက လိုလိုလားလား ပြန်ခဲ့တာပဲလား။
ခင်ဗျားပြန်သွားခဲ့တာဟာ ခင်ဗျားတိုင်းပြည်မှာ အန္တရာယ်မရှိဘူးဆိုတဲ့သဘောကို မပြဘူးလား။
Wednesday, September 8, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment