Wednesday, January 28, 2009

ကိုယ့်အကြောင်းကို ကိုယ် ၂ခါ ဆက်တိုက် ဘာဖြစ်လို့ ပြန်မပြောနိုင်တာလဲ

မြန်မာပြည်က မစ္စတာ ကေ ဟာ နိုင်ငံရေး ခိုင်လှုံခွင့်လျှောက်ထားတာမှာ အငြင်းခံရပါတယ်။ အကြောင်းကတော့ သူဟာ ကိုယ့်အကြောင်းကို ကိုယ်ပြန်ပြောတာမှာ ရှေ့နောက် မညီညွတ်လို့ပါပဲ။ နိုင်ငံရေးခိုလှုံခွင့် အရာရှိကို ပြောပြတုန်းကတော့ တမျိုး ဖြစ်ပြီး နောက် တရားသူကြီးကို ထပ်ပြောတော့ နောက်တမျိုးဖြစ်နေတယ်။ တရားသူကြီးက မစ္စတာ ကေ နိုင်ငံရေး ခိုလှုံခွင့်အရာရှိကို ဘာတွေ ပြောခဲ့သလဲ ဆိုတာ အတိအကျ သိပါတယ်။ တရားခွင် မတိုင်ခင်မှာ တရားသူကြီးက ခိုလှုံခွင့် အရာရှိရဲ့ မှတ်တမ်းစာစောင်ကို ဖတ်ထားပါတယ်။ မစ္စတာကေကတော့ အဲဒီ မှတ်တမ်းကို ဖတ်ဖို့အတွက် အရမ်းကို အလုပ်ရှုတ်နေခဲ့လို့ ခိုလှုံခွင့်အရာရှိကို ကိုယ်က ဘာတွေ ပြောခဲ့သလဲဆိုတာကိုလည်း မေ့သွားပါတယ်။ ဒါကြောင့် တရားရုံးထဲမှာ အားလုံးက သူရဲ့ ရေရေ ရာရာ မရှိတာတွေ၊ ရှေ့နောက်မညီတာကြီးကို ညည်းညည်းညူညူနဲ့ ထိုင်နားထောင်ရပါတယ်။ တရားသူကြီးရော၊ အစိုးရ ရှေ့နေရော၊ မစ္စတာကေရဲ့ ရှေ့နေပါ အားလုံး ညည်းငွေ့ကုန်ပါတယ်။ အားလုံးက မစ္စတာ ကေရဲ့ အကြောင်းကို မစ္စတာ ကေထက်တောင် ပိုသိနေပါသေးတယ်။ အားလုံးရဲ့စိတ်ထဲမှာ အတွေးတူနေမှာကတော့ ငါတို့ မစ္စတာကေ ကို မစ္စတာ ကေထက်တောင် ပိုသိနေတယ်ပေါ့။ ဒီလူ အူကြောင်ကြောင်နဲ့။ သူ့ရာဇ၀င်ကို သူ ပြန်ဖတ်ဖို့အတွက်များ အလုပ်ရှုတ်နေသလား။ အမေရိကန် သုံးယောက်စလုံးက သူ့အကြောင်းကို သူ့ထက်ပိုသိနေတယ်ဆိုတာကို သူ မရှက်ဘူးလား။ မစ္စတာ ကေရဲ့ ရှေ့နေကတော့ မစ္စတာကေရဲ့ အကြောင်းကို ရှေ့ကနေရော၊ မှတ်စုကို ပြန်မကြည့်ဘဲနဲ့ နောက်ပြန်ရော ၅ခါ ပြန်ပြောနိုင်တယ်။ ဘာဖြစ်လို့ မစ္စတာ ကေ က ပြန်မပြောနိုင်ရတာလဲနော်။

Wednesday, January 21, 2009

arrest ဆိုတာ အင်္ဂလိပ်လို ဘာလဲ

မစ္စတာ ကေ ကို ဘုရားကျောင်း ဆောက်လုပ်ခွင့် မပေးပါဘူး။ အဲဒါကြောင့် မစ္စတာ ကေ က ၀ူးဝူးဝါးဝါးနဲ့ ပြဿနာ ရှာပါတော့တယ်။ ရလာဒ်ကတော့ လက်နက်ကိုင် အစိုးရ အရာရှိများက မစ္စတာ ကေကို အခန်းငယ်ထဲထည့်ပြီး ထိုးနှက်ပါတော့တယ်။ တနည်းပြောရရင် မစ္စတာ ကေဟာ arrested အဖမ်းခံရတယ်ပေါ့။ အစိုးရ အရာရှိတွေက သူ့ကို အခန်းငယ်ထဲထည့်ပြီး၊ နေခိုင်းတယ်ပေါ့။

တခြား အလားတူ မစ္စတာ ကေ ဟာ အဖမ်းခံရတယ်၊ arrested ဆိုတဲ့ အင်္ဂလိပ် စကားလုံးတွေ အများကြီးရှိပါတယ်။ ဥပမာ detained တို့ imprisoned တို့ jailed တို့ပေါ့။

အစိုးရ အရာရှိဆိုတာ အစိုးရရဲ့ အရာရှိပါပဲ။ ရဲဌာနကပဲ ဖြစ်ဖြစ်၊ စစ်ထောက်လှမ်းရေးကပဲ ဖြစ်ဖြစ်၊ အရေးမကြီးပါဘူး။ သေနတ် တလက် ကိုင်ပြီး မြန်မာ အစိုးရအတွက် အလုပ် လုပ်တယ်ဆိုတာက အရေးကြီးတာပါ။

လက်နက်ကိုင် အစောင့် တယောက် စောင့်နေတဲ့ အခန်း တခန်းထဲ ထည့် သော့ခတ်ပြီး ခင်ဗျားကို ထားတယ် ဆိုတဲ့ ကိစ္စက ဆိုးပါတယ်။ အင်္ဂလိပ်လို jail ဆိုတဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ prisonမှာ ပဲဖြစ်ဖြစ် detention centerမှာပဲ ဖြစ်ဖြစ် correctional facilityမှာ ပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှေ့နေများက သိပ်ဂရုစိုက်တာ မဟုတ်ပါဘူး။ အခန်းထဲမှာ ပိတ်ထားခံရတဲ့သူအတွက်က ဘာများ အရေးကြီးသေးလို့လဲ။ အရေးကြီးတာက သူဟာ အဲဒီအခန်းထဲက ထွက်လို့ မရဘူးဆိုတာပါပဲ။ သူ့ကို သော့ခတ်ထားတယ်။ နံရံ လေးဘက်ရှိတဲ့ အခန်းတခန်းထဲမှာ သူ့ကိုထည့် တံခါး သော့ခတ်ထားတယ်။

တချို့ မြန်မာတွေက ရဲက အဖမ်းခံရတာနဲ့ စစ်တပ်က အဖမ်းခံရတာကို ခွဲခြားပြောဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ သူတို့တွေက ကျွန်တော်ကို ရဲက ဖမ်းပါတယ်။ စစ်တပ်က ထိန်းသိမ်းထားပါတယ်လို့ ပြောချင်ပါတယ်။ အမှန်တော့ ကျွန်တော်တို့ အမေရိကားမှာ ဒါတွေကို သိပ်ဂရုမစိုက်ပါဘူး။ ရဲပဲဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။

တချို့ မြန်မာများကတော့ jail ဆိုတာနဲ့ prisonဆိုတာကို ခွဲခြားပြောဖို့ အရေးကြီးတယ်ထင်ပါတယ်။ ကျွန်တော်တို့က ဂရုမစိုက်ပါဘူ။ သော့ခတ်ထားတဲ့ အခန်းကတော့ သော့ခတ်ထားတဲ့ အခန်းတခုပါပဲ။

မစ္စတာကေ က သူ့ကိုယ်သူ အင်္ဂလိပ်စကား ကျွမ်းကျင်သူ အဖြစ် သတ်မှတ်ထားပါတယ်။ စစ်တပ်က သူ့ကို အတင်းအဓမ္မ အခန်းထဲကို ထည့်ထားတာ(force him into a small room)ကို သူ့က သူ့ကို ဖမ်းထားတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က လူတွေကို မဖမ်းဘူး (arrest)၊ ထိန်းသိမ်းတာ (detain)လို့ သူက ထင်ပါတယ်။ ဒါကြောင့်ပဲ သူ့ဟာ ခိုလှုံခွင့် လျှောက်ထားရေးမှာ အမှုရှုံးသွားပါတယ်။

Friday, January 16, 2009

ပြီးခဲ့တဲ့ ၅နှစ်တုန်းက ကိစ္စတွေကို အသေးစိတ် တကယ်ပဲ မှတ်မိနိုင်မလား

ယူကရိန်းက မစ္စက် ယူ ကို နိုင်ငံရေး ခိုလုံခွင့်ပေးဖို့ ငြင်းပယ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတေ

၁။ သူကို ၂၀၀၃ခုနှစ် အောက်တိုဘာလ ၁၉ရက် စနေနေ့မှာ ဖမ်းတယ်လို့ အင်တာဗျူးမှာ ပြောပါတယ်။ ဒါပေမယ့် ပြက္ခဒိန်မှာ အောက်တိုဘာ ၁၉ရက် ၂၀၀၃ခုနှစ်ဟာ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ (တကယ်တော့ မစ္စက် ယူက ၂၀၀၃ အောက်တိုဘာ လလယ်လောက်တုန်းက ဖမ်းခံခဲ့ရတယ်လို့ ပြောသင့်တာပေါ့)။

၂။ မစ္စတာ ဒီ ဆိုတဲ့ လူကို တယ်လီဖုန်းနဲ့ ပထမ ဆက်သွယ်ခဲ့တယ်လို့ မစ္စက် ယူ က အင်တာဗျူးမှာ နုတ်ဖြေ ဖြေခဲ့တာပါ။ ဒါပေမယ့် စာရွက်ထဲမှာ ရေးထားတာက စာနဲ့ ဆက်သွယ်ခဲ့တာလို့ ဆိုပါတယ်။ (ကျမ မစ္စတာ ဒီ ကို ဆက်သွယ်ခဲ့တယ်။ သူက ကျမကို သတင်းအချက်အလက်တွေ ပေးပါတယ်။ နောက်ပိုင်းမှာ သူနဲ့ မကြာခဏ အဆက်အသွယ်ရှိခဲ့ပါတယ်လို့ မစ္စက် ယူ ပြောသင့်တာပါ။)

၃။ အသေးစိတ် အချက်အလက် တော်တော်များများကို သူက နုတ်ဖြေ ဖြေတဲ့အထဲမှာ အများကြီး ထည့် ပြောထားပါတယ်။ ဒါပေမယ့် လျှောက်လွှာထဲမှာတော့ အဲဒီ အသေးစိတ်တွေကို မဖော်ပြထားပါဘူး။ (ကျမရဲ့ ဇာတ်ကြောင်းနဲ့ ပတ်သက်တဲ့ တခြား အသေးစိတ်အချက်အလက်တွေ အများကြီး ရှိပါတယ်။ ကျမကို တိုတိုရေးဖို့ အကြံပေးထားလို့ပါ။ ကျမ အသေးစိတ်ကို နောက်မှ ရှင်းပြမယ်လို့ မစ္စက် ယူက ရေးထားခဲ့သင့်တယ်။)

နေထိုင်ခွင့်ရဖို့အတွက် ပထမဆုံး မေးသော မေးခွန်းများ

လူဝင်မှု ကြီးကြပ်ရေး မှတ်တမ်း

ခင်ဗျားရဲ့ မွေးရပ်ဟာ ဘယ်မှာလဲ။ အမေရိကားကို ဘယ်တုန်းက ဘယ်လိုဗီဇာနဲ့ ၀င်လာခဲ့ပါသလဲ။ INS ဒါမှ မဟုတ် US-CISတို့မှာ တခြား လျှောက်ထားတာတွေများရှိသလား။ ကိုယ်တိုင် လျှောက်ထားတာလား။ သူများ လျှောက်ပေး ထားတာလား။ အမေရိကန် စစ်တပ်မှာ အလုပ် လုပ်ဖူးသလား။ ခင်ဗျား တရားဝင် နေထိုင် ခွင့်ကို ထိန်းသိမ်းထားရဲ့လား။ အခု ခင်ဗျားရဲ့ နေထိုင်ခွင့်က ဘာလဲ။ Freedom of information ဥပဒေအရ ခင်ဗျားရဲ့ အချက်အလက်တွေကို တောင်းနိုင်သလား။ တနှစ်ကို စာသေတ္တာ တခုအတွက် ၁၀၀ ဒေါ်လာပေးရတာ တန်သလား။

အမေရိကားရောက် ဆွေမျိုးများ အကြောင်း

အမေရိကန် နိုင်ငံသား တယောက် ဒါမှမဟုတ် ဂရင်းကဒ် ကိုင်ထားတဲ့သူ တယောက် ယောက် ကများ I-130ကို ခင်ဗျားအတွက် လျှောက်ထားပေးနိုင်မလား။ ခင်ဗျားမှာ အဘိုးအဖွား ရှိ သလား။ သူတို့တွေ အမေရိကားမှာ နေထိုင်ခဲ့ဖူးသလား။ ခင်ဗျားရဲ့ အဒေါ်တို့ ဦးလေးတို့က များ ခင်ဗျား အဖေ ဒါမှမဟုတ် အမေ အတွက်များ နေထိုင်ခွင့် လျှောက်ထား ပေးဖူးသလား။

ခင်ဗျား အလုပ်ရှင်

ခင်ဗျားအလုပ်ရှင်က အလုပ်သမား ၀န်ကြီးဌာနမှာ ETA-9089 ပုံစံကို တင်ပေးမှာလား။ ခင်ဗျားရဲ့ အလုပ်ရှင်က ဘုန်းကြီးကျောင်းလား။ ခရစ်ယာန် ဘုရားကျောင်းလား။ ခင်ဗျားမှာ ဘီအေ ဘွဲ့ရှိသလား။

နေထိုင်ခွင့် ရနိုင်ရေး လျှောက်လွှာများ

  • I-589- နိုင်ငံရေုးခိုလှုံခွင့်၊ နေရင်းသို့ ပြန်လွှတ်ရေးမှ ကာကွယ်ခွင့်၊ ညှင်းပန်းနှိပ်စပ်မှုမှ လွတ်မြောက်ရေး ထုံးတမ်း (အမေရိကားရောက်ပြီး တနှစ်အတွင်း လျှောက်ထားရန်)
  • တက္ကသိုလ်တခု သို့မဟုတ် ကျောင်း တကျောင်းက F-1 သို့မဟုတ် J-1 ဗီဇာကို ရယူပေးနိုင်သည်။
  • အသက်၁၈နှစ်အောက်လား။
  • ခင်ဗျားကို ခင်ပွန်းက စိတ်ကိုရော၊ ရုပ်ကိုပါ နာကျင်အောင် လုပ်သလား။ (I-360 ကို လျှောက်ရန်)
  • အမေရိကန်မှာ ခင်ဗျားက ရာဇ၀တ်မှုခင်းတခုမှာ နစ်နာခဲ့ရသူဖြစ်သလား။
  • ခင်ဗျားရဲ့ အမ အင်္ဂါ အစိတ်အပိုင်းအချို့ ဖျက်ဆီးခံရဘူးသလား။ ခင်ဗျား သမီးရော၊ ခင်ဗျားသမီးပါ အဖျက်ဆီးခံရဖို့ အန္တရာယ် ရှိနေသလား။
  • ခင်ဗျားရဲ့ အလုပ်ရှင်က ခင်ဗျားကို ချိန်းခြောက်ဖူးသလား။ မူမမှန်တဲ့ ဆက်ဆံမှုမျိုးနဲ့ ဆက်ဆံသလား။
  • ခင်ဗျားရဲ့ တိုင်းပြည်က လူတယောက်ယောက်များ ယာယီ စောင့်ရှောက် နေထိုင်ခွင့် ရဖူးသလား။
  • ခင်ဗျား DV လျှောက်ဖူးသလား။
  • ခင်ဗျား အမေရိကန်ကို ရောက်နေတာ ၁၀နှစ် ရှိသွားပြီလား။
  • ကနေဒါမှာ နေထိုင်နေတဲ့ သူငယ်ချင်း ခင်ဗျားမှာရှိသလား။

လျှောက်လွှာနဲ့ သတင်း အချက်အလက်အတွက် ဖုံးနံပါတ်များ

(၁-၈၀၀-၈၇၀- ၃၆၇၆) (လျှောက်လွှာ) (၁-၈၀၀-၃၇၅-၅၂၈၃) (လူဝင်မှု ကြီးကြပ်ရေးကို မေးရန်) ၁-၈၀၀-၈၉၈-၇၁၈၀ (လူဝင်မှု ကြီးကြပ်ရေး တရားရုံး) www.uscis.gov

ကတ်သလစ် လူမှုရေးအသင်း (Catholic Charities) – (၂၀၂-၇၇၂-၄၃၅၆)၊ (၄၁၀-၅၃၄-၈၀၁၅)၊ (၇၀၃-၅၃၄-၉၈၀၅)။

မယ်ရီလန်း တက္ကသိုလ်- (၄၁၀-၇၀၆၃၉၂၂)

လူ့အခွင့်အရေးအတွက် ပထမ (Human Rights First) – (၂၀၂-၅၄၇-၅၆၉၂)

နိုင်ငံရေး ခိုလှုံခွင့်- (၁-၈၀၀-၃၅၄-၀၃၆၅)၊ (၂၀၂-၅၄၁-၃၉၅၆)

www.state.gov: သတင်းနှင့် ပြည်သူ့အရေး ကိစ္စများ၊ တိုင်းပြည်များအခြေအနေ အစီရင်ခံစာများနှင့် အရေးကြီး စာရွက်စာတမ်း။

www.ssa.gov အမေရိကန် မှတ်ပုံတင် အမှတ် လျှောက်ထားရန် (လျှောက်လွှာအမှတ် SS-5)

အခွန်ပေးသူ မှတ်ပုံတင် နံပါတ်(ITIN) အခွန်ဌာန W-7 လျှောက်လွှာ (၁-၈၀၀-၈၂၉-၃၆၇၆)

အခြား နိုင်ငံရေး ခိုလှုံခွင့် အတွက် အရေးပါသော အချက်အလက်များ လေ့လာနိုင်ရန်

http://winyourasylumcase.blogspot.com/

http://burmeseasylum.blogspot.com/

မစ္စတာ Giuseppe Eternoက ဘာဖြစ်သွားသလဲ။

တကယ်လို့ လ၀ကမှာ လျှောက်လွှာ တခုတင်ခဲ့ရင်၊ ကျွန်တော်ကိုများ အသေးစိတ် စစ်ဆေးပြီး ပြည်တွင်းကို ပြန်ပို့နိုင်သလား။

ရှေ့နေရဖို့အတွက် ဆက်သွယ်ရန်

924 G Street NW#225 Washington DC 20001
ကေသွယ်ခိုင် ၂၀၂-၅၃၆-၄၈၁၂ (ဘာသာပြန်ပေးသည်)