Wednesday, January 28, 2009

ကိုယ့်အကြောင်းကို ကိုယ် ၂ခါ ဆက်တိုက် ဘာဖြစ်လို့ ပြန်မပြောနိုင်တာလဲ

မြန်မာပြည်က မစ္စတာ ကေ ဟာ နိုင်ငံရေး ခိုင်လှုံခွင့်လျှောက်ထားတာမှာ အငြင်းခံရပါတယ်။ အကြောင်းကတော့ သူဟာ ကိုယ့်အကြောင်းကို ကိုယ်ပြန်ပြောတာမှာ ရှေ့နောက် မညီညွတ်လို့ပါပဲ။ နိုင်ငံရေးခိုလှုံခွင့် အရာရှိကို ပြောပြတုန်းကတော့ တမျိုး ဖြစ်ပြီး နောက် တရားသူကြီးကို ထပ်ပြောတော့ နောက်တမျိုးဖြစ်နေတယ်။ တရားသူကြီးက မစ္စတာ ကေ နိုင်ငံရေး ခိုလှုံခွင့်အရာရှိကို ဘာတွေ ပြောခဲ့သလဲ ဆိုတာ အတိအကျ သိပါတယ်။ တရားခွင် မတိုင်ခင်မှာ တရားသူကြီးက ခိုလှုံခွင့် အရာရှိရဲ့ မှတ်တမ်းစာစောင်ကို ဖတ်ထားပါတယ်။ မစ္စတာကေကတော့ အဲဒီ မှတ်တမ်းကို ဖတ်ဖို့အတွက် အရမ်းကို အလုပ်ရှုတ်နေခဲ့လို့ ခိုလှုံခွင့်အရာရှိကို ကိုယ်က ဘာတွေ ပြောခဲ့သလဲဆိုတာကိုလည်း မေ့သွားပါတယ်။ ဒါကြောင့် တရားရုံးထဲမှာ အားလုံးက သူရဲ့ ရေရေ ရာရာ မရှိတာတွေ၊ ရှေ့နောက်မညီတာကြီးကို ညည်းညည်းညူညူနဲ့ ထိုင်နားထောင်ရပါတယ်။ တရားသူကြီးရော၊ အစိုးရ ရှေ့နေရော၊ မစ္စတာကေရဲ့ ရှေ့နေပါ အားလုံး ညည်းငွေ့ကုန်ပါတယ်။ အားလုံးက မစ္စတာ ကေရဲ့ အကြောင်းကို မစ္စတာ ကေထက်တောင် ပိုသိနေပါသေးတယ်။ အားလုံးရဲ့စိတ်ထဲမှာ အတွေးတူနေမှာကတော့ ငါတို့ မစ္စတာကေ ကို မစ္စတာ ကေထက်တောင် ပိုသိနေတယ်ပေါ့။ ဒီလူ အူကြောင်ကြောင်နဲ့။ သူ့ရာဇ၀င်ကို သူ ပြန်ဖတ်ဖို့အတွက်များ အလုပ်ရှုတ်နေသလား။ အမေရိကန် သုံးယောက်စလုံးက သူ့အကြောင်းကို သူ့ထက်ပိုသိနေတယ်ဆိုတာကို သူ မရှက်ဘူးလား။ မစ္စတာ ကေရဲ့ ရှေ့နေကတော့ မစ္စတာကေရဲ့ အကြောင်းကို ရှေ့ကနေရော၊ မှတ်စုကို ပြန်မကြည့်ဘဲနဲ့ နောက်ပြန်ရော ၅ခါ ပြန်ပြောနိုင်တယ်။ ဘာဖြစ်လို့ မစ္စတာ ကေ က ပြန်မပြောနိုင်ရတာလဲနော်။

No comments: