Wednesday, January 21, 2009

arrest ဆိုတာ အင်္ဂလိပ်လို ဘာလဲ

မစ္စတာ ကေ ကို ဘုရားကျောင်း ဆောက်လုပ်ခွင့် မပေးပါဘူး။ အဲဒါကြောင့် မစ္စတာ ကေ က ၀ူးဝူးဝါးဝါးနဲ့ ပြဿနာ ရှာပါတော့တယ်။ ရလာဒ်ကတော့ လက်နက်ကိုင် အစိုးရ အရာရှိများက မစ္စတာ ကေကို အခန်းငယ်ထဲထည့်ပြီး ထိုးနှက်ပါတော့တယ်။ တနည်းပြောရရင် မစ္စတာ ကေဟာ arrested အဖမ်းခံရတယ်ပေါ့။ အစိုးရ အရာရှိတွေက သူ့ကို အခန်းငယ်ထဲထည့်ပြီး၊ နေခိုင်းတယ်ပေါ့။

တခြား အလားတူ မစ္စတာ ကေ ဟာ အဖမ်းခံရတယ်၊ arrested ဆိုတဲ့ အင်္ဂလိပ် စကားလုံးတွေ အများကြီးရှိပါတယ်။ ဥပမာ detained တို့ imprisoned တို့ jailed တို့ပေါ့။

အစိုးရ အရာရှိဆိုတာ အစိုးရရဲ့ အရာရှိပါပဲ။ ရဲဌာနကပဲ ဖြစ်ဖြစ်၊ စစ်ထောက်လှမ်းရေးကပဲ ဖြစ်ဖြစ်၊ အရေးမကြီးပါဘူး။ သေနတ် တလက် ကိုင်ပြီး မြန်မာ အစိုးရအတွက် အလုပ် လုပ်တယ်ဆိုတာက အရေးကြီးတာပါ။

လက်နက်ကိုင် အစောင့် တယောက် စောင့်နေတဲ့ အခန်း တခန်းထဲ ထည့် သော့ခတ်ပြီး ခင်ဗျားကို ထားတယ် ဆိုတဲ့ ကိစ္စက ဆိုးပါတယ်။ အင်္ဂလိပ်လို jail ဆိုတဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ prisonမှာ ပဲဖြစ်ဖြစ် detention centerမှာပဲ ဖြစ်ဖြစ် correctional facilityမှာ ပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှေ့နေများက သိပ်ဂရုစိုက်တာ မဟုတ်ပါဘူး။ အခန်းထဲမှာ ပိတ်ထားခံရတဲ့သူအတွက်က ဘာများ အရေးကြီးသေးလို့လဲ။ အရေးကြီးတာက သူဟာ အဲဒီအခန်းထဲက ထွက်လို့ မရဘူးဆိုတာပါပဲ။ သူ့ကို သော့ခတ်ထားတယ်။ နံရံ လေးဘက်ရှိတဲ့ အခန်းတခန်းထဲမှာ သူ့ကိုထည့် တံခါး သော့ခတ်ထားတယ်။

တချို့ မြန်မာတွေက ရဲက အဖမ်းခံရတာနဲ့ စစ်တပ်က အဖမ်းခံရတာကို ခွဲခြားပြောဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ သူတို့တွေက ကျွန်တော်ကို ရဲက ဖမ်းပါတယ်။ စစ်တပ်က ထိန်းသိမ်းထားပါတယ်လို့ ပြောချင်ပါတယ်။ အမှန်တော့ ကျွန်တော်တို့ အမေရိကားမှာ ဒါတွေကို သိပ်ဂရုမစိုက်ပါဘူး။ ရဲပဲဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။

တချို့ မြန်မာများကတော့ jail ဆိုတာနဲ့ prisonဆိုတာကို ခွဲခြားပြောဖို့ အရေးကြီးတယ်ထင်ပါတယ်။ ကျွန်တော်တို့က ဂရုမစိုက်ပါဘူ။ သော့ခတ်ထားတဲ့ အခန်းကတော့ သော့ခတ်ထားတဲ့ အခန်းတခုပါပဲ။

မစ္စတာကေ က သူ့ကိုယ်သူ အင်္ဂလိပ်စကား ကျွမ်းကျင်သူ အဖြစ် သတ်မှတ်ထားပါတယ်။ စစ်တပ်က သူ့ကို အတင်းအဓမ္မ အခန်းထဲကို ထည့်ထားတာ(force him into a small room)ကို သူ့က သူ့ကို ဖမ်းထားတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က လူတွေကို မဖမ်းဘူး (arrest)၊ ထိန်းသိမ်းတာ (detain)လို့ သူက ထင်ပါတယ်။ ဒါကြောင့်ပဲ သူ့ဟာ ခိုလှုံခွင့် လျှောက်ထားရေးမှာ အမှုရှုံးသွားပါတယ်။

No comments: