Friday, January 16, 2009

ပြီးခဲ့တဲ့ ၅နှစ်တုန်းက ကိစ္စတွေကို အသေးစိတ် တကယ်ပဲ မှတ်မိနိုင်မလား

ယူကရိန်းက မစ္စက် ယူ ကို နိုင်ငံရေး ခိုလုံခွင့်ပေးဖို့ ငြင်းပယ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတေ

၁။ သူကို ၂၀၀၃ခုနှစ် အောက်တိုဘာလ ၁၉ရက် စနေနေ့မှာ ဖမ်းတယ်လို့ အင်တာဗျူးမှာ ပြောပါတယ်။ ဒါပေမယ့် ပြက္ခဒိန်မှာ အောက်တိုဘာ ၁၉ရက် ၂၀၀၃ခုနှစ်ဟာ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ (တကယ်တော့ မစ္စက် ယူက ၂၀၀၃ အောက်တိုဘာ လလယ်လောက်တုန်းက ဖမ်းခံခဲ့ရတယ်လို့ ပြောသင့်တာပေါ့)။

၂။ မစ္စတာ ဒီ ဆိုတဲ့ လူကို တယ်လီဖုန်းနဲ့ ပထမ ဆက်သွယ်ခဲ့တယ်လို့ မစ္စက် ယူ က အင်တာဗျူးမှာ နုတ်ဖြေ ဖြေခဲ့တာပါ။ ဒါပေမယ့် စာရွက်ထဲမှာ ရေးထားတာက စာနဲ့ ဆက်သွယ်ခဲ့တာလို့ ဆိုပါတယ်။ (ကျမ မစ္စတာ ဒီ ကို ဆက်သွယ်ခဲ့တယ်။ သူက ကျမကို သတင်းအချက်အလက်တွေ ပေးပါတယ်။ နောက်ပိုင်းမှာ သူနဲ့ မကြာခဏ အဆက်အသွယ်ရှိခဲ့ပါတယ်လို့ မစ္စက် ယူ ပြောသင့်တာပါ။)

၃။ အသေးစိတ် အချက်အလက် တော်တော်များများကို သူက နုတ်ဖြေ ဖြေတဲ့အထဲမှာ အများကြီး ထည့် ပြောထားပါတယ်။ ဒါပေမယ့် လျှောက်လွှာထဲမှာတော့ အဲဒီ အသေးစိတ်တွေကို မဖော်ပြထားပါဘူး။ (ကျမရဲ့ ဇာတ်ကြောင်းနဲ့ ပတ်သက်တဲ့ တခြား အသေးစိတ်အချက်အလက်တွေ အများကြီး ရှိပါတယ်။ ကျမကို တိုတိုရေးဖို့ အကြံပေးထားလို့ပါ။ ကျမ အသေးစိတ်ကို နောက်မှ ရှင်းပြမယ်လို့ မစ္စက် ယူက ရေးထားခဲ့သင့်တယ်။)

No comments: