Friday, March 27, 2009

အင်ဒိုနီရှားက ခရစ်ယာန် တယောက်ကို လူဝင်မှု ကြီးကြပ်ရေး တရားသူကြီး က မေးတဲ့ မေးခွန်းများ

ခင်ဗျား တိုင်းပြည်က ထွက်လာတုန်းက လေဆိပ်မှာ ဘာတွေ ဖြစ်ခဲ့သေးသလဲ။ ခင်ဗျား အမေနဲ့ အဖေ အကြောင်းကို ပြောပြပါဦး။ သူတို့တွေက ခရစ်ယာန်တွေလား။ ခင်ဗျားနေတဲ့ အိမ်မှာပဲ နေနေတာလဲ။ ဘုရားကျောင်း သွားတာလဲ ခင်ဗျားသွားတဲ့ကျောင်းပဲလား။ သူတို့ကျတော့ ဘာမှ မထိခိုက်ဘူးပေါ့။ ခင်ဗျားပြောတော့ သူတို့ကို ဘယ်သူမှာ မနှိပ်စက်ဘူးပြောတယ်။ ဒါပေမယ့် စိတ်ဒုက္ခ အပေးခံရတယ်လား။ ဘယ်လို စိတ်ထိခိုက်အောင် လုပ်သလဲ။ ဘာကို ဆိုလိုတာလဲ။ ဘာလဲ စိတ်ထိခိုက်အောင် လုပ်တယ်ဆိုတာ။

ခင်ဗျားတိုင်းပြည်က အမေရိကန် သံရုံးကနေ ပြည်ဝင်ခွင့် ဗီဇာရခဲ့တာလား။ ခင်ဗျားတိုင်းပြည် ဘယ်လို ထွက်လာခဲ့တာလဲ။ လောလောဆယ်ကမှ နိုင်ငံခြားရေး ဌာနက ထုတ်ထားတဲ့ ကြေညာချက်ရဲ့ စာမျက်နှာ ၁၇မှာ ရဲတွေက ဘုရားကျောင်းတွေကို အကာအကွယ်ပေးတယ်လို့ ရေးမထားဘူးလား။ စာမျက်နှာ ၁၈မှာလဲ ခရစ်ယာန်တွေအပေါ် အကြမ်းဖက်တဲ့ အမှု အရည်အတွက် ဆက်ပြီး လျော့ကျနေတယ်လို့ ရေးမထားဘူးလား။ ကျုပ်ရော၊ အစိုးရ ရှေ့နေရော၊ ခင်ဗျားရဲ့ ကိုယ်ပိုင် ရှေ့နေရော ဖတ်ထးပြီးပြီ၊ ခင်ဗျားက မဖတ်ရသေးဘူးလား။ အခု တရားရုံးထဲမှာ ရှိတဲ့ လူအားလုံးနဲ့ ခင်ဗျားက ဆန့်ကျင်တယ် ဆိုတဲ့ သဘောလား။ မျက်မြင်သက်သေ ၂၄ ယောက်ကို ရအောင် ဘယ်လို လုပ်ပြီး ခေါ်လာနိုင်ခဲ့တာလဲ။

No comments: