Friday, March 27, 2009

ခင်ဗျား အနှိပ်စက်ခံရသလား

ခန္ဓာကိုယ် နှိပ်စက်ခံရခြင်း


၁။ ခင်ဗျား ခန္ဓာကိုယ်မှာ ဘယ်လို ထိခိုက်မှုမျိုးပဲဖြစ်ဖြစ် ခံစားခဲ့ရပါသလဲ။
၂။ ခင်ဗျားရဲ့ အိမ်ခြံမြေ၊ အိုးအိမ်၊ ပရိဘောဂ၊ ရုံးခန်း၊ ဘုရားကျောင်းကန် ကား၊ ဒါမှမဟုတ် တခုခုများ ထိခိုက်ခံခဲ့ရပါသလား။ တယောက်ယောက်က ခင်ဗျား ပြတင်းပေါက်ကို ခဲနဲ့ ပေါက်တာမျိုးတို့ပေါ့။
၃။ ခင်ဗျားကို ထောင်ချဖူးသလား။

စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်း

၎။ တယောက်ယောက်က ခင်ဗျားကို ခြိမ်းခြောက်ဖူးသလား။ ခင်ဗျားကို အနာဂတ်မှာ နှိပ်စက်မယ်လို့ ခြိမ်းခြောက်သလား။
၅။ ခင်ဗျား စိတ်ထိခိုက်ခဲ့ရသလား။ ခင်ဗျား ကြောက်နေခဲ့ရသလား။ ရတတ်မအေးဖြစ်ခဲ့ရသလား။ စိတ်ပူခဲ့ရသလား။ အိပ်မက်ဆိုးတွေ မက်သလား။ အတိတ်ကို ပြန်ရောက်သွားတာတွေ ဖြစ်သလား။
၆။ ခင်ဗျား မိသားစုဝင်တွေရော နှိပ်စက်ခံရသလား။ ခင်ဗျား ဘယ်လို ခံစားရသလဲ။
၇။ ခင်ဗျားရဲ့ လက်ရှိ စိတ် အခြေအနေနဲ့ အရင်က စိတ်အခြေအနေကို နှိုင်းယှဉ်တဲ့အခါ ဘယ်လို တွေ့ရသလဲ။

စီးပွားရေး အရ ထိခိုက်ခံစားရခြင်း

၈။ ခင်ဗျား အလုပ်ပြုတ်ခဲ့သလား။ ခင်ဗျား အလုပ်လျှောက်တဲ့အခါ မတရားသဖြင့် အငြင်းခံခဲ့ရသလား။
၉။ ခင်ဗျားဆီကနေ ပိုင်ဆိုင်မှုတွေကို သိမ်းယူသွားတာမျိုးရှိသလား။
၁၀။ ခင်ဗျားကို ဒဏ်ငွေ ကြီးကြီး ပေးဆောင်ဖို့ အမိန့်ထုတ်ခဲ့သလား။
၁၁။ ခင်ဗျားကို ကျန်းမာရေး၊ ပညာရေးနဲ့ လူမှု ၀န်ဆောင်မှုတွေအတွက် ငြင်းပယ်ခဲ့သလား။
၁၂။ လိုင်စင်တို့၊ နိုင်ငံကူး လက်မှတ်တို့၊ အာမခံတို့ ရော အသိမ်းခံရသလား။

လူမှုရေးအရ ထိခိုက်ခံစားရခြင်း

၁၃။ ခင်ဗျားရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို ၀င်ရောက် စွက်ဖက်တာတွေ ရှိသလား။
၁၄။ ခင်ဗျားကို ဒုက္ခသည် စခန်းထဲကို ပို့ပစ်သလား။
၁၅။ ခင်ဗျားကို အလုပ်မပေးတာတို့၊ ကျောင်းဝင်ခွင့်မပေးတာတို့ ရှိသလား။
၁၆။ လူမှုဝန်ထမ်းကိစ္စတွေမှာ မပါဝင်ဖို့ ပြောဆိုထားတာမျိုးရှိသလား။
၁၇။ ခင်ဗျားကို စောင့်ကြည့်နေသလား။ ရဲက ခင်ဗျားကို ခဏခဏ ခေါ်မေးမြန်းတာတွေ ရှိသလား။
၁၈။ ခင်ဗျားကို သူလျှို အတင်း လုပ်ခိုင်းသလား။
၁၉။ ခင်ဗျားရဲ့ လွတ်လပ်ခွင့် ရုတ်သိမ်းခံရသလား။
၂၀။ ခင်ဗျားကို ထုတ်ပယ် နှိမ်ကျင်ထားသလား။
၂၁။ ခင်ဗျား ဘာသာရေး ကိုးကွယ်မှုကို ပိတ်ပင်တာမျိုး ရှိသလား။
၂၂။ ခင်ဗျား လမ်းပေါ်မှာ လမ်းလျှောက်တဲ့အချိန်၊ ဘက်စကား စီးတဲ့အချိန်တို့မှာ နှုတ်နဲ့ ရိုင်းရိုင်းပြပြ စော်ကားတာမျိုး ရှိသလား။
၂၃။ ခင်ဗျားရဲ့ အဖွဲ့နဲ့ ပတ်သက်ပြီး သတင်းစာထဲတို့၊ လမ်းဘေး နံရံတွေမှာ ဆန့်ကျင်တဲ့ အရေးအသားတွေ၊ အပြုအမူတွေ ရှိသလား။
၂၄။ ခင်ဗျားကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မတရား ဆက်ဆံတာ ရှိသလား။

No comments: