Friday, March 27, 2009

အစိုးရတွေဟာ သံရုံးရှေ့ ဆန္ဒပြတာကို အရေးစိုက်တယ်လို့ တရားသူကြီးက မယုံကြည်ပါဘူး

ဒန်ခန် ဆိုသူနဲ့ ဂွန်ဇဲလပ် ရဲ့ ၂၀၀၇ စတုထ္ထ အဆင့် တရားရုံးတော် အမှုမှာ ကန်မရွန်းဆိုတဲ့ တိုင်းပြည်က မစ္စက် ဒန်ခန် က ၀ါရှင်တန်ဒီစီမှာရှိတဲ့ သူ့ရဲ့ သံရုံးရှေ့မှာ ဆန္ဒပြခဲ့လို့ သူ့ရဲ့ အစိုးရက သိသွားပြီးတော့ သူ့ကို စိတ်ဆိုးမယ်၊ ပြီးတော့ သူ့ကို ဒဏ်ခတ်မယ်ဆိုတာကို သေသေချာချာ နားလည်ထားခဲ့ပါတယ်။ ဒါပေမယ့် တရားသူကြီးက ခင်ဗျားရဲ့ အစိုးရက ဘာတွေ သိတယ်၊ ဘာလို ထင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ခိုင်လှုံတဲ့ အထောက်အထားမရှိပါဘူးလို့ ဆိုပါတယ်။ ဘယ်သူကမှ ခင်ဗျားပြောတာကို ထောက်ခံထားတာမရှိပါဘူး။ သံရုံးထဲက ခင်ဗျားကို ကြည့်နေတယ်ဆိုတာကို ပြတဲ့ ဓာတ်ပုံ တပုံမှ မရှိပါဘူး။ ဘယ်သူကမှ ခင်ဗျား တိုင်းပြည်က ခင်ဗျား အမျိုးသားကိုပဲဖြစ်ဖြစ်၊ ကြက်ခြံထဲက ကြက်ကိုပဲဖြစ်ဖြစ် ဒုက္ခခံပြီး စိတ်မ၀င်စားဘူး။ ဒုက္ခပေးမနေပါဘူး။ ခင်ဗျားက ထင်ပေါ် မကျော်ကြားမနေပါဘူး။ ခင်ဗျားရေဒီယိုတွေမှာ ပြောနေတာမျိုးလဲ မရှိပါဘူး။ ဘယ်သူမှာ ခင်ဗျား ဘယ်သူလဲဆိုတာ မသိဘူး။ ဒါကြောင့် ခင်ဗျား ရှုံးပါတယ်။

No comments: