Tuesday, May 4, 2010

တရုတ်နိုင်ငံက မစ္စတာ လီယု နိုင်ငံရေး ခိုလှုံခွင့် ငြင်းပယ်ခံရ

မစ္စတာ လီယုက တရားသူကြီးကို သူ့ရဲ့ အမျိုးသမီးဟာ သူ့ရဲ့ လှုပ်ရှားမှုတွေကို ကိုယ်တိုင်သိကြောင်း ပြောပြပါတယ်။ သူဟာ ဟောင်ကောင် ဒီမိုကရေစီ အဖွဲ့မှာ တက်ကြွသူစြဖ်ကြောင်း၊ သူဟာ ၂၀၀၃ခုနှစ်မှာ ဆေးရုံးတင်ရကြောင်း စသဖြင့်ပေါ့။
တရားသူကြီးက “ဟုတ်လား။ စိတ်ဝင်စားစရာပဲ။ ဘယ်မှာလဲ ခင်ဗျား အမျိုးသမီးရဲ့ စာတို့၊ ဟောင်ကောင် ဒီမိုကရေစီ အဖွဲ့က ရေးပေးထားတဲ့စာတို့၊ ဆေးရုံ မှတ်တမ်းတို့။”

မစ္စတာ လီယုက ကျွန်တော့်မှာ အဲဒါတွေ မရှိပါဘူးလို့ ပြောပါတယ်။

တရားသကြီး။ ။ “ခင်ဗျား အမျိုးသမီတို့၊ အဲဒီအဖွဲ့တို့၊ ဆေးရုံးတို့ကနေ စာတွေ တောင်းရဲ့လား၊” “ ပြီးတော့ ခင်ဗျား ပိုက်ဆံ ၁၀ဒေါ်လာ၊ အချိန် ၁၀မိနစ် သုံးပြီးတော့ အဲဒီစာတွေရအောင် အားစိုက်ခဲ့ရဲ့လား။”

လီယု။ ။ “မတောင်းခ့ပါဘူး၊ ကျွန်တော် အလုပ်ကို တရားမ၀င်ပဲ လုပ်နေရလို့ အလုပ်ရှုတ်နေပါတယ်။ ပြီးတော့ အိပ်တယ်။ စားတယ်။ တီဗွီကြည့်တယ်။ ကျွန်တော့် ခိုလှုံခွင့် ကိစ္စထပ် အရေးကြီးတဲ့ အလုပ်တွေအများကြီး ရှိပါတယ်။”

တရားသူကြီက ခင်ဗျားတော့ ရှုံးပြီး။ ခင်ဗျားကို တိုင်းပြည် ပြန်လွှတ်မယ်။ အဲဒါဆို ခင်ဗျားမှာ စားဖို့၊ အိပ်ဖို့၊ တီဗွီကြည့်ဖို့ အချိန်တွေ အများကြီး။ ခင်ဗျား တိုင်းပြည်ဟောင်းမှာ ပြန်သုံးပေးတော့။

No comments: