Tuesday, May 4, 2010

စီရယ်ရာ လီရုံးတိုင်းပြည်က လှုပ်ရှားသူတဦး

နိုင်ငံရေး ခိုလှုံခွင့် အရာရှိက သိချင်ပါတယ်။

ခင်ဗျားရဲ့ နိုင်ငံကူး လက်မှတ်တွေမှာ ဘာတွေ ရေးထားသလဲ။
ခင်ဗျား ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေအကြောင်းပြောပြပါ။
ဘယ်ကိုသွားခဲ့တာလဲ။ ဘယ်လောက်ကြာကြာလဲ။ နိုင်ငံရေး ခိုလှုံခွင့်ကို ဘာလို့ ဗြိတိန်တို့ ပြင်သစ်တို့၊ ဗယ်လ်ဂျီယံတို့မှာ မလျှောက်ခဲ့တာလဲ။ ၏

အမေရိကားကို ဘာလို့ လာတာလဲ။ အမေရိကန်ကို မရောက်လာခင်ကတည်းက နိုင်ငံရေး ခိုလှုံခွင့် လျှောက် ဖို့ လုပ်လာခဲ့တာလား။ ဘာဖြစ်လို့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်တာလဲ။
ဘယ်သူကို ကြောက်တာလဲ။ ဘာလို့ ခင်ဗျား အစိုးရကို ကြောက်တာလဲ။

ခင်ဗျား တိုင်းပြည်ကို ပြန်သွားရင် ဘာတွေ ဖြစ်မှာလဲ။

ဘာဖြစ်လို့ သူတို့က ခင်ဗျားကို နှိပ်စက်မှာလဲ။
ခင်ဗျားကို ဘယ်လို ချိန်းခြောက်သလဲ။ လူဆိုးတွေက ခင်ဗျားကို ဘာတွေ ပြောသလဲ။
လူဆိုးတွေလာတော့ သူတို့က ဘယ်လို ၀တ်စားထားတာလဲ။
သူတို့မှာ လက်နက်တွေ ပါလာတာလား။ ဘယ်လို လက်နက်တွေလဲ။ သူတို့က ဘာပြောသလဲ။

ဘယ်လို လက်နက်တွေနဲ့ ဘယ်လို စကားလုံးတွေလဲ။ လူဆိုးတွေ ရောက်လာတော့ အဲဒီအိမ်မှာ ဘယ်သူတွေ ရှိနေတာလဲ။
ခင်ဗျားကို ရိုက်တုန်းက ခင်ဗျားရဲ့ အမျိုးသားက ဘယ်မှာလဲ။ သူတို့က ရိုက်နေတဲ့ အချိန်မှာ ဘာတွေ ပြောသလဲ။

ခင်ဗျား ရဲတိုင်ခဲ့သလား။ ခင်ဗျားကို ရဲက ဘာပြောသလဲ။
ရဲက ဘာတွေလုပ်ခဲ့သလဲ။ အင်တာဗျူးတာတို့၊ ထောက်လှမ်း စစ်ဆေးတာတို့။ ခင်ဗျားလိုမျိုး အခြေအနေရှိတဲ့ တခြားလူတွေရော နှိပ်စက်ခံရတာမျိုး ရှိသလား။ ဘယ်လိုမျိုးလဲ။ ဘယ်တုန်းကလဲ။
ခင်ဗျားကို ဘာလို့ တိုက်ခိုက်ရတာလဲ။ သူတို့ ဘာတွေ စဉ်းစားနေမလဲဆိုတာကို ခင်ဗျားက ဘယ်လိုလုပ်သိသလဲ။
ခင်ဗျားစီက ပိုက်ဆံတွေကို လုသွားသေးတာလား။ အဲဒါဆို သူတို့ က ငွေလိုချင်လို့ပေါ့။ အဲဒါဆို သူတို့က သာမန် လူဆိုးတွေပေါ့။

ခင်ဗျား အမေဟာ ခင်ဗျားကြောင့် ဒုက္ခရောက်ခဲ့တာလား။
ပြင်သစ်မှာ ခင်ဗျားရှိတုန်းက ဘာလို့ နိုင်ငံရေး ခိုလှုံခွင့် မလျှောက်ခဲ့တာလဲ။ ပြီးခဲ့တဲ့ ၂လတုန်းက ခင်ဗျား တိုင်းပြည်မှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ခင်ဗျား အမျိုးသားက ဘာပြောသလဲ။
ခင်ဗျား ပြန်သွားတဲ့အခါ လေဆိပ်မှာ ဘာတွေ ဖြစ်မှာလဲ။ ခင်ဗျား ပြဿနာက နံပတ် ၁ မြို့မှာ ဆိုရင် ဘာလို့ နံပတ် ၂ မြို့ကို ပြောင်း မနေတာလဲ။ နံပါတ် ၃ မြို့ကိုလည်း သွားနေလဲ ရတာပဲ။ ဘာပြောချင်သေးလဲ။ ပြောချင်တယ်။ ဘာပြောချင်တုန်း။

စိတ်ဝင်စားစရာပဲ။ ဘာပြောချင်သေးလဲ။

No comments: