Thursday, September 18, 2008

မိသားစုဆီက လာတဲ့ စာက ကိုယ်ပြောထားတဲ့ အချက်တွေနဲ့ မကိုက်ညီရင်တော့ ခိုလှုံခွင့် ရမှာ မဟုတ်ဘူး

တရားသူကြီးက ဘူရန်ဒီနိုင်ငံက မစ္စတာ ဘီ ဟာ နိုင်ငံရေးခိုလှုံခွင့် မရနိုင်ဘူးလို့ စီရင်ချက် ချပါတယ်။ သူက တွတ်ဆီလူမျိုး တ၀တ် ဖြစ်ပြီး၊ အရိုက်ခံရတယ်၊ ဆေးရုံ နှစ်ခါ တက်ရတယ်။ သူမှာ ဆေးရုံ မှတ်တမ်း ရှိတယ်။ သူရဲ့ အဖေက ထောင်အချခံရတယ်။ သူ့ အစ်ကိုက အသတ်ခံရတယ်။ ဒါပေမယ့် သူ ခိုလုံခွင့် မရဘူး။ ဘယ်လိုလုပ် ဖြစ်ရတာလဲ။

သူ့ရဲ့ မိသားစုဆီကလာတဲ့ စာထဲမှာ မစ္စတာ ဘီပြောတဲ့ အသေးစိတ် အချက်အလက်တွေနဲ့ မတူတဲ့ အချက်တွေ ပါနေပါတယ်။

၁။ မစ္စတာ ဘီ က သူ့အစ်ကိုနဲ့ အမကို ဆေးရုံမသွားခင်မှာ တွေ့ပါတယ်လို့ ပြောတယ်။ ဒါပေမယ့် သူ့အစ်ကိုနဲ့ အစ်မက ဆေးရုံမှာပဲ မစ္စတာ ဘီကို တွေ့တယ်လို့ ပြောတယ်။

၂။ မစ္စတာ ဘီက သူ အဖမ်းခံရပြီး ထောင်ချခံရတယ်လို့ ပြောတယ်။ အဖေရဲ့ စာထဲမှာတော့ တခြား အကြောင်းတွေ ပြောထားပေမယ့် မစ္စတာ ဘီရဲ့ ထောင်ချခံရတဲ့ အကြောင်းကိုတော့ မပြောထားပါဘူး။

၃။ဆေးရုံမှတ်တမ်းထဲမှာ မစ္စတာ ဘီရဲ့ လက်ဟာ အပူလောင်ထားတယ်လို့ ပြထားပါတယ်။ ဒါပေမယ့် သူ ဘာကြောင့် အပူလောင်ခဲ့ရတာလဲ။ လူဆိုးတွေက မစ္စတာ ဘီရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လက်ကို အပူလောင်စေခဲ့တာလား။ ဘယ်သူသိမှာလဲ။ ဟင်းချက်ရင်းနဲ့ မတော်တဆ အပူလောင်ခဲ့တာလဲ ဖြစ်နိုင်တာပဲ။

No comments: