Monday, September 1, 2008

ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းများ

နိုင်ငံရေး ခိုလှုံခွင့်ရုံးက အရာရှိက မေးခွန်းတွေ ပိုမေးပါတယ်။

ဘာကြောင့် ဆန္ဒပြပါသလဲ။
အမေရိကားမှာ ဆန္ဒ ဘယ်နှစ်ကြိမ် ပြခဲ့ပါသလဲ။
ပါမောက္ခသန်းဆိုတာ ဘယ်သူပါလဲ။
ဘာဖြစ်လို့ သူက ဆန္ဒပြရတာပါလဲ။
ဗမာပြည်မှာ ဆန္ဒပြချင်တယ်လို့ သူက ပြောပါသလား။
သူဟာ အကျဉ်းချခံရပါသလား။ ဘာကြောင့်လဲ။

ဘယ်သူက အမေရိကားရဲ့ ဆန္ဒပြပွဲတွေကို စုစည်းလှုံ့ဆော်တာလဲ။
ခင်ဗျားက ဘယ်သူနဲ့ ဆန္ဒပြခဲ့တာလဲ။
နောက်နေ့ ဆန္ဒပြမယ့် ရက်တွေကို ဘယ်လို သိအောင်လုပ်သလဲ။
ဆန္ဒပြတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။
ဆန္ဒပြတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ လူသွားလမ်းမှာ ရပ်မယ်၊ ဗမာပြည် လွတ်မြောက်ပါစေ လို့ ရေးထားတဲ့ ဆိုင်းပုဒ်ကြီးကြီးကို ကိုင်ပြီး၊ ဗမာပြည်လွတ်မြောက်ပါစေလို့ ဆိုတဲ့ စကားလုံးတွေကို အကျယ်ကြီး အော်တာကို ပြောတာလား။

ခင်ဗျားအစ်ကိုက ဘာဖြစ်လို့ ဖမ်းခံရတာလဲ။
အစိုးရက သူ့ရဲ့ လုပ်ရပ်တွေကို ဘယ်လိုလုပ် သိသွားရတာလဲ။
ဗမာပြည်ထဲက အစ်ကိုဆီကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းပစ္စယတွေ ပို့တာဟာ အန္တရာယ်မကြီးဘူးလား။
အဲဒါဆိုဘာဖြစ်လို့ ပို့သေးလဲ။
ဘာဖြစ်လို့ ကိုယ့်အစ်ကိုကို အန္တရာယ်ဖြစ်အောင် လုပ်တာလဲ။

ခင်ဗျား အမေရိကားမှာ ဆန္ဒပြခဲ့တယ်လို့ ပြောလား။
တခြား ဆန္ဒပြသူတယောက်ဆီက ထောက်ခံစာ ခင်ဗျားမှာ ရှိသလား။
ဘာဖြစ်လို့ ဆန္ဒ စပြဖို့ ဆုံးဖြတ်ခဲ့တာလဲ။
ခင်ဗျား အစ်ကိုကို ဘယ်မှာ ဖမ်းထားတာလဲ။
အစ်ကိုက ထောင်ချခံလိုက်ရတာလား။
ဘာဖြစ်လို့ ခင်ဗျား မသိဘူးလို့ ပြောတာလဲ။
သူကို ထောင်ချလိုက်ပြီဆိုတဲ့ အမေဆီကလာတဲ့ စာဟာ ဘယ်တုန်းကလဲ။
ခင်ဗျား အမေဆီက စာ ဖတ်ပြီးပြီလား။
ကိုယ်ရဲ့ လျှောက်လွှာမှာ ထည့်ထားတဲ့အချက်တွေကို သိရဲ့လား။
ခင်ဗျား အစ်ကို တခြား ဘာဖြစ်သေးလဲ။

ခင်ဗျား တိုင်းပြည်ကို ပြန်ရင် ဘာတွေ ဖြစ်နိုင်သလဲ။
ဘာဖြစ်လို့ အဲဒါတွေ ဖြစ်နိုင်တာလဲ။
ခင်ဗျား လူသွားလမ်းမှာ ဆန္ဒပြတုန်းက အစိုးရက ခင်ဗျားနာမည်ကို ဘယ်လိုလုပ် သိသွားတာလဲ။
ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ် ဓာတ်ပုံဟာ အစိုးရစီမှာ ရှိသလား။
အဲဒါဆိုရင် အဲဒီ ဓာတ်ပုံတွေနဲ့ ဆန္ဒပြသူတွေကို နှိုင်းယှဉ်ကြည့်နိုင်တာပေါ့။ တခြားဘာရှိသေးသလဲ။ တခြား
…….။



No comments: