Friday, November 6, 2009

ကန်မရွန်းနိုင်ငံမှ ဆန္ဒပြသမား

နိုင်ငံရေး ခိုလှုံခွင့်အရာရှိက ကန်မရွန်းနိုင်ငံက ဘာမှ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာ မရထားခဲ့တဲ့ ဆန္ဒပြသမားကို မေးခွန်းတွေ မေးပါတယ်။
၁။ ခင်ဗျားရဲ့ ဒွာလာမြို့က လိပ်စာက ဘာလဲ။ လမ်းနာမည်၊ အိမ်နံပါတ် မရှိဘဲနဲ့ ရဲက ခင်ဗျားကို ဘယ်လိုလုပ် လိုက်ရှာတုန်း။ ရက်ကွက်ထဲက လူတွေကို ခင်ဗျားဘယ်မှာနေတာလဲလို့ လိုက်မေးတာလား။
၂။ ခင်ဗျားမှာ နိုင်ငံရေး အယူအဆ ရှိတာလား။ ဘာတုန်း။
၃။ ခင်ဗျားပြောတော့ ခင်ဗျားဟာ SDF ကို ထောက်ခံတယ်လို့ ဆိုတယ်။ ထောက်ခံသူနဲ့ အသင်းဝင်ဆိုတာ ဘာကွဲတာလား။
၎။ ခင်ဗျားက ဘာဖြစ်လို့ အသင်းဝင် မဟုတ်တာလဲ။
၅။ အစိုးရနဲ့ ခင်ဗျားကြား ဘာအခက်အခဲတွေ ရှိခဲ့တာလဲ။
၆။ ဘယ်လို ဆန္ဒပြတာလဲ။ ဘာလုပ်ခဲ့တာလဲ ထူးထူးခြားခြား။ ခင်ဗျား လမ်းမှာ ခင်ဗျားရဲ့ ထရပ်ကားကို ရပ်လိုက်မယ်။ ပြီးတော့ ရပ်ပြီး ကြွေးကြော်သံတွေ ဆိုမယ် အဲဒါလား။
၇။ တခြား ဆန္ဒပြသမားတွေက ဘာလုပ်သလဲ။
၈။ သူတို့တွေရဲ့ နာမည်တွေကို သိတာလား။
၉။ အဲဒီထဲက တယောက်က ခင်ဗျားကို ထောက်ခံစာရေးပေးထားသလား။ ဘယ်သူမှ မရေးပေးဘူးလား။ ဘာဖြစ်လို့လဲ။ ခင်ဗျားကို ရေးပေးဖို့ရော မေးဖူးရဲ့လား။
၁၀။ ၂၀၀၉ မတ်လမှာ ခင်ဗျားရဲ့ မိန်းမ က ဘာပြောတာလဲ။ သူပြောပြနေတုန်းက ခင်ဗျားရဲ့ စိတ်ထဲ ဘာတွေ ဖြစ်သွားသလဲ။
၁၁။ အစိုးရက ခင်ဗျားကို ဘာဖြစ်လို့ လိုက်ရှာနေတာလဲ။ အရေးကြီးလို့လား။
၁၂။ အစိုးရက အခုချိန်ထိ ခင်ဗျားကို စိတ်ဝင်စားနေတုန်းလား။ ၂နှစ်တောင်ကြာတဲ့အထိတောင် စိတ်ဝင်စားနေတုန်းလား။

ခင်ဗျားရဲ့ ပြည်ဝင်ခွင့် ဗီဇာ

ခင်ဗျား ခရီးသွားဗီဇာကို ဘယ်လို ရအောင် ယူခဲ့သလဲ။ ခင်ဗျား ၂မျက်နှာရှိတဲ့ လျှောက်လွှာကို ဖြည့်ခဲ့သလား။ အဲဒီလျှောက်လွှာနံပါတ်က DS 156 လား။
- အဖြေတွေကို ရေးဖြည့်ခဲ့တယ် မဟုတ်လား။ ဒီလျှောက်လွှာက ပြီးခဲ့တဲ့၂နှစ်လောက်က ခင်ဗျား ဖြည့်ခဲ့တဲ့ လျှောက်လွှာ မဟုတ်လား။

-[နိုင်ငံရေး ခိုလှုံခွင့် အရာရှိက အဲဒီလူ ဖြည့်ခဲ့တဲ့ ၂မျက်နှာရှိတဲ့ လျှောက်လွှာကို ဘယ်လို ရပါသလဲ။ ]
အမေရိကန် သံရုံးကို ကိုယ်တိုင်သွားခဲ့တာလား။ ဘယ်နှစ်ကြိမ် သွားခဲ့တာလဲ။ ဘာတွေ ပြောခဲ့သလဲ။ သံရုံးက လူက ဘာမေးသလဲ။ ခင်ဗျားက ဘာတွေ ဖြေခဲ့သလဲ။ ခင်ဗျား ညာပြောခဲ့သလား။

ခင်ဗျား မနက်ဖြန်ပဲ ပြန်ရင် ဘာဖြစ်မလဲ။ ခင်ဗျားကို သူတို့က ဖမ်းမယ်လို့ ဘာလို့ ထင်ရတာလဲ။
ခင်ဗျား တိုင်းပြည်က ထွက်လာပြီးနောက်ပိုင်း ခင်ဗျားရဲ့ အမျိုးသမီးက ဘာတွေ ခံစားရသလဲ။ ဘာဖြစ်လို့လဲ။
ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်ကို အသေးစိတ်ကြည့်စို့။ ဒီမှာ ရှိတဲ့ နေ့စွဲ တခုချင်းက ဘာကို ဆိုလိုတာလဲ။ အကြိမ်တိုင်းမှာ ခင်ဗျားက ဘယ်မြို့မှာ ရှိနေတာလဲ။
ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်က ခင်ဗျားအကြောင်းကို ပိုသိတာလား။ ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်က ခင်ဗျားထက် ပိုသိနေတာလား။ ဘာပြောစရာ ရှိသေးလဲ။

ဟုတ်ပါပြီ၊ ဘာတွေ ပြောစရာ ရှိသေးသလဲ။

No comments: