Tuesday, April 21, 2009

ရုရှားက လူမဲ အမှု နောက်ဆက်တွဲ

ဘယ်သူက ခင်ဗျားကို ဘာလို့ ရိုက်တာလဲ။ ဘယ်သူက ခင်ဗျားအိမ်ကို ဓားပြလာတိုက်တာလဲ။ ဘာဖြစ်လို့လဲ။ ယူရီ ကို ရိုက်တယ်။ ဘယ်သူက ရိုက်တာလဲ။ ဘာဖြစ်လို့လဲ။


အစိုးရ ရှေ့နေက နောက်ဆုံး တရားသူကြီးထံ အပြီးသတ် လျှောက်လဲချက်


သူဟာ အနည်းငယ်သာ ညှင်းပန်းနှိပ်စက်ခံရတာဖြစ်ပါတယ်။ ကိုယ်ထိလက်ရောက် အစော်ကားမခံရဘူး၊ အရိုက်မခံရဘူး၊ ဆေးရုံ စရိတ်မရှိခဲ့ပါဘူး။ သူဟာ နှလုံးသားကိုရော၊ စိတ်ပိုင်းအရရောပါ အနှိပ်စက်ခံရတယ်လို့ ပြောပေမဲ့၊ အဲဒါတွေအတွက် စိတ်ရောဂါကု ဆရာဝန်ကို တခါမှ သွားမပြခဲ့ရဘူးလို့လည်း ပြောပါတယ်။ သူဟာ အလုပ်လုပ်နိုင်ခဲ့တယ်။ ကျောင်းသွားနိုင်ခဲ့တယ်။ အိမ်ငှားနေနိုင်ခဲ့တယ်။ ခရီးသွားနိုင်ခဲ့တယ်။ သူရဲ့ သူငယ်ချင်းဟာလည်း မုခင်းတခုမှာ ဒုက္ခရောက်ခဲ့ရတယ်ဆိုပေမဲ့ ရဲကို သတင်းမပို့ခဲ့ပါဘူး။
သတင်းပေးပို့ဖို့ ပျက်ကွက်တာဟာ အရေးကြီးပါတယ်။ ရဲကိုမှ သတင်းမပို့ခဲ့ရင်၊ ဘယ်လိုလုပ် သူတို့ကို ကူညီလို့ ရမလဲ။ သူရဲ့ အစိုးရက သူ့ကို မမုန်းပါဘူး။ အစိုးရက သူ့ကို ခရီးသွားလက်မှတ် ထုတ်ပေးတယ်။ ခရီးသွားလာခွင့်ပြုတယ်။ တိုင်းပြည်ထဲကို ပြန်ဝင်လာခွင့်လဲ ပေးခဲ့တယ်။ ဒါတွေဟာ အစိုးရက သူ့ကို မမုန်းဘူးဆိုတာကို ပြနေတာပါ။ တိုင်းပြည်ကနေ ထွက်လာပြီးမှ သူက အန္တရယ် ရှိပါတယ် ပြောတယ်။ ပြီးတော့လဲ ပြန်သွားတာပဲ။ ဒါဟာ သူ့ရဲ့ တိုင်းပြည်က အန္တရယ်မရှိပါဘူးလို့ ပြောနေတာပါ။ ဘယ်လိုလူက အန္တရယ်ရှိတဲ့ တိုင်းပြည်ကို စိတ်တိုင်းကျ ပြန်ချင်မှာလဲ။

No comments: